မူးယစ္ရဲမွ ပါး႐ိုက္စစ္ေဆးသည့္အတြက္ တရားရံုးသို႔ ဦးတိုက္ေလွ်ာက္

0
208

မႏၱေလး၊ဒီဇင္ဘာ ၂၂၊ ၂၀၁၇

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးဖမ္းစီးေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ ရဲတပ္သား က ပါး႐ိုက္စစ္ေဆးသည့္အတြက္ ပါးရိုက္ခံရသူမွ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ ၿမိဳ႕နယ္တရားရံုးသို႔ ရာဇသတ္ႀကီးပုဒ္မ ၃၂၃ ျဖင့္ ဦးတိုက္ေလွ်ာက္ထား တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၈ ရက္ေန႔က သပိတ္က်င္းၿမိဳ႕နယ္ ဇရပ္ကြင္း ေက်းရြာေန ကိုၿငိမ္းခ်မ္းဝင္းမွာ ဇနီး ၊ သမီးႏွင့္အတူ (၇) မိုင္ေက်းရြာ အနီးအေရာက္တြင္ မူးယစ္ေဆးဝါး ဖမ္းဆီးေရးလုပ္ငန္း လုပ္ေဆာင္ေန သည္ကို ဆိုင္ကယ္ ဦးထုပ္ စစ္ေဆးမည္အထင္ေၾကာင့္ ေနာက္ျပန္လွည့္ ခဲ့သည္။ထို႔ေနာက္ ၎က ျပန္လွည့္လာရာ မူးယစ္အဖြဲ႕မွ ရဲတပ္သား စိန္ျမင့္က ကိုၿငိမ္းခ်မ္းဝင္းအား ပါး႐ိုက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

“ပါး႐ိုက္တာဆိုေတာ့ ကြဲၿပဲမသြားေပမယ့္ လူတစ္ေယာက္ရဲ႕သိကၡာ က်ဆင္းေစတယ္။မူးယစ္ေဆးဝါး နဲ႔ မဆက္ႏြယ္တဲ့ ျပည္သူေတြကို ႏိုင္ထက္စီးနင္းလုပ္ေနတယ္ဆိုတာ အမ်ားသိေစခ်င္တယ္ ။ လက္မခံဘူး ။ ေကာင္းေရာင္းေကာင္းဝယ္နဲ႔ လုပ္စားေနတဲ့ျပည္သူကို အႏိုင္က်င့္တယ္ ထင္လို႔ ကြ်န္ေတာ္တို႔က တရားရံုးဦးတိုက္ေလွ်ာက္တိုင္ၾကားရတာျဖစ္တယ္ ။” ဟု ကိုၿငိမ္းခ်မ္းဝင္ ၏ ဦးေလးျဖစ္သူ ဦးခ်စ္ၫႊန္႔က ေျပာသည္။

ယင္းသို႔ဦးတိုက္ေလွ်ာက္ထားမႈကို သပိတ္က်င္းၿမိဳ႕နယ္ ဒုၿမိဳ႕နယ္ တရားသူႀကီးက တရားရံုးရာဇဝတ္ႀကီးမႈအမွတ္(၆၈၆/၂၀၁၇) ျဖင့္ လက္ခံစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၂၊ ၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းစီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ရဲတပ်သား က ပါးရိုက်စစ်ဆေးသည့်အတွက် ပါးရိုက်ခံရသူမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြို့နယ်တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၃၂၃ ဖြင့် ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း ကျေးရွာနေ ကိုငြိမ်းချမ်းဝင်းမှာ ဇနီး ၊ သမီးနှင့်အတူ (၇) မိုင်ကျေးရွာ အနီးအရောက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်း လုပ်ဆောင်နေ သည်ကို ဆိုင်ကယ် ဦးထုပ် စစ်ဆေးမည်အထင်ကြောင့် နောက်ပြန်လှည့် ခဲ့သည်။ထို့နောက် ၎င်းက ပြန်လှည့်လာရာ မူးယစ်အဖွဲ့မှ ရဲတပ်သား စိန်မြင့်က ကိုငြိမ်းချမ်းဝင်းအား ပါးရိုက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပါးရိုက်တာဆိုတော့ ကွဲပြဲမသွားပေမယ့် လူတစ်ယောက်ရဲ့သိက္ခာ ကျဆင်းစေတယ်။မူးယစ်ဆေးဝါး နဲ့ မဆက်နွယ်တဲ့ ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်နေတယ်ဆိုတာ အများသိစေချင်တယ် ။ လက်မခံဘူး ။ ကောင်းရောင်းကောင်းဝယ်နဲ့ လုပ်စားနေတဲ့ပြည်သူကို အနိုင်ကျင့်တယ် ထင်လို့ ကျွန်တော်တို့က တရားရုံးဦးတိုက်လျှောက်တိုင်ကြားရတာဖြစ်တယ် ။” ဟု ကိုငြိမ်းချမ်းဝင် ၏ ဦးလေးဖြစ်သူ ဦးချစ်ညွှန့်က ပြောသည်။

ယင်းသို့ဦးတိုက်လျှောက်ထားမှုကို သပိတ်ကျင်းမြို့နယ် ဒုမြို့နယ် တရားသူကြီးက တရားရုံးရာဇဝတ်ကြီးမှုအမှတ်(၆၈၆/၂၀၁၇) ဖြင့် လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply