အဆင့္ျမင့္ပညာဦးစီးဌာနညႊန္ၾကားခ်က္ တကၠသိုလ္ဆရာမ်ား အျပင္း အထန္ ေဝဖန္

0
147

ရန္ကုန္၊ ဒီဇင္ဘာ ၂၂၊၂၀၁၇

တကၠသိုလ္၊ေကာလိပ္မ်ားရွိ ျပည္ပခရီးစဥ္မ်ားသို႔ နာမည္တပ္ၿပီး ဖိတ္ၾကားမႈမ်ားရွိပါက ခြင့္မျပဳေတာ့ေၾကာင္း ညႊန္ၾကားခ်က္ကို တကၠသိုလ္အသီးသီးရွိ ေက်ာင္းဆရာ၊မမ်ားက အျပင္းအထန္ေဝဖန္ လိုက္သည္။

ျပည္ပႏိုင္ငံမ်ားရွိ တကၠသိုလ္သင္တန္း၊ ေဆြးေႏြးပြဲ၊ အစည္းအေဝး၊ စာတမ္းဖတ္ပြဲ ညီလာခံ၊ ပညာသင္ ညီလာခံ၊ ဖိုရမ္၊ ခ်စ္ၾကည္ေရးႏွင့္ ေလ့လာေရးခရီးစဥ္မ်ားကို နာမည္တပ္ (By Name) ျဖင့္ဖိတ္ၾကား မႈမ်ားရွိပါက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ စတင္ကာ ခြင့္မျပဳေတာ့ေၾကာင္း ညႊန္႔ၾကားလာမႈကို ေဝဖန္ျခင္းျဖစ္သည္။

“ ဒီညႊန္ၾကားခ်က္က ကန္႕သတ္ခ်ဳပ္ျခယ္တယ္။ တင္းၾကပ္တယ္။ ပညာေရးကိုထိခိုက္တယ္။ ခ်က္ခ်င္းျပန္ရုပ္သိမ္းေပးဖို႔ေတာင္းဆိုတယ္။” ဟု ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္တကၠသိုလ္မွ သမိုင္းကထိက ဦးသန္းထိုက္ေအာင္ က ေဝဖန္ေျပာၾကားသည္။

အထက္ပါညႊန္ၾကားခ်က္ႏွင့္ပတ္သက္၍ တကၠသိုလ္ဆရာ၊ဆရာမမ်ား အသင္း ကိုယ္စားျပဳေကာ္မတီက ပညာေရးႏွင့္ပတ္သက္ၿပီး ထိခိုက္ေစသည့္ ညႊန္ၾကားခ်က္ျဖစ္ေသာေၾကာင့္ အျပင္းအထန္ ကန္႔ကြက္ၿပီး ခ်က္ခ်င္းျပန္ရုပ္သိမ္းေပးရန္အတြက္ ထုုတ္ျပန္ေတာင္းဆို ထားသည္။

ယခုညႊန္႔ၾကားခ်က္သည္ ဒီမိုကေရစီကူးေျပာင္းေရးကို ႀကီးမားသည့္ ထိုးႏွက္ခ်က္ျဖစ္ၿပီး အစိုးရ၏ပံုရိပ္ကို ဆိုးဆိုးရြားရြားထိခိုက္ေစသကဲ့သို႔ ျပည္သူေမွ်ာလင့္ခ်က္ႏွင့္ ယံုၾကည္ကိုးစားမႈကို အလြဲသံုးစားျပဳသည့္လုပ္ရပ္ ျဖစ္ေၾကာင္းလည္း အျပင္းအထန္ေဝဖန္ထားသည့္ ထုတ္ျပန္ခ်က္ တစ္ေစာင္ကို ယမန္ေန႕ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။

ညႊန္ၾကားစာႏွင့္ပတ္သက္ၿပီး အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာသိန္းဝင္း က “ ေပၚလစီ အရညႊန္ၾကားတာကို တကၠသိုလ္ အသီးသီးမွာရွိတဲ့ ဆရာဆရာမေတြအေပၚ အသိေပးတာပါ။ ကန္႔ကြက္ေနတာကိုေတာ့ ဘာမွ ေျပာစရာမရွိပါဘူး” ဟု ပဥၥမလႈိင္း မီဒီယာ၏ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊၂၀၁၇

တက္ကသိုလ်၊ကောလိပ်များရှိ ပြည်ပခရီးစဉ်များသို့ နာမည်တပ်ပြီး ဖိတ်ကြားမှုများရှိပါက ခွင့်မပြုတော့ကြောင်း ညွှန်ကြားချက်ကို တက္ကသိုလ်အသီးသီးရှိ ကျောင်းဆရာ၊မများက အပြင်းအထန်ဝေဖန် လိုက်သည်။

ပြည်ပနိုင်ငံများရှိ တက္ကသိုလ်သင်တန်း၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စာတမ်းဖတ်ပွဲ ညီလာခံ၊ ပညာသင် ညီလာခံ၊ ဖိုရမ်၊ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များကို နာမည်တပ် (By Name) ဖြင့်ဖိတ်ကြား မှုများရှိပါက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ခွင့်မပြုတော့ကြောင်း ညွှန့်ကြားလာမှုကို ဝေဖန်ခြင်းဖြစ်သည်။

“ ဒီညွှန်ကြားချက်က ကန့်သတ်ချုပ်ခြယ်တယ်။ တင်းကြပ်တယ်။ ပညာရေးကိုထိခိုက်တယ်။ ချက်ချင်းပြန်ရုပ်သိမ်းပေးဖို့တောင်းဆိုတယ်။” ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ်မှ သမိုင်းကထိက ဦးသန်းထိုက်အောင် က ဝေဖန်ပြောကြားသည်။

အထက်ပါညွှန်ကြားချက်နှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ၊ဆရာမများ အသင်း ကိုယ်စားပြုကော်မတီက ပညာရေးနှင့်ပတ်သက်ပြီး ထိခိုက်စေသည့် ညွှန်ကြားချက်ဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွက်ပြီး ချက်ချင်းပြန်ရုပ်သိမ်းပေးရန်အတွက် ထုုတ်ပြန်တောင်းဆို ထားသည်။

ယခုညွှန့်ကြားချက်သည် ဒီမိုကရေစီကူးပြောင်းရေးကို ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ပြီး အစိုးရ၏ပုံရိပ်ကို ဆိုးဆိုးရွားရွားထိခိုက်စေသကဲ့သို့ ပြည်သူမျှောလင့်ချက်နှင့် ယုံကြည်ကိုးစားမှုကို အလွဲသုံးစားပြုသည့်လုပ်ရပ် ဖြစ်ကြောင်းလည်း အပြင်းအထန်ဝေဖန်ထားသည့် ထုတ်ပြန်ချက် တစ်စောင်ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ညွှန်ကြားစာနှင့်ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဝင်း က “ ပေါ်လစီ အရညွှန်ကြားတာကို တက္ကသိုလ် အသီးသီးမှာရှိတဲ့ ဆရာဆရာမတွေအပေါ် အသိပေးတာပါ။ ကန့်ကွက်နေတာကိုတော့ ဘာမှ ပြောစရာမရှိပါဘူး” ဟု ပဥ္စမလှိုင်း မီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

သျှင်ရဲထွဋ်

 

 

Leave a Reply