၂၀၁၈ ခုႏွစ္အတြက္ ကာကြယ္ေရးအသံုးစရိတ္အျဖစ္ ေဒၚလာ ၄၆ ဘီလီယံ ဂ်ပန္သံုးစဲြမည္

0
191

ပံုစာ။ ဂ်ပန္ေရေၾကာင္းကာကြယ္ေရးတပ္မွ ေအဂ်စ္ဖ်က္သေဘၤာ ကီရီရွီမာ ယုိကိုဆူကာအေျခစိုက္စခန္းမွ ထြက္ခြာခဲ့စဥ္

တိုက်ိဳ ဒီဇင္ဘာ ၂၃

ေျမာက္ကိုရီးယား၏ၿခိမ္းေျခာက္မႈမ်ားျပင္းထန္လာေသာေၾကာင့္ တိုက္ခ်င္းပစ္ဒံုးက်ည္ကာကြယ္ေရးစနစ္ကို တုိးျမႇင့္ရန္ ကာကြယ္ေရး အသံုးစရိတ္အျဖစ္ ယန္း ၅ ဒသမ ၁၉ ထရီလီယံ( ေဒၚလာ ၄၆ ဘီလီယံ) ကိုသံုးစဲြရန္ အစီအစဥ္ကုိ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘး၏ဝန္ႀကီးအဖဲြ႔က ဒီဇင္ဘာ ၂၂ ရက္တြင္ သေဘာတူညီလိုက္ၿပီျဖစ္သည္။

ယခုအတည္ျပဳလိုက္သည့္ အစီအစဥ္အရ ဂ်ပန္၏ ၂၀၁၈ ခုႏွစ္ ကာကြယ္ေရးအသံုးစရိတ္သည္ ယခုႏွစ္အသံုးစရိတ္ထက္ ၁ ဒသမ ၃ ရာခုိင္ႏႈန္းပိုမ်ားမည္ျဖစ္သည္။ အာေဘးသည္ ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့သည့္ ၂၀၁၂ ခုႏွစ္မွစၿပီး စစ္ေရးအသံုးစရိတ္ ေလွ်ာ့ခ်မႈကို ရပ္ဆုိင္းခဲ့သည္။ အာေဘး၏အုပ္ခ်ဳပ္မႈေအာက္တြင္ ႏွစ္အလုိက္ စစ္ေရးအသံုးစရိတ္ေျခာက္ႀကိမ္တိုးျမႇင့္ခဲ့ၿပီးျဖစ္သည္။ ဂ်ပန္သည္ ၂၀၁၈ ခုႏွစ္အတြက္ ႏုိင္ငံေတာ္အသံုးစရိတ္အျဖစ္ ယန္း ၉၇ ဒသမ ၇ ထရီလီယံ( ေဒၚလာ ၈၆၀ ဘီလီယံ) ကုိလ်ာထားထားသည္။

ထုိ႔ျပင္ ဝန္ႀကီးအဖဲြ႕သည္ မ်ိဳးဆက္သစ္ဒံုးက်ည္ၾကားျဖတ္ဟန္႔တားေရး စနစ္အတြက္ မတ္မွစၿပီး ယန္း ၂၃ ဒသမ ၅ ဘီလီယံ( ေဒၚလာ ၂