ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် မော်တော်ယာဉ်များ ၀ယ်ယူမှု သေချာစိစစ်ရန် လိုအပ်
0
163
၂၀၁၈ ခုနှစ် ၆ လ အတွက်ငွေလုံးငွေရင်း အသုံးစရိတ်မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ဧည့်ကြိုရန်အတွက် ကျပ်သန်း ၁၀၀ တန်ဖိုးရှိသော Toyota Ford ကား ၁၀ စီး ၊ တိုင်းဒေသကြီးလွှတ်တော် လက်ထောက်ညွှန်မှူးများ အတွက် ကျပ် ၃၅ သန်းတန် Saloon ၂ စီး၊ ကျပ်သန်း ၅၀ တန် Minibus ၁ စီး၊ တိုင်းစာရင်းစစ်ချုပ်ရုံးအတွက် ကျပ်သန်း ၂၀ တန် Toyota ကား ၄ စီး ၊ ထွေ / အုပ် ဦးစီးဌာနအတွက် ကျပ်သန်း ၅၀ တန် Double Cab ၈ စီး ၊ ငါးလုပ်ငန်းဦးစီးဌာန အတွက် ၆၂ သန်းတန် Hyundai ၁ စီး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အတွက် ကျပ် ၁၁ သန်းတန် Mini Truck ၂ စီး ၊ ကျပ် ၅၆ သန်းကျော်တန် Minibus ၁ စီး ၊ စီမံကိန်းရေးဆွဲရေး ဌာနအတွက် ကျပ် ၄၇ သန်းကျော်တန် Toyota Corolla ကား ၁ စီး၊ ဗဟိုစာရင်းအင်းအဖွဲ့ရုံသုံးရန် အတွက် ကျပ်သန်း ၄၀ တန် Toyota Wish ၁ စီး၊ လမ်းဦးစီးဌာန အတွက် ကျပ်သန်း ၆၀ တန် Hilux Vigo Double Cab ၆ စီး၊ စည်ပင်သာယာရေးအဖွဲ့များအတွက် ကျပ် ၄၅ သန်းတန် Minibus ၁ စီး၊ ကျပ်သန်း ၇၀ တန် Double Cab ၆ စီး စုစုပေါင်း ကား ၄၄ စီးအတွက် ကျပ်သန်းပေါင်း ၂၆၅၂ သန်းကျော်ဖိုး သုံးစွဲရန် တောင်းခံခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧည့်ကြိုရန်အတွက် မှာထားသည့် ကားများသည် တစ်စီးလျှင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိပြီး ၅ စီးခန့် လျောချလိုက်ပါက သိန်း ၅၀၀၀ ခန့် သက်သာသွားမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကဆိုသည်။
ဖြိုးဖြိုး
ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊၂၀၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၈ ခုနှစ် ၆ လ အတွက် ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်း ၂၆၀၀ ကျော်ဖိုး သုံးစွဲကာ မော်တော်ယာဉ်များ ၀ယ်ယူမှုမှာ သေချာစိစစ်ပြီးမှ ၀ယ်ယူသင့်ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ပြည်သူဘတ်ဂျတ်က ရုံးသုံးဘတ်ဂျတ်ဖြစ်နေတယ်လေ။ ရုံးသုံးခြေတွေများတာပေါ့။ ရုံးသုံးစရိတ် များတာပေါ့ ။အဲတာတွေလည်း ကျွန်တော်ပြောခဲ့ပါတယ်။ အစိုးရအဖွဲ့ကတော့မလျော့တော့ဘူး။ ငွေကတော့များတာပေါ့။ သေချာစိစစ်ဖို့တော့လိုတယ်။အမှန်ကတော့ ရုံးသုံးချိန်ဆိုတာကတော့ လိုအပ်တဲ့ဌာနလည်းလိုမှာပါ ဒါပေမဲ့ ဌာနတွေအတွက်ဝယ်တာ မူဝါဒကမရှိဘူးဖြစ်နေတယ်” ဟုဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဥိီးကျော်ဇေယျ ကပြောသည်။
