အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲ တစ္ရြာလံုး မဲေပးခြင့္မရ

0
135

 

မႏၱေလး၊ဒီဇင္ဘာ ၂၃၊၂၀၁၇

မႏၲေလးၿမိဳ႕၊ပုသိမ္ႀကီးၿမိဳ႕နယ္၊ကုန္းတန္းေက်းရြာတြင္ အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲ၌ တစ္ရြာလံုးမဲေပးခြင့္မရေၾကာင္း ေဒသခံမ်ားက မီဒီစင္တာ (မႏၲေလး)တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေျပာၾကားခဲ့သည္။

ကုန္းတန္းေက်းရြာသည္ နန္းဦးလြင္ေက်းရြာ အုပ္စုအတြင္းပါဝင္ၿပီး ယခင္က ရာအိမ္မွဴးအုပ္ခ်ဳပ္သည့္ ေက်းရြာတစ္ရြာျဖစ္ၿပီး စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း မ်ားတည္ရွိေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ မဲေပးခြင့္မရတဲ့အတြက္ ေက်းရြာအေနနဲ႔ နစ္နာတယ္။ ေက်းရြာက တင္ခ်င္တဲ့ အုပ္ခ်ဳပ္ေရးမွဴးကို မဲေပးခ်င္တယ္။ ကြ်န္ေတာ္တို႔ နစ္နာမႈရွိတယ္။ ကြ်န္ေတာ္တို႔ေက်းရြာ ဖြံ႔ၿဖိဳးတိုးတတ္ဖို႔ လုပ္ဖို႔မရေတာ့တဲ့ အေျခအေနျဖစ္ေနတယ္” ဟု ယခင္ေက်းရြာ ရာအိမ္မွဴး ဦးေက်ာ္ျမတ္ဦးက ေျပာသည္။

ကုန္းတန္းေက်းရြာသည္ ၂၀၁၀ ခုႏွစ္၊၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲမ်ား ႏွင့္ ယခင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေရြးေကာက္ပြဲမ်ား က်င္းပခဲ့ဖူးေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေနလာတာ ၁၅ ႏွစ္ရွိၿပီ ။ ကြ်န္ေတာ္တို႔အရင္ ေနလာတဲ့ သူေတြေျပာတာကေတာ့ လြန္ခဲ့တဲ့ အႏွစ္ (၅၀) ေလာက္ကလို႔ သိရတယ္” ဟု ဦးေက်ာ္ျမတ္ဦးက ဆက္ေျပာပါသည္။

ကုန္းတန္းေက်းရြာသည္ ျပည္ထဲေရးအမည္ေပါက္ေက်းရြာ မဟုတ္သည့္ အတြက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲမွာ မဲေပးခြင့္မရျခင္း ျဖစ္ေၾကာင္း ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန က သိရသည္။

ယင္းေက်းရြာသည္ ေနအိမ္ ၃ ေထာင္ေက်ာ္ရွိၿပီး လူဦးေရ ၆ ေထာင္ေက်ာ္ ရွိေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၃၊၂၀၁၇

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ကုန်းတန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ တစ်ရွာလုံးမဲပေးခွင့်မရကြောင်း ဒေသခံများက မီဒီစင်တာ (မန္တလေး)တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

ကုန်းတန်းကျေးရွာသည် နန်းဦးလွင်ကျေးရွာ အုပ်စုအတွင်းပါဝင်ပြီး ယခင်က ရာအိမ်မှူးအုပ်ချုပ်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း များတည်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မဲပေးခွင့်မရတဲ့အတွက် ကျေးရွာအနေနဲ့ နစ်နာတယ်။ ကျေးရွာက တင်ချင်တဲ့ အုပ်ချုပ်ရေးမှူးကို မဲပေးချင်တယ်။ ကျွန်တော်တို့ နစ်နာမှုရှိတယ်။ ကျွန်တော်တို့ကျေးရွာ ဖွံ့ဖြိုးတိုးတတ်ဖို့ လုပ်ဖို့မရတော့တဲ့ အခြေအနေဖြစ်နေတယ်” ဟု ယခင်ကျေးရွာ ရာအိမ်မှူး ဦးကျော်မြတ်ဦးက ပြောသည်။

ကုန်းတန်းကျေးရွာသည် ၂၀၁၀ ခုနှစ်၊၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများ နှင့် ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ ကျင်းပခဲ့ဖူးကြောင်း သိရသည်။

“ကျွန်တော်တို့ နေလာတာ ၁၅ နှစ်ရှိပြီ ။ ကျွန်တော်တို့အရင် နေလာတဲ့ သူတွေပြောတာကတော့ လွန်ခဲ့တဲ့ အနှစ် (၅၀) လောက်ကလို့ သိရတယ်” ဟု ဦးကျော်မြတ်ဦးက ဆက်ပြောပါသည်။

ကုန်းတန်းကျေးရွာသည် ပြည်ထဲရေးအမည်ပေါက်ကျေးရွာ မဟုတ်သည့် အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ မဲပေးခွင့်မရခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။

ယင်းကျေးရွာသည် နေအိမ် ၃ ထောင်ကျော်ရှိပြီး လူဦးရေ ၆ ထောင်ကျော် ရှိကြောင်း သိရသည်။

နိုင်လင်းဦး

 

Leave a Reply