အိႏိၵယအာဏာရပါတီမွ အမတ္တခ်ိဳ႕ မြတ္စလင္မုန္းတီးေရး လႈ႔ံေဆာ္မႈမ်ားျပဳလုပ္ေန

0
155

နယူးေဒလီ ဒီဇင္ဘာ ၂၃

အိႏိၵယႏုိင္ငံရွိ အာဏာရ ဗာရာတီယဇာနတပါတီ( ဘီေဂ်ပီ) မွ လႊတ္ေတာ္အမတ္တခ်ိဳ႕သည္ ႏုိင္ငံတြင္း မြတ္စလင္မုန္းတီးေရး စိတ္ဓာတ္ျပင္းထန္လာရန္ ေသြးထုိးလႈံ႔ေဆာ္မႈမ်ားျပဳလုပ္ေနေၾကာင္း ေအပီသတင္းဌာန၏ေဖာ္ျပခ်က္အရ သိရသည္။

ဝန္ႀကီးခ်ဳပ္ နာရျႏၵာမိုဒီ၏ ဟိႏၵဴအမ်ိဳးသားေရးဝါဒီပါတီျဖစ္သည့္ ဘီေဂ်ပီ ေရြးေကာက္ပဲြအႏုိင္ရရွိခဲ့သည့္ လြန္ခဲ့ေသာသံုးႏွစ္မွစၿပီး မြတ္စလင္ မုန္းတီးေရးစိတ္ဓာတ္မ်ား ျပင္းထန္လာခဲ့သည္။ ဟိႏၵဴအစြန္းေရာက္မ်ားသည္ မြတ္စလင္မ်ားကုိ သတ္ျဖတ္ေသာ္လည္း ျပစ္ဒဏ္ေပးျခင္းမခံရဟု ယူဆသည့္ အဆင့္သို႔ပင္ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း တခ်ိဳ႕ကေျပာဆုိခဲ့သည္။ တခ်ိဳ႕ကလည္း အယူအစဲြႀကီးေသာ ဟိႏၵဴေခါင္းေဆာင္မ်ားသည္ အိႏိၵယရွိ မြတ္စလင္သမုိင္းကိုပင္ ျပန္ေရးခ်င္ေနေၾကာင္း ေျပာဆုိခဲ့သည္။

အိႏိၵယစုစုေပါင္းလူဦးေရ ၈၀ ရာခုိင္ႏႈန္းမွာ ဟိႏၵဴမ်ားျဖစ္ၾကၿပီး ၁၄ ရာခိုင္ႏႈန္းသည္ မြတ္စလင္မ်ားျဖစ္ၾကသည္။ ဘာသာေရးအရ တင္းမာမႈမ်ား ယခင္ကတည္းကရွိခဲ့ေသာ္လည္း မိုဒီ၏ဘီေဂ်ပီပါတီအာဏာရခ်ိန္မွစ၍ ပိုမိုဆိုးရြားလာခဲ့သည္။

မိုဒီသည္ ဘာသာအားလံုး၏ ေခါင္းေဆာင္ သို႔မဟုတ္ ဟိႏၵဴမ်ား၏ ေခါင္းေဆာင္ ႏွစ္ခုအနက္ တစ္ခုခုျဖစ္ေနၿပီျဖစ္ေၾကာင္း မြတ္စလင္ဥပေဒျပဳအမတ္ အာဆာဒက္ဒင္အုိဝုိင္စီက လြန္ခဲ့ေသာလတြင္ ေျပာဆုိခဲ့သည္။ အိႏိၵယရွိ မြတ္စလင္မ်ားသည္ ဆယ္စုႏွစ္မ်ားအတြင္း ခဲြျခားဆက္ဆံမႈတစ္ခုမဟုတ္ တစ္ခုႏွင့္ ရင္ဆုိင္ခဲ့ရေၾကာင္း သမိုင္းပညာရွင္ မူကူကီဆာဗန္ကေျပာဆုိခဲ့သည္။ မုိဒီႏွင့္ ၎၏ပါတီတုိ႔သည္ မြတ္စလင္မ်ားကုိ ရန္လိုသည့္ ဟိႏၵဴမ်ားအား အသာလႊတ္ေပးထားၿပီး ျဖစ္ရပ္တခ်ိဳ႕တြင္ အသားအတြက္ ႏြားေရာင္းဝယ္သည့္ မြတ္စလင္မ်ားအား ဟိႏၵဴမ်ားက အုပ္စုလိုက္ တိုက္ခိုက္မႈမ်ားျပဳလုပ္ေနေၾကာင္း ကီဆာဗန္ကေျပာဆုိခဲ့သည္။ အိႏိၵယတြင္ ႏြားမ်ားအား ျမင့္ျမတ္သည္ဟု ယူဆထားသည္။