၂၀၁၈ ခုနှစ် ၆ လ အတွက်ငွေလုံးငွေရင်း အသုံးစရိတ်မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ဧည့်ကြိုရန်အတွက် ကျပ်သန်း ၁၀၀ တန်ဖိုးရှိသော Toyota Ford ကား ၁၀ စီး ၊ တိုင်းဒေသကြီးလွှတ်တော် လက်ထောက်ညွှန်မှူးများ အတွက် ကျပ် ၃၅ သန်းတန် Saloon ၂ စီး၊ ကျပ်သန်း ၅၀ တန် Minibus ၁ စီး၊ တိုင်းစာရင်းစစ်ချုပ်ရုံးအတွက် ကျပ်သန်း ၂၀ တန် Toyota ကား ၄ စီး ၊ ထွေ / အုပ် ဦးစီးဌာနအတွက် ကျပ်သန်း ၅၀ တန် Double Cab ၈ စီး ၊ ငါးလုပ်ငန်းဦးစီးဌာန အတွက် ၆၂ သန်းတန် Hyundai ၁ စီး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အတွက် ကျပ် ၁၁ သန်းတန် Mini Truck ၂ စီး ၊ ကျပ် ၅၆ သန်းကျော်တန် Minibus ၁ စီး ၊ စီမံကိန်းရေးဆွဲရေး ဌာနအတွက် ကျပ် ၄၇ သန်းကျော်တန် Toyota Corolla ကား ၁ စီး၊ ဗဟိုစာရင်းအင်းအဖွဲ့ရုံသုံးရန် အတွက် ကျပ်သန်း ၄၀ တန် Toyota Wish ၁ စီး၊ လမ်းဦးစီးဌာန အတွက် ကျပ်သန်း ၆၀ တန် Hilux Vigo Double Cab ၆ စီး၊ စည်ပင်သာယာရေးအဖွဲ့များအတွက် ကျပ် ၄၅ သန်းတန် Minibus ၁ စီး၊ ကျပ်သန်း ရ၀ တန် Double Cab ၆ စီး စုစုပေါင်း ကား ၄၄ စီးအတွက် ကျပ်သန်းပေါင်း ၂၆၅၂ သန်းကျော်ဖိုး သုံးစွဲရန် တောင်းခံခြင်းဖြစ်သည်။
“တကယ်လိုလားမလိုလားဆိုတာကို ကျွန်တော်တို့သိချင်တယ်။ အသေးစိတ်ပြောပြဖို့တော့လိုတာပေါ့။ စိစစ်ဖို့တော့လိုတာပေါ့။ ကြိုပို့ဆိုတာကလည်း ရှိတဲ့ကားတွေကရှိနေတယ်။ လက်ရှိစီးနေတဲ့ ကားတွေလည်းရှိနေတယ်။တကယ်လိုတယ်ဆိုရင်တော့ တကယ်သုံးသပ်ပြီးမှ ၀ယ်ဖို့လိုတယ်” ဟုသင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောသည်။
တိုင်းဒေသကြီးအစိုးရ အနေဖြင့် ယခုကဲ့သို့ မော်တော်ယာဉ်များ ၀ယ်ယူရန်အတွက် ငွေကြေးအမြောက်အမြားသုံးစွဲမှုကို ပြည်သူများက ဝေဖန်မှုများရှိခဲ့သည်။
“ကားစျေးတွေကြီးနေတယ်ဆိုပြီး ဝေဖန်နေတာတွေက ဥပမာပြောပြရရင် အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့် စီးတဲ့ကားဆိုရင် သီးသန့်ထုတ်ထားတာ စျေးအရမ်းကြီးတယ်။ အဲလိုမျိုးပေါ့ ။ နိုင်ငံတကာက အကြီးအကဲတွေလာမယ်။ အရေးကြီးပုဂ္ဂိုလ်တွေလာမယ်ဆိုရင် သာမန် ကားမျိုးသုံးမတာမျိုးရှိတယ်။ တကယ်လိုရင်ဝယ်ရတယ်။ ၀ယ်တော့မယ် ဆိုရင် ဘယ်မှာသုံးမှာလဲ ဘယ်လိုသုံးမှာလဲဆိုတာ သေချာစိစစ်ပြီး မရှင်းပြတဲ့အတွက် အများပြည်သူအမြင်မှာ မရှင်းဖြစ်သွားတာတယ်”ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧည့်ကြိုရန်အတွက် မှာထားသည့် ကားများသည် တစ်စီးလျှင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိပြီး ၅ စီးခန့် လျောချလိုက်ပါက သိန်း ၅၀၀၀ ခန့် သက်သာသွားမည်််ဖြစ်ကြောင်း ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကဆိုသည်။
” ၅ စီးလောက်လျှော့လိုက်ရင် သိန်း ၅၀၀၀ လောက် သက်သာသွားမယ် ။ သိန်း ၅၀၀၀ ပိုလာမှာပေါ့ ” ဟု ဦးကျော်ဇေယျကဆက်ပြောသည်။
ဖြိုးဖြိုး
Leave a Reply