ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ဒုက္ခသည်များအားပြန်လည် လက်ခံရာ၌ အကြမ်းဖက်သမားများပါဝင်လာမှုမရှိစေရန် ဆောင်ရွက်ထား

0
158

 

ေနျပည္ေတာ္၊ဒီဇင္ဘာ ၂၂၊၂၀၁၇

ရခုိင္ေဒသအတြင္း အၾကမ္းဖက္ျဖစ္စဥ္မ်ားေၾကာင့္ ဘဂၤလားေဒ႔ရွ္ ႏုိင္ငံသုိ့ ေရာက္ရွိေနသည့္ ဒုကၡသည္မ်ားအား ျပန္လည္စိစစ္လက္ခံရာ၌ အၾကမ္းဖက္သမားမ်ား ပါဝင္လာမႈ မရွိေစရန္ ေဆာင္ရြက္ထားေၾကာင္း ရခုိင္ဝန္ႀကီးခ်ဳပ္ အပါအဝင္ လူကယ္ျပန္ဝန္ႀကီးႏွင့္ အလုပ္သမားဝန္ႀကီး တုိ႔က ေျပာသည္။

“ျပန္လက္ခံဖုိ႔ဆုိတာ သူတုိ႔ကုိေသခ်ာစိစစ္ၿပီးေတာ့မွ သူတုိ့ကုိ ထပ္ၿပီးေတာ့ စိစစ္မယ့္ေနရာေတြကုိပုိ႔သြားမွာပါ။ ေဒသခံျပည္သူေတြ အေနနဲ႔ ျပန္ဝင္ လာမယ့္ သူေတြကုိ စုိးရိမ္ဖုိ႔ေတာ့ မလုိေလာက္ဘူးလုိ႔ ထင္ပါတယ္။ မဝင္လာခင္ေသခ်ာစိစစ္ၿပီးေတာ့မွ လက္ခံမွာဆုိေတာ့ေလ၊ စုိးရိမ္စရာ မလုိပါဘူး”ဟု ရခုိင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာသည္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရာက္ ဒုကၡသည္မ်ားအား လာမည့္ ဇန္နဝါရီလမွ စတင္ၿပီး ျပန္လည္လက္ခံႏုိင္ရန္ ႏွစ္ႏုိင္ငံသေဘာတူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

“အၾကမ္းဖက္သမား အဖြဲ႔ေတြ လူဦးေရ စာရင္းေတြ ကုိလဲ ျပည္ထဲေရးနဲ႔ သက္ဆုိင္ရာေတြကေနျပီးေတာ့ စိစစ္တယ္။ အဲ႔စာရင္းေတြကုိလဲ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ကုိပုိ႔ထားတယ္။ ေဖာ္ထုတ္ဖမ္းဆီးေပးဖုိ႔ေပါ့။ ကုိယ့္မွာလဲ စာရင္းဇယားေတြရွိတဲ့အခါက်ေတာ့ ဟုိဘက္က စာရင္းေတြ ပုိ႔လာၿပီဆုိရင္ ဒီလူေတြက အၾကမ္းဖက္သမားေတြလုိ႔ ျဖစ္တယ္ဆုိရင္ ဥပေဒနဲ႔ အညီ အေရးယူသြားမွာပါပဲ။ အျပည္ျပည္ဆုိင္ရာ မွာလဲပဲ အၾကမ္းဖက္တယ္ဆုိရင္ေတာ့ တည္ဆဲဥပေဒကုိ ခ်ဳိးေဖာက္တယ္ ဆုိရင္ေတာ့ အားလုံးအေရးယူၾကတဲ႔အပုိင္းပဲ ျဖစ္ပါတယ္။ ရွိတဲ့ စာရင္းေတြ ကုိ ေသခ်ာစိစစ္လက္ခံမွာ ျဖစ္တဲ႔အတြက္ အၾကမ္းဖက္သမားေတြ ပါလာဖုိ႔ နည္းတယ္လုိ႔ပဲေျပာလုိ႔ပဲေျပာ ခ်င္ပါတယ္”ဟု အလုပ္သမား လူဝန္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။

