ပုဂံဘုရားမ်ားေပၚတက္ေရာက္ရသည့္ ေလွကားမ်ားကို ပိတ္ရန္ စာရင္းမ်ားေကာက္ယူလွ်က္ရွိ

0
211

 

မႏၱေလး၊ဒီဇင္ဘာ ၂၂၊၂၀၁၇

ပုဂံေဒသရွိ ဘုရားမ်ားေပၚသို႔ တက္ေရာက္ရသည့္ ေလွကားမ်ားတြင္ သံပန္း သံဇကာမ်ား ကာသြားမည္ျဖစ္ၿပီး တက္ေရာက္ႏိုင္သည့္ ဘုရားအေရအတြက္စာရင္းမ်ား စာရင္းေကာက္ယူေနေၾကာင္း ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) က သိရသည္။

စာရင္းေကာက္ယူမႈကို ႏိုဝင္ဘာလက စတင္ခဲ့ၿပီး ဒီဇင္ဘာလ ၂၁ ရက္ေန႔ အထိ ဘုရားအဆူ (၈၀) ခန္႔ရွိသြားၿပီျဖစ္ကာ သံပန္း သံဇကာမ်ား တပ္ဆင္ ရန္ ရန္ပံုေငြ ရရွိအမႈအေပၚမူတည္၍ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ႏိုငံက ဗုဒၶဘာသာႏိုင္ငံျဖစ္တယ္ ။ ဘာသာေရးအရ ၾကည့္မယ္ဆိုရင္ ကိုယ္ေတြအထြဋ္အျမတ္ထားတဲ့ ဘုရားေစတီေပၚမွာ တက္တာမျဖစ္သင့္ဘူး။ဘာလို႔လဲဆိုေတာ့ ဘုရားေစတီထဲမွာ ထည့္ထားတဲ့ ႒ာပနာေတြရွိတယ္။ဒါက ဘာသာေရးအရျဖစ္တယ္” ဟု ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ) မွ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

ထို႔အျပင္ ဘုရားမ်ားအေနျဖင့္ ေရွးေဟာင္းအေမြအႏွစ္ ဘုရားေစတီမ်ား ျဖစ္သည့္အတြက္ ဘုရားမ်ား၏ ၾကံ့ခိုင္မႈမ်ားေၾကာင့္ ဘုရားေပၚ တက္ေရာက္ခြင့္ ပိတ္ျခင္းျဖစ္ေၾကာင္း ဦးေအာင္ေအာင္ေက်ာ္ က ထပ္မံေျပာသည္။

“ဘုရား႒ာပနာဆိုတာ ကြမ္းေတာင္တို႔ ဘုရားရဲ႕ ေခါင္းတို႔မွာထည့္တာ။ ဘုရင္ေတြ စၿပီး ဘုရားတည္ကတည္းက သူတို႔ တက္ေစခ်င္ရင္ ေလွကားေလးလုပ္ေပးတယ္။မတက္ေစခ်င္ရင္ ေလွကားမလုပ္ေပးဘူး။ ဘုရားဒကာေတြကေတာင္ ခြင့္ျပဳတယ္။ၾကံ့ခိုင္မႈရွိတဲ့ ဘုရားေတြကို တက္ခြင့္ျပဳသင့္တယ္” ဟု ပုဂံၿမိဳ႕မွ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သည့္ ဦးရဲျမင့္က ေျပာသည္။

ခရီးသည္မ်ားအေနျဖင့္ ဘုရားေပၚတက္ေရာက္ေသာေၾကာင့္ ဘုရားေပၚမွ လိမ့္က်သည့္ျဖစ္စဥ္ (၄) ခုကို ယခုႏွစ္အတြင္း ျဖစ္ပြားခဲ့ဖူးေၾကာင္း ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံဌာနခြဲ) က သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၂၊၂၀၁၇

ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ရသည့် လှေကားများတွင် သံပန်း သံဇကာများ ကာသွားမည်ဖြစ်ပြီး တက်ရောက်နိုင်သည့် ဘုရားအရေအတွက်စာရင်းများ စာရင်းကောက်ယူနေကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။

စာရင်းကောက်ယူမှုကို နိုဝင်ဘာလက စတင်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ အထိ ဘုရားအဆူ (၈၀) ခန့်ရှိသွားပြီဖြစ်ကာ သံပန်း သံဇကာများ တပ်ဆင် ရန် ရန်ပုံငွေ ရရှိအမှုအပေါ်မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ် ။ ဘာသာရေးအရ ကြည့်မယ်ဆိုရင် ကိုယ်တွေအထွဋ်အမြတ်ထားတဲ့ ဘုရားစေတီပေါ်မှာ တက်တာမဖြစ်သင့်ဘူး။ဘာလို့လဲဆိုတော့ ဘုရားစေတီထဲမှာ ထည့်ထားတဲ့ ဋ္ဌာပနာတွေရှိတယ်။ဒါက ဘာသာရေးအရဖြစ်တယ်” ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ထို့အပြင် ဘုရားများအနေဖြင့် ရှေးဟောင်းအမွေအနှစ် ဘုရားစေတီများ ဖြစ်သည့်အတွက် ဘုရားများ၏ ကြံ့ခိုင်မှုများကြောင့် ဘုရားပေါ် တက်ရောက်ခွင့် ပိတ်ခြင်းဖြစ်ကြောင်း ဦးအောင်အောင်ကျော် က ထပ်မံပြောသည်။

“ဘုရားဋ္ဌာပနာဆိုတာ ကွမ်းတောင်တို့ ဘုရားရဲ့ ခေါင်းတို့မှာထည့်တာ။ ဘုရင်တွေ စပြီး ဘုရားတည်ကတည်းက သူတို့ တက်စေချင်ရင် လှေကားလေးလုပ်ပေးတယ်။မတက်စေချင်ရင် လှေကားမလုပ်ပေးဘူး။ ဘုရားဒကာတွေကတောင် ခွင့်ပြုတယ်။ကြံ့ခိုင်မှုရှိတဲ့ ဘုရားတွေကို တက်ခွင့်ပြုသင့်တယ်” ဟု ပုဂံမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးရဲမြင့်က ပြောသည်။

ခရီးသည်များအနေဖြင့် ဘုရားပေါ်တက်ရောက်သောကြောင့် ဘုရားပေါ်မှ လိမ့်ကျသည့်ဖြစ်စဉ် (၄) ခုကို ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ဖူးကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။

နိုင်လင်းဦး

 

Leave a Reply