တောင်​ဥက္ကလာ သုမင်္ဂလာပန်းခြံတွင်​ ဗိုလ်​ချုပ်​​ကြေးသွန်း ရုပ်​ထုဖွင့်​ပွဲပြုလုပ်

0
158





 

ထိုအခမ်းအနားသို့ ​ဒေါပုံ၊သင်္ကန်းကျွန်း၊ ဗိုလ်​တစ်​​ထောင်​၊ မင်္ဂလာ​တောင်​ညွန့်​၊ စမ်း​ချောင်း၊လိုင်​မြို့နယ်​တို့မှ


မြတ်​ဟိန်း​ကျော်

ရန်​ကုန်​၊ ဒီဇင်​ဘာ ၂၃၊ ၂၀၁၇

ရန်​ကုန်​တိုင်​း​ဒေသကြီး၊​တောင်​ဥက္ကလာပမြို့နယ်​၊ (၁၀)ရပ်​ကွက်​၊ သုမင်္ဂလာ လမ်​း​ပေါ်ရှိ သုမင်္ဂလာပန်​းခြံအတွင်​း၌ ယနေ့ နံနက်​ ၉နာရီအချိန်​တွင်
ဗိုလ်​​​ကြေးရုပ်​ဖွင်​့ပွဲအခမ်​းအနားပြုလုပ်​ခဲ့သည်​။

အဆိုပါဗိုလ်​ချုပ်​​ကြေးရုပ်​ကို မန္တ​လေးမြို့တမ္ပဝတီ​ကြေးသွန်​းရပ်​မှ ဗိသုကာဆရာ မလိခဦးဝင်​း​မောင်​က သွန်​းထုပြုလုပ်​ခဲ့ပြီး ​တောင်​ဥက္ကလာပမြို့နယ်​အတွင်​းရှိပြည်​သူလူထုနှင့် အလှူ ရှင်​များ
စု​ပေါင်​းမတည်​ကာ တိုင်​း​ဒေသကြီးလွတ်​​တော်​ကိုယ်​စားလှယ်​များဦး​ဆောင်မူဖြင်​့​ ဖြစ်​​မြောက်​​ရေး​ကော်​မတီတစ်​ရပ်​ဖွဲ့၍
ပြုလုပ်​ခဲ့ခြင်​းဖြစ်​သည်​။

“ဗိုလ်​ချုပ်​​ကြေးရုပ်​ရဲ့ဦးထုပ်​တံဆိပ်​မှာBIAတံဆိပ်​ ထွင်​းထားတယ်​။ ခါးပတ်​​ခေါင်​း ၊ဖိနပ်​ကစပြီးအ​သေးစိတ်​ကို ယဉ်​​ကျေးမူဝန်​ကြီးဌာန​၊
ရှေး​ဟောင်​းအကဲဖြတ်အဖွဲ့ကိုပြပြီး စံချိန်စံနူန်​းများကိုက်ညီမှုရှိမရှိ စစ်​​ဆေးပြီးမှ သွန်​းထုပြုလုပ်​ခဲ့​တာပါ “ဟု ​တောင်​ဥက္ကလာပမြို့နယ်မှ ​တိုင်​း​ဒေသ​ကြီးလွှတ်တော်ကိုယ်​စားလှယ် ​ဦးမိုးမြင်​့က​ပြောသည်​။

ထိုအခမ်​းအနားသို့ ​ဒေါပုံ၊သင်္ကန်​းကျွန်​း၊ ဗိုလ်​တစ်​​ထောင်​၊ မင်္ဂလာ​တောင်​ညွန်​့၊ စမ်​း​ချောင်​း၊လိူင်​မြို့နယ်​တို့မှ
လွတ်​​တော်​ကိုယ်​စားလှယ်​များ၊​မြို့နယ်​အတွင်​းရှိဌာနဆိုင်​ရာတာဝန်​ရှိသူများ၊​တောင်​ဥက္ကလာပမြို့နယ်​အတွင်​းရှိရပ်​ကွက်​(၁၃)ရပ်​ကွက်​မှအုပ်​ချုပ်​​ရေးမှူ းများ လူမူအဖွဲ့အစည်​းများနှင်​့ သီးခြားဖိတ်​ကြားထားသူများ စု​ပေါင်​းအင်​အား၃၀၀ခန်​့တက်​​ရောက်​ခဲ့ပြီးနံနက်​၁၀နာရီ၃၀မိနစ်
အချိန်​တွင်​ပြီးဆုံး​ခဲ့သည်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ​ကြေးပိသာချိန်​(၂၇၀)​ကျော်​သွန်​းလုပ်​ခဲ့​ပြီး
​ကြေးရုပ်​သွန်​းထုမူကုန်​ကျစားရိတ်​မှာ ​ကြေးရုပ်​တစ်​ခုကုန်​ကျစရိတ်​
သိန်​းတစ်​ရာ့သုံးဆယ်​ကျပ်​ကုန်​ကျပြီး ​အောက်​​ခြေခုံလုံးအတွက်​ ကျပ်သိန်​းခုနှစ်​ဆယ်​ ကုန်​ကျရာ စု​ပေါင်​းကုန်​ကျ​ငွေ ကျပ်သိန်​းနှစ်​ရာ​ကျော်​အထိ ရှိခဲ့ကြောင်း အဆိုပါ ဖွင့်ပွဲမှ သိရသည်။

မြတ်​ဟိန်​း​ကျော်​

Leave a Reply