အိႏိၵယႏိုင္ငံအေနာက္ပိုင္း ရာဇသန္ျပည္နယ္၌ မြတ္စလင္ အလုပ္ၾကမ္းသမားတစ္ဦးအား ဟိႏၵဴတစ္ဦးက သတ္ျဖတ္ခဲ့မႈေၾကာင့္ ႏုိင္ငံတြင္းရွိ မြတ္စလင္မ်ား တုန္လႈပ္ခဲ့ရသည္။ သို႔ေသာ္ မြတ္စလင္ႏွင့္ ဟိႏၵဴခဲြျခားဆက္ဆံျခင္းမရိွေၾကာင္း ဘီေဂ်ပီ၏ေျပာခြင့္ရွိသူ ဘီေဇးဆြန္ကာ ရွာစ္ထရီကေျပာဆုိခဲ့သည္။

ရွာစ္ထရီကေျပာဆုိမႈသည္ လက္ေတြ႕ႏွင့္ ကဲြျပားေနသည္။ ဘီေဂ်ပီပါတီမွ အမတ္ ဆူရာဇ္ပါယ္အမူသည္ ဟိႏၵဴဘုရင္မတစ္ဦးႏွင့္ မြတ္စလင္ ေခါင္းေဆာင္တစ္ဦးတုိ႔ၾကား ဆက္ဆံေရးကို ႐ိုက္ကူးထားသည့္ ပဒုမၼာဝတီ ႐ုပ္ရွင္တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္ႏွင့္ ဒါ႐ိုက္တာတုိ႔အား ေခါင္းျဖတ္ႏုိင္ပါက ႐ူပီး သန္း ၁၀၀( ေဒၚလာ ၁ ဒသမ ၆ သန္း) ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း လြန္ခဲ့ေသာလတြင္ ဆုေၾကးထုတ္ခဲ့သည္။

ထုိ႔ျပင္ လြန္ခဲ့ေသာ ႏွစ္ ၃၇၀ ခန္႔တြင္ မြတ္စလင္ဧကရာဇ္ဘုရင္တစ္ပါး ေဆာက္လုပ္ခဲ့သည့္ တက္ဂ်္မဟာအေဆာက္အအံုႏွင့္ပတ္သက္၍လည္း ဟိႏၵဴမ်ားက မေက်မနပ္ေျပာဆုိေနၾကၿပီျဖစ္သည္။ တက္ဂ်္မဟာကို မြတ္စလင္ဘုရင္က ေဆာက္လုပ္ခဲ့ေသာေၾကာင့္ အိႏိၵယယဥ္ေက်းမႈတြင္ အမဲစက္တစ္စက္ျဖစ္ေၾကာင္း ေဘဂ်ီပီမွ အမတ္ ဆန္ဂီးဆြမ္က ေအာက္တိုဘာတြင္ ေျပာဆုိခဲ့သည္။

Source:AP

႐ိုးေျမ

နယူးဒေလီ ဒီဇင်ဘာ ၂၃

အိန္ဒိယနိုင်ငံရှိ အာဏာရ ဗာရာတီယဇာနတပါတီ( ဘီဂျေပီ) မှ လွှတ်တော်အမတ်တချို့သည် နိုင်ငံတွင်း မွတ်စလင်မုန်းတီးရေး စိတ်ဓာတ်ပြင်းထန်လာရန် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေကြောင်း အေပီသတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီဖြစ်သည့် ဘီဂျေပီ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် လွန်ခဲ့သောသုံးနှစ်မှစပြီး မွတ်စလင် မုန်းတီးရေးစိတ်ဓာတ်များ ပြင်းထန်လာခဲ့သည်။ ဟိန္ဒူအစွန်းရောက်များသည် မွတ်စလင်များကို သတ်ဖြတ်သော်လည်း ပြစ်ဒဏ်ပေးခြင်းမခံရဟု ယူဆသည့် အဆင့်သို့ပင်ရောက်ရှိနေပြီ ဖြစ်ကြောင်း တချို့ကပြောဆိုခဲ့သည်။ တချို့ကလည်း အယူအစွဲကြီးသော ဟိန္ဒူခေါင်းဆောင်များသည် အိန္ဒိယရှိ မွတ်စလင်သမိုင်းကိုပင် ပြန်ရေးချင်နေကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယစုစုပေါင်းလူဦးရေ ၈၀ ရာခိုင်နှုန်းမှာ ဟိန္ဒူများဖြစ်ကြပြီး ၁၄ ရာခိုင်နှုန်းသည် မွတ်စလင်များဖြစ်ကြသည်။ ဘာသာရေးအရ တင်းမာမှုများ ယခင်ကတည်းကရှိခဲ့သော်လည်း မိုဒီ၏ဘီဂျေပီပါတီအာဏာရချိန်မှစ၍ ပိုမိုဆိုးရွားလာခဲ့သည်။

