ရေနံပိုက်လိုင်းလုံခြုံရေးစခန်းများကို တိုက်ခိုက်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှုသည် စွပ်စွဲချက်သာဖြစ်ဟု TNLA ပြောဆို
0
159
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးဆောင်ရွက်နေသည့် စခန်းများကို တိုက်ခိုက်ဟု တပ်မတော်၏ ထုတ်ပြန်ချက်သည် စွပ်စွဲချက်သာဖြစ်ကြောင်း ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာ့ဖုန်းကျော်ကပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့်ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်နေသည့် စခန်းများကိုဒီဇင်ဘာ ၂၁ရက်နေ့ နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ၂၁ရက်နေ့ ၊နံနက် ၇နာရီ၄၀မိနစ်ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းအား KIA/TNLA မှ အင်အား၅၀ဦး ခန့်သည် နေရာသုံးနေရာမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ် ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ရာ ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
TNLAအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးNCA စာချုပ် တွင် လက်မှတ်ရေးထိုးရခြင်းမရှိသေးပဲ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့FPNCCအဖွဲ့ဝင်ဖြစ်ပြီး FPNCC အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းအတွက်ဆွေးနွေးမည်ဟု အစိုးရထံတောင်းဆို ထားသည်။
ကိုဥာဏ်
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ၊၂၀၁၇
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြံုရေးဆောင်ရွက်နေသည့် လုံခြံုရေးဆောင်ရွက်နေသည့် စခန်းများကို တိုက်ခိုက်ဟု တပ်မတော်၏ ထုတ်ပြန်ချက်သည် စွပ်စွဲချက်သာဖြစ်ကြောင်း ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာ့ဖုန်းကျော်ကပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့်ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းလုံခြံုရေး ဆောင်ရွက်နေသည့် စခန်းများကိုဒီဇင်ဘာ ၂၁ရက်နေ့ နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
“တပ်မတော်အနေနဲ့ စွပ်စွဲချက်သက်သက်ပဲ ။အထင်လွဲပြီးပြောတာ။ ရေနံပိုက်လိုင်းကိုလုပ်စရာမရှိဘူး “ဟု ဗိုလ်မှူးကြီး တာ့ဖုန်းကျော်က ငြင်းဆိုသည်။
တပ်မတော်အနေဖြင့် လမ်းများပိတ်ဆို့ခြင်းနှင့် ဒေသခံများထံသို့ ရောင်းချမည့်ဆန်များကို သယ်ယူခွင့်မပေးခြင်းများရှိပြီး ယင်းအကြောင်း ကြောင့် TNLAနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းသာဖြစ်ကြောင်းဆိုသည်။
ဒီဇင်ဘာ၂၁ရက်နေ့ ၊နံနက် ရနာရီ၄၀မိနစ်ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြံုရေးစခန်းအား KIA/TNLA မှ အင်အား၅၀ဦး ခန့်သည် နေရာသုံးနေရာမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ် ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ရာ ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ၏ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်၍လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
TNLAတပ်ရင်း ၄၇၈နှင့် တပ်မတော် တပ်မ၈၈တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း TNLAမှ ဘက်မှဒီဇင်ဘာ ၂၁ ရက်နေ့တွင်ပင် သတင်းထုတ်ပြန်ထားသည်။
မန်တုံမြို့နယ် ဟိုနားကျေးရွာတွင်ယနေ့နံနက်ပိုင်းက တပ်မတော်နှင့် TNLAတို့ ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွား နေကြောင်း တာ့ဖုန်းကျော်က ပြောသည်။
TNLAအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးNCA စာချုပ် တွင် လက်မှတ်ရေးထိုးရခြင်းမရှိသေးပဲ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရဖွဲ့ပါ၀င်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့FPNCCအဖွဲ့ဝင်ဖြစ်ပြီး FPNCC အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းအတွက်ဆွေးနွေးမည်ဟု အစိုးရထံတောင်းဆို ထားသည်။
ကိုဉာဏ်
Leave a Reply