ျပန္လည္လက္ခံေရးေဆာင္ရြက္ရာ၌ ၁၉၉၃ ခုႏွစ္ သေဘာတူညီခ်က္ပါ အခ်က္အလက္မ်ားျဖင့္ လက္ခံမည္ျဖစ္ျပီး သေဘာတူညီခ်က္မ်ားထဲ၌ ဘဂၤလားေဒ့ရွ္ ႏုိင္ငံေရာက္ရွိေနသည့္ ဒုကၡသည္သည္ ျမန္မာႏုိင္ငံမွ သြားေရာက္သူမ်ားျဖစ္ရန္၊ ကုိယ္တုိင္ျပန္လာခ်င္သူမ်ားျဖစ္ရန္၊ ျမန္မာႏုိင္ငံသုိ႔ေရာက္ရွိမည္ဆုိပါက တည္ဆဲဥပေဒမ်ားအား လုိက္နာရန္ႏွင့္ ဒုကၡသည္အျဖစ္ေရာက္ရွိေနခ်ိန္ေမြးဖြားသည့္ ကေလးငယ္မ်ားကုိ (ဘဂၤလားေဒ့ရွ္) သက္ဆုိင္ရာဌာနအဆင့္ဆင့္မွ ေထာက္ခံခ်က္မ်ား လုိအပ္ေၾကာင္း ဦးသိန္းေဆြမွ သေဘာတူညီခ်က္ပါ အခ်က္အခ်ဳိ႕အား ရွင္းျပခဲ႔သည္။

“ဘဂၤလားေဒ့ရွ္ ႏုိင္ငံေရာက္ရွိေနတဲ့ ျမန္မာျပည္မွာ ေနထုိင္ခဲ့တဲ့ ဒုကၡသည္ေတြကုိ ဝန္ႀကီးဌာနေတြက စာရင္းဇယားေတြနဲ႔ ေသခ်ာစိစစ္ျပီးလက္ခံသြားမွာပါ။ ျပန္လည္လက္ခံမယ့္ စခန္းေတြကုိလဲ သြားေရာက္စစ္ေဆးမႈေတြလုပ္ေနပါၿပီး။ က်ေနာ္တုိ႔လည္း ကုိယ္တိုင္ ေရာက္ခဲ့ပါတယ္။ အျမန္ဆုံးျပန္လည္လက္ခံဖုိ႔လုပ္ေနပါတယ္”ဟု လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

ဒုကၡသည္မ်ား ျပန္ စီစစ္လက္ခံႏုိင္ရန္ ေတာင္ၿပဳိလက္ဝဲ စခန္းႏွင့္ ငါးခူရ စခန္း တုိ႔ကုိ ဖြင့္လွစ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊တစ္ေန႔လွ်င္ ပ်မ္းမွ် ၁၅၀ ဦးအား စစ္ေဆးလက္ခံႏုိင္ရန္ေဆာင္ရြက္ကာ သက္ဆုိင္ရာ ဌာနမ်ား၏ စစ္ေဆးမႈမ်ားခံယူႏုိင္ရန္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ ေျပာသည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ဒီဇင်ဘာ ၂၂၊၂၀၁၇

ရခိုင်ဒေသအတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များအား ပြန်လည်စိစစ်လက်ခံရာ၌ အကြမ်းဖက်သမားများ ပါဝင်လာမှု မရှိစေရန် ဆောင်ရွက်ထားကြောင်း ရခိုင်ဝန်ကြီးချုပ် အပါအဝင် လူကယ်ပြန်ဝန်ကြီးနှင့် အလုပ်သမားဝန်ကြီး တို့က ပြောသည်။

