ရုိက္တာသတင္းေထာက္ ၂ ဦးႏွင့္ မိသားစု၀င္မ်ား တရားရုံးထုတ္ရမာန္ယူခ်ိန္၌ ေတြ႔ဆုံခြင္႔ရမည္ဟု ျပည္ထဲေရးအၿမဲတမ္းအတြင္း၀န္ေျပာ

0
161

 

ေနျပည္ေတာ္၊ဒီဇင္ဘာ ၂၂ ၊၂၀၁၇

ရုိက္တာသတင္းေထာက္ ၂ ဦးကုိ ဖမ္းဆီးထိန္းသိမ္းခဲ႔သည့္ ေန႔မွစ၍ လက္ရွိအခ်ိန္အထိ မိသားစု၀င္မ်ားႏွင့္ ေတြ႔ဆုံမႈမရရွိေသးေသာ္လည္း တရားရုံးထုတ္ရမာန္ယူခ်ိန္၌ ေတြ႔ဆုံခြင္႔ရမည္ျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန၏အၿမဲတမ္း အတြင္း၀န္ ဦးတင္ျမင္႔က ေျပာသည္။

“ဘယ္မွာခ်ဳပ္ထားလည္းကေတာ့ ရဲကမွ သိမွာ။ တစ္ပတ္ဆုိတာ ရမာန္ယူရတာေပါ႔။ ရမာန္ႀကီး တစ္ပတ္ဆုိတာ ၁၅ ရက္ေပ႔ါ။ ရမန္ႀကီးတစ္ပတ္ယူၿပီးတဲ႔ အခ်ိန္ၾကရင္ ေတြ႔ခြင္႔ရပါတယ္။ ရမန္ယူတာေပ႔ါ။ရမန္ကာလဆုိ ထုတ္မယ္။ တရားရုံးမွာသြားၿပီးေတာ႔ မွ သူတုိ႔ထြက္ဆုိခ်က္ယူမယ္။ တရားရုံးမွာ စြဲတင္ေပါ႔။ အဲ႔က်ရင္ေတြ႔ရမွာေပါ့”ဟု ဦးတင္ျမင္႔ကေျပာသည္။

ဒီဇင္ဘာလ ၂၂ ရက္ေန႔က ေနျပည္ေတာ္ရွိ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရး၀န္ႀကီးဌာန ရုံး၌ က်င္းပျပဳလုပ္သည့္ အမ်ဳိးသားသဘာ၀ေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈ ေကာ္မတီ (၂/၂၀၁၇) အစည္းအေ၀းအၿပီး ေျဖၾကားခဲ့ျခင္းျဖစ္သည္။

အမႈမ်ားႏွင့္ ပတ္သက္သည့္ တည္ဆဲဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ မွ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး တရားစြဲဆုိမႈ၊ သတင္းထုတ္ျပန္မႈမ်ားအား ပြင္႔လင္းျမင္သာမႈရွိစြာ ေဆာင္ရြက္ေနေၾကာင္း ဦးတင္ျမင္႔ကေျပာသည္။

ထုိ သတင္းေထာက္ ႏွစ္ဦး ကိစၥႏွင့္ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္မွ သတင္းထုတ္ျပန္ခဲ႔ၿပီး ထုတ္ျပန္ခ်က္တြင္ ညႇဥ္းပန္း ႏွိပ္စက္မႈ မခံရေစေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈရရွိေရး၊ မိသားစု၀င္မ်ား၊ ေရွ႕ေနႏွင့္ ေတြ႔ဆုံခြင့္ရရွိေရးတုိ႔အပါအ၀င္ ၎တုိ႔ရပုိင္ခြင္႔ရွိေသာ လူအခြင္႔အေရးမ်ား ရရွိခံစားႏုိင္ေရးအတြက္ ေဆာင္ရြက္ေပးသင့္ေၾကာင္း တုိက္တြန္းထားသည္။

ေကာ္မရွင္ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး သတင္းေထာက္မ်ား၏ ေမးျမန္းမႈအား “အဲအေပၚမွာေတာ့ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔က ဆက္လုပ္မွာေပါ့။ လူတစ္ေယာက္ အျပစ္မရွိရင္ေတာ့ မဖမ္းပါဘူး။ သူ႔တည္ဆဲဥပေဒအရ သူ႔ရဲ႕ဆက္သြယ္ေရး ဥပေဒတုိ႔ သတ္မွတ္ကန္႔သတ္တဲ႔ ေနရာကုိသြားတာတုိ႔ ဒါေတြက ေနရာထုိင္းမွာ လုံၿခဳံေရး ဧရိယာရွိတာေပါ့။ပုဒ္မ- ၁၄၄ ထုတ္ထားတဲ့ေနရာဆုိရင္ အဲဒီကုိ သြားတာနဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခြင္႔ရွိတာေပါ့။ ပြင္႔လင္းျမင္သာစြာနဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခြင္႔ရွိတာေပါ႔။ ပြင္႔လင္းျမင္သာစြာနဲ႔ ေဆာင္ရြက္ေနပါတယ္။ အဲဒီအတြက္ ဘာမွ စိတ္မပူပါနဲ႔”ဟု ဦးတင္ျမင္႔မွ ျပန္လည္ ေျဖဆုိခဲ့သည္။