မိုဒီသည် ဘာသာအားလုံး၏ ခေါင်းဆောင် သို့မဟုတ် ဟိန္ဒူများ၏ ခေါင်းဆောင် နှစ်ခုအနက် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း မွတ်စလင်ဥပဒေပြုအမတ် အာဆာဒက်ဒင်အိုဝိုင်စီက လွန်ခဲ့သောလတွင် ပြောဆိုခဲ့သည်။ အိန္ဒိယရှိ မွတ်စလင်များသည် ဆယ်စုနှစ်များအတွင်း ခွဲခြားဆက်ဆံမှုတစ်ခုမဟုတ် တစ်ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သမိုင်းပညာရှင် မူကူကီဆာဗန်ကပြောဆိုခဲ့သည်။ မိုဒီနှင့် ၎င်း၏ပါတီတို့သည် မွတ်စလင်များကို ရန်လိုသည့် ဟိန္ဒူများအား အသာလွှတ်ပေးထားပြီး ဖြစ်ရပ်တချို့တွင် အသားအတွက် နွားရောင်းဝယ်သည့် မွတ်စလင်များအား ဟိန္ဒူများက အုပ်စုလိုက် တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ကီဆာဗန်ကပြောဆိုခဲ့သည်။ အိန္ဒိယတွင် နွားများအား မြင့်မြတ်သည်ဟု ယူဆထားသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဇသန်ပြည်နယ်၌ မွတ်စလင် အလုပ်ကြမ်းသမားတစ်ဦးအား ဟိန္ဒူတစ်ဦးက သတ်ဖြတ်ခဲ့မှုကြောင့် နိုင်ငံတွင်းရှိ မွတ်စလင်များ တုန်လှုပ်ခဲ့ရသည်။ သို့သော် မွတ်စလင်နှင့် ဟိန္ဒူခွဲခြားဆက်ဆံခြင်းမရှိကြောင်း ဘီဂျေပီ၏ပြောခွင့်ရှိသူ ဘီဇေးဆွန်ကာ ရှာစ်ထရီကပြောဆိုခဲ့သည်။

ရှာစ်ထရီကပြောဆိုမှုသည် လက်တွေ့နှင့် ကွဲပြားနေသည်။ ဘီဂျေပီပါတီမှ အမတ် ဆူရာဇ်ပါယ်အမူသည် ဟိန္ဒူဘုရင်မတစ်ဦးနှင့် မွတ်စလင် ခေါင်းဆောင်တစ်ဦးတို့ကြား ဆက်ဆံရေးကို ရိုက်ကူးထားသည့် ပဒုမ္မာဝတီ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အဓိကအမျိုးသမီးသရုပ်ဆောင်နှင့် ဒါရိုက်တာတို့အား ခေါင်းဖြတ်နိုင်ပါက ရူပီး သန်း ၁၀၀( ဒေါ်လာ ၁ ဒသမ ၆ သန်း) ချီးမြှင့်မည်ဖြစ်ကြောင်း လွန်ခဲ့သောလတွင် ဆုကြေးထုတ်ခဲ့သည်။

ထို့ပြင် လွန်ခဲ့သော နှစ် ၃၇၀ ခန့်တွင် မွတ်စလင်ဧကရာဇ်ဘုရင်တစ်ပါး ဆောက်လုပ်ခဲ့သည့် တက်ဂျ်မဟာအဆောက်အအုံနှင့်ပတ်သက်၍လည်း ဟိန္ဒူများက မကျေမနပ်ပြောဆိုနေကြပြီဖြစ်သည်။ တက်ဂျ်မဟာကို မွတ်စလင်ဘုရင်က ဆောက်လုပ်ခဲ့သောကြောင့် အိန္ဒိယယဉ်ကျေးမှုတွင် အမဲစက်တစ်စက်ဖြစ်ကြောင်း ဘေဂျီပီမှ အမတ် ဆန်ဂီးဆွမ်က အောက်တိုဘာတွင် ပြောဆိုခဲ့သည်။

Source:AP

ရိုးမြေ

Leave a Reply