နစ္ျမဳပ္သမၺာန္မွ ေပ်ာက္ဆံုးေနသူသံုးဦးအနက္ တစ္ဦးအေလာင္းေတြ႔ရွိ

0
173

 

ရန္ကုန္၊ ဒီဇင္ဘာ ၂၂၊၂၀၁၇

ဒီဇင္ဘာ ၂၀ ရက္၊ နံနက္ပိုင္းက မေတာ္္တဆမႈေၾကာင့္ ရန္ကုန္ျမစ္အတြင္း နစ္ျမွပ္ခဲ့သည့္သမၺာန္ေပၚမွ ေပ်ာက္ဆံုးေနသူသံုးဦးအနက္ တစ္ဦး၏ အေလာင္းကို ယေန႔နံနက္ပိုင္းက ရွာေဖြေတြ႔ရွိိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရုပ္အေလာင္းကို မေတာ္တဆမႈ ျဖစ္ပြားၿပီး သံုးရက္ၾကာတြင္ ျပန္လည္ေတြ႔ရွိခဲ့ျခင္းျဖစ္ၿပီး ေတြ႔ရွိအေလာင္းမွာ ဒလၿမိဳ႕နယ္တြင္ ေနထိုင္သူ အမ်ဳိးသားတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

“မနက္ေလးနာရီေလာက္က ဒလဖက္ကူးတဲ့ ပန္းဆိုးတန္း သေဘၤာဆိပ္နားမွာ တစ္ေလာင္းေတြ႔တယ္။ေတြ႔တဲ့အေလာင္းက ဒလမွာေနတဲ့သူတစ္ေယာက္ပါ။ က်န္တဲ့အေလာင္းေတြကို ဆက္ ရွာေဖြေနပါတယ္” ဟု ကမာကဆစ္ သမၺာန္အသင္း ဥကၠ႒ဦးျမင့္ထူး က ေျပာသည္။

ဒီဇင္ဘာ ၂၀ ရက္ မနက္ ၃နာရီခြဲခန္႔က ဒလၿမိဳ႕နယ္ ကမာကဆစ္သမၺာန္ ဆိပ္မွ ရန္ကုန္ၿမိဳ႕၊ပန္းဆိုးတန္းဆိပ္ကမ္းသို႔ ခရီးသည္ ၁၃ ဦး တင္ေဆာင္ လာေသာ သဗၼာန္တစ္စင္းသည္ ရန္ကုန္ျမစ္အတြင္းတိမ္းေမွာက္သြားခဲ့ရာမွ သံုးဦးေပ်ာက္ဆံုးေနၿပီး ရွာေဖြမႈမ်ား ျပဳလုပ္ေနျခင္းလည္းျဖစ္သည္။
ေပ်ာက္ဆံုးေနသည့္သံုးဦးသည္ က်ားႏွစ္ေယာက္ႏွင့္ မ တစ္ေယာက္ၿပီး က်ားႏွစ္ဦးတြင္ သမၺာန္ေမာင္းသူတစ္ဦး ပါဝင္ၿပီး ယေန႔နံနက္ပိုင္းတြင္ ေပ်ာက္ဆံုးသူမ်ားထဲမွ တစ္ဦးရုပ္အေလာင္းကို ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊၂၀၁၇

ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက မတော််တဆမှုကြောင့် ရန်ကုန်မြစ်အတွင်း နစ်မြှပ်ခဲ့သည့်သမ္ဗာန်ပေါ်မှ ပျောက်ဆုံးနေသူသုံးဦးအနက် တစ်ဦး၏ အလောင်းကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းကို မတော်တဆမှု ဖြစ်ပွားပြီး သုံးရက်ကြာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိအလောင်းမှာ ဒလမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

“မနက်လေးနာရီလောက်က ဒလဖက်ကူးတဲ့ ပန်းဆိုးတန်း သင်္ဘောဆိပ်နားမှာ တစ်လောင်းတွေ့တယ်။တွေ့တဲ့အလောင်းက ဒလမှာနေတဲ့သူတစ်ယောက်ပါ။ ကျန်တဲ့အလောင်းတွေကို ဆက် ရှာဖွေနေပါတယ်” ဟု ကမာကဆစ် သမ္ဗာန်အသင်း ဥက္ကဋ္ဌဦးမြင့်ထူး က ပြောသည်။

ဒီဇင်ဘာ ၂၀ ရက် မနက် ၃နာရီခွဲခန့်က ဒလမြို့နယ် ကမာကဆစ်သမ္ဗာန် ဆိပ်မှ ရန်ကုန်မြို့၊ပန်းဆိုးတန်းဆိပ်ကမ်းသို့ ခရီးသည် ၁၃ ဦး တင်ဆောင် လာသော သဗ္မာန်တစ်စင်းသည် ရန်ကုန်မြစ်အတွင်းတိမ်းမှောက်သွားခဲ့ရာမှ သုံးဦးပျောက်ဆုံးနေပြီး ရှာဖွေမှုများ ပြုလုပ်နေခြင်းလည်းဖြစ်သည်။
ပျောက်ဆုံးနေသည့်သုံးဦးသည် ကျားနှစ်ယောက်နှင့် မ တစ်ယောက်ပြီး ကျားနှစ်ဦးတွင် သမ္ဗာန်မောင်းသူတစ်ဦး ပါဝင်ပြီး ယနေ့နံနက်ပိုင်းတွင် ပျောက်ဆုံးသူများထဲမှ တစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply