မိုးေကာင္းနွင့္ နမၼတီးအၾကား အမွတ္​(၉၃၃)အဆန္​၊ကုန္ရထားတိမ္းေမွာက္

0
184

 

ရန္ကုန္၊ ဒီဇင္ဘာ ၂၂ ၊ ၂၀၁၇

ကခ်င္ျပည္နယ္၊မိုးညွင္းခရိုင္၊မိုးေကာင္း ဘူတာနွင့္ နမၼတီးဘူတာ အၾကားတြင္ ဒီဇင္ဘာလ (၂၁)ရက္ေန႔ည(၉)နာရီ(၄၀)မိနစ္
အခ်ိန္၌ အမွတ္(၉၃၃)အဆန္ရထားတစ္စီးတိမ္းေမွာက္ခဲ့​ေၾကာင္​း မိုး​ေကာင္​းရဲတပ္​ဖြဲ႔စခန္​းမွစံုစမ္​းသိ႐ွိရသည္​။

မနၱ​ေလးမွ ျမစ္​ႀကီးနားသို႔ သြားမည္​့ ျမန္​မာ့မီးရထား အမွတ္​(၁)တိုင္​း
စက္ေခါင္းေမာင္း၊ဦးခင္ေမာင္ၾကည္ေမာင္းနွင္လာေသာအမွတ္(၉၃၃) အဆန္​ကုန္ရထားသည္ မိုး​ေကာင္​းဘူတာႏွင္​့ နမၼတီးဘူတာ အၾကားရွိ
မိုင္တိုင္အမွတ္(၆၈၉/၆)ႏွင့္ (၆၈၉/၉)အၾကားတြင္ မ​ေတာ္​တဆမႈျဖစ္​ပြား​ကာတိမ္းေမွာက္ခဲ့ျခင္​းျဖစ္​သည္​။

“လက္​ရွိဘာ​ေၾကာင္​့ျဖစ္​တယ္​ဆိုတာ ကၽြမ္​းက်င္​သူ ဌာနဆိုင္​ရာ​ေတြ
စစ္​​ေဆး​ေနတုန္​းပါ။ဝန္​ထမ္​း​ေၾကာင္​့ျဖစ္​တာလား။စက္​ခ်ိဳ႕ယြင္​းမႈ​ေၾကာင္​့ လားဆိုတာ အခုစစ္​​ေနတယ္​။ရဲလုပ္​ငန္​းစဥ္​အ​ေနနဲ႔ အ​ေရးယူမႈပိုင္​း မ​ေရာက္​​ေသးဘူး​”ဟုမိုး​ေကာင္​းစခန္​းမွဴးဒုရဲမွဴးသန္​းထိုက္​က ပဥၥမလိႈင္​းမီဒီယာ၏ ဆက္​သြယ္​​ေမးျမန္​းခ်က္​ကို​ေျဖၾကားသည္​။

ရထားတိမ္​း​ေမွာက္မႈတြင္စက္ေခါင္းတြဲ၏ေနာက္(၇)တြဲေျမာက္ျဖစ္ေသာ
(GBHAH 40868)သည္ တြဲဘီး(၂)ဘီး ေခ်ာ္က်ၿပီး(GBHAH 40826/
GBHAH 40835/GBHAH 40855)တို႔မွာညာဘက္သို ့လဲက်ခဲ့ကာ
(GBHAH 40861)မွာညာဘက္သို ့(၄၅)ဒီဂရီတိမ္းေစာင္းသြားခဲ့သည္​။

ထိုသို ့ကုန္ရထားမေတာ္တဆျဖစ္ပြားခဲ့သျဖင့္မီးရထားသံလမ္း(၄)ဆက္
ပ်က္စီးခဲ့ရၿပီး ရထားလမ္းပိတ္ဆို႔မႈ ျဖစ္ပြားခဲ့သျဖင့္ျမန္မာ့မီးရထားမွ တာဝန္ရွိသူမ်ားမွ ခရီးသည္မ်ားသြားလာမႈအဆင္ေျပေစရန္အတြက္
အခ်ိန္နွင့္တေျပးညီေဆာင္ရြက္ခဲ့ေပးရာရထားမ်ားအခ်ိန္ေျဟင္းလဲ
ေျပးဆြဲေပးမည္ျဖစ္ၿပီးအမွတ္(၄၂)အစုန္လူစီးရထားနွင့္အမွတ္(၅၈)အစုန္လူစီးရထားခရီးစဥ္မ်ားကိုဒီဇင္ဘာလ(၂၂)ရက္ေန႔တြင္ေျပးဆြဲျခင္းမျပဳ
ဘဲရပ္နားသြားမည္ျဖစ္ေၾကာင္း မိုး​ေကာင္​းရဲတပ္​ဖြဲ႔စခန္​းမွဴး
ဒုရဲမွဴးသန္​းထိုက္​၏​ေျပာၾကားခ်က္​အရသိရသည္​။