“ပြန်လက်ခံဖို့ဆိုတာ သူတို့ကိုသေချာစိစစ်ပြီးတော့မှ သူတို့ကို ထပ်ပြီးတော့ စိစစ်မယ့်နေရာတွေကိုပို့သွားမှာပါ။ ဒေသခံပြည်သူတွေ အနေနဲ့ ပြန်ဝင် လာမယ့် သူတွေကို စိုးရိမ်ဖို့တော့ မလိုလောက်ဘူးလို့ ထင်ပါတယ်။ မဝင်လာခင်သေချာစိစစ်ပြီးတော့မှ လက်ခံမှာဆိုတော့လေ၊ စိုးရိမ်စရာ မလိုပါဘူး”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ဒုက္ခသည်များအား လာမည့် ဇန်နဝါရီလမှ စတင်ပြီး ပြန်လည်လက်ခံနိုင်ရန် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“အကြမ်းဖက်သမား အဖွဲ့တွေ လူဦးရေ စာရင်းတွေ ကိုလဲ ပြည်ထဲရေးနဲ့ သက်ဆိုင်ရာတွေကနေပြီးတော့ စိစစ်တယ်။ အဲ့စာရင်းတွေကိုလဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုပို့ထားတယ်။ ဖော်ထုတ်ဖမ်းဆီးပေးဖို့ပေါ့။ ကိုယ့်မှာလဲ စာရင်းဇယားတွေရှိတဲ့အခါကျတော့ ဟိုဘက်က စာရင်းတွေ ပို့လာပြီဆိုရင် ဒီလူတွေက အကြမ်းဖက်သမားတွေလို့ ဖြစ်တယ်ဆိုရင် ဥပဒေနဲ့ အညီ အရေးယူသွားမှာပါပဲ။ အပြည်ပြည်ဆိုင်ရာ မှာလဲပဲ အကြမ်းဖက်တယ်ဆိုရင်တော့ တည်ဆဲဥပဒေကို ချိုးဖောက်တယ် ဆိုရင်တော့ အားလုံးအရေးယူကြတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ရှိတဲ့ စာရင်းတွေ ကို သေချာစိစစ်လက်ခံမှာ ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေ ပါလာဖို့ နည်းတယ်လို့ပဲပြောလို့ပဲပြော ချင်ပါတယ်”ဟု အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ပြန်လည်လက်ခံရေးဆောင်ရွက်ရာ၌ ၁၉၉၃ ခုနှစ် သဘောတူညီချက်ပါ အချက်အလက်များဖြင့် လက်ခံမည်ဖြစ်ပြီး သဘောတူညီချက်များထဲ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက်ရှိနေသည့် ဒုက္ခသည်သည် မြန်မာနိုင်ငံမှ သွားရောက်သူများဖြစ်ရန်၊ ကိုယ်တိုင်ပြန်လာချင်သူများဖြစ်ရန်၊ မြန်မာနိုင်ငံသို့ရောက်ရှိမည်ဆိုပါက တည်ဆဲဥပဒေများအား လိုက်နာရန်နှင့် ဒုက္ခသည်အဖြစ်ရောက်ရှိနေချိန်မွေးဖွားသည့် ကလေးငယ်များကို (ဘင်္ဂလားဒေ့ရှ်) သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ ထောက်ခံချက်များ လိုအပ်ကြောင်း ဦးသိန်းဆွေမှ သဘောတူညီချက်ပါ အချက်အချို့အား ရှင်းပြခဲ့သည်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက်ရှိနေတဲ့ မြန်မာပြည်မှာ နေထိုင်ခဲ့တဲ့ ဒုက္ခသည်တွေကို ဝန်ကြီးဌာနတွေက စာရင်းဇယားတွေနဲ့ သေချာစိစစ်ပြီးလက်ခံသွားမှာပါ။ ပြန်လည်လက်ခံမယ့် စခန်းတွေကိုလဲ သွားရောက်စစ်ဆေးမှုတွေလုပ်နေပါပြီး။ ကျနော်တို့လည်း ကိုယ်တိုင် ရောက်ခဲ့ပါတယ်။ အမြန်ဆုံးပြန်လည်လက်ခံဖို့လုပ်နေပါတယ်”ဟု လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဒုက္ခသည်များ ပြန် စီစစ်လက်ခံနိုင်ရန် တောင်ပြိုလက်ဝဲ စခန်းနှင့် ငါးခူရ စခန်း တို့ကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တစ်နေ့လျှင် ပျမ်းမျှ ၁၅၀ ဦးအား စစ်ဆေးလက်ခံနိုင်ရန်ဆောင်ရွက်ကာ သက်ဆိုင်ရာ ဌာနများ၏ စစ်ဆေးမှုများခံယူနိုင်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြောသည်။

ယဉ်ကေနွယ်

Leave a Reply