ရုိက္တာ သတင္းေထာက္ ႏွစ္ဦးျဖစ္သည့္ ကုိသက္ဦးေမာင္ေမာင္ (ခ) ၀လုံး ႏွင့္ ကုိေက်ာ္စုိးဦး (ခ)မုိးေအာင္ တုိ႔အား ဒီဇင္ဘာလ ၁၃ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္း ခံခဲ႔ရျခင္းျဖစ္ၿပီး ၁၉၂၃ ခုႏွစ္ ျမန္မာႏုိင္ငံ အစုိးရလွ်ဳိ၀ွက္ အက္ဥပေဒ ပုဒ္မ ၃ ျဖင့္ အမႈဖြင္႔ခံထားရေၾကာင္း သိရွိရသည္။

လက္ရွိအခ်ိန္အထိ အဆုိပါ သတင္းေထာက္မ်ားအား မိသားစု၀င္မ်ားႏွင့္ ေတြ႔ဆုံမႈ မရရွိေသးေၾကာင္း သိရွိရသည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ဒီဇင်ဘာ ၂၂ ၊၂၀၁၇

ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် နေ့မှစ၍ လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံမှုမရရှိသေးသော်လည်း တရားရုံးထုတ်ရမာန်ယူချိန်၌ တွေ့ဆုံခွင့်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောသည်။

“ဘယ်မှာချုပ်ထားလည်းကတော့ ရဲကမှ သိမှာ။ တစ်ပတ်ဆိုတာ ရမာန်ယူရတာပေါ့။ ရမာန်ကြီး တစ်ပတ်ဆိုတာ ၁၅ ရက်ပေ့ါ။ ရမန်ကြီးတစ်ပတ်ယူပြီးတဲ့ အချိန်ကြရင် တွေ့ခွင့်ရပါတယ်။ ရမန်ယူတာပေ့ါ။ရမန်ကာလဆို ထုတ်မယ်။ တရားရုံးမှာသွားပြီးတော့ မှ သူတို့ထွက်ဆိုချက်ယူမယ်။ တရားရုံးမှာ စွဲတင်ပေါ့။ အဲ့ကျရင်တွေ့ရမှာပေါ့”ဟု ဦးတင်မြင့်ကပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ရုံး၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၇) အစည်းအဝေးအပြီး ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမှုများနှင့် ပတ်သက်သည့် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဆောင်ရွက်နေခြင်းဖြစ်ပြီး တရားစွဲဆိုမှု၊ သတင်းထုတ်ပြန်မှုများအား ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နေကြောင်း ဦးတင်မြင့်ကပြောသည်။

ထို သတင်းထောက် နှစ်ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ညှဉ်းပန်း နှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိရေးတို့အပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော လူအခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။

ကော်မရှင် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုအား “အဲအပေါ်မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လုပ်မှာပေါ့။ လူတစ်ယောက် အပြစ်မရှိရင်တော့ မဖမ်းပါဘူး။ သူ့တည်ဆဲဥပဒေအရ သူ့ရဲ့ဆက်သွယ်ရေး ဥပဒေတို့ သတ်မှတ်ကန့်သတ်တဲ့ နေရာကိုသွားတာတို့ ဒါတွေက နေရာထိုင်းမှာ လုံခြုံရေး ဧရိယာရှိတာပေါ့။ပုဒ်မ- ၁၄၄ ထုတ်ထားတဲ့နေရာဆိုရင် အဲဒီကို သွားတာနဲ့ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိတာပေါ့။ ပွင့်လင်းမြင်သာစွာနဲ့ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိတာပေါ့။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် ဘာမှ စိတ်မပူပါနဲ့”ဟု ဦးတင်မြင့်မှ ပြန်လည် ဖြေဆိုခဲ့သည်။

ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင်မောင် (ခ) ၀လုံး နှင့် ကိုကျော်စိုးဦး (ခ)မိုးအောင် တို့အား ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို၀ှက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ အဆိုပါ သတင်းထောက်များအား မိသားစုဝင်များနှင့် တွေ့ဆုံမှု မရရှိသေးကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

 

Leave a Reply