ျမတ္​ဟိန္​း​ေက်ာ္​

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ၊ ၂၀၁၇

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်း ဘူတာနှင့် နမ္မတီးဘူတာ အကြားတွင် ဒီဇင်ဘာလ (၂၁)ရက်နေ့ည(၉)နာရီ(၄၀)မိနစ်
အချိန်၌ အမှတ်(၉၃၃)အဆန်ရထားတစ်စီးတိမ်းမှောက်ခဲ့​ကြောင်​း မိုး​ကောင်​းရဲတပ်​ဖွဲ့စခန်​းမှစုံစမ်​းသိရှိရသည်​။

မန္တ​လေးမှ မြစ်​ကြီးနားသို့ သွားမည်​့ မြန်​မာ့မီးရထား အမှတ်​(၁)တိုင်​း
စက်ခေါင်းမောင်း၊ဦးခင်မောင်ကြည်မောင်းနှင်လာသောအမှတ်(၉၃၃) အဆန်​ကုန်ရထားသည် မိုး​ကောင်​းဘူတာနှင်​့ နမ္မတီးဘူတာ အကြားရှိ
မိုင်တိုင်အမှတ်(၆၈၉/၆)နှင့် (၆၈၉/၉)အကြားတွင် မ​တော်​တဆမှုဖြစ်​ပွား​ကာတိမ်းမှောက်ခဲ့ခြင်​းဖြစ်​သည်​။

“လက်​ရှိဘာ​ကြောင်​့ဖြစ်​တယ်​ဆိုတာ ကျွမ်​းကျင်​သူ ဌာနဆိုင်​ရာ​တွေ
စစ်​​ဆေး​နေတုန်​းပါ။ဝန်​ထမ်​း​ကြောင်​့ဖြစ်​တာလား။စက်​ချို့ယွင်​းမှု​ကြောင်​့ လားဆိုတာ အခုစစ်​​နေတယ်​။ရဲလုပ်​ငန်​းစဉ်​အ​နေနဲ့ အ​ရေးယူမှုပိုင်​း မ​ရောက်​​သေးဘူး​”ဟုမိုး​ကောင်​းစခန်​းမှူးဒုရဲမှူးသန်​းထိုက်​က ပဥ္စမလှိုင်​းမီဒီယာ၏ ဆက်​သွယ်​​မေးမြန်​းချက်​ကို​ဖြေကြားသည်​။

ရထားတိမ်​း​မှောက်မှုတွင်စက်ခေါင်းတွဲ၏နောက်(၇)တွဲမြောက်ဖြစ်သော
(GBHAH 40868)သည် တွဲဘီး(၂)ဘီး ချော်ကျပြီး(GBHAH 40826/
GBHAH 40835/GBHAH 40855)တို့မှာညာဘက်သို ့လဲကျခဲ့ကာ 
(GBHAH 40861)မှာညာဘက်သို ့(၄၅)ဒီဂရီတိမ်းစောင်းသွားခဲ့သည်​။

ထိုသို ့ကုန်ရထားမတော်တဆဖြစ်ပွားခဲ့သဖြင့်မီးရထားသံလမ်း(၄)ဆက် 
ပျက်စီးခဲ့ရပြီး ရထားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့်မြန်မာ့မီးရထားမှ တာဝန်ရှိသူများမှ ခရီးသည်များသွားလာမှုအဆင်ပြေစေရန်အတွက်
အချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ပေးရာရထားများအချိန်ဟြေင်းလဲ
ပြေးဆွဲပေးမည်ဖြစ်ပြီးအမှတ်(၄၂)အစုန်လူစီးရထားနှင့်အမှတ်(၅၈)အစုန်လူစီးရထားခရီးစဉ်များကိုဒီဇင်ဘာလ(၂၂)ရက်နေ့တွင်ပြေးဆွဲခြင်းမပြု
ဘဲရပ်နားသွားမည်ဖြစ်ကြောင်း မိုး​ကောင်​းရဲတပ်​ဖွဲ့စခန်​းမှူး 
ဒုရဲမှူးသန်​းထိုက်​၏​ပြောကြားချက်​အရသိရသည်​။

မြတ်​ဟိန်​း​ကျော်​

Leave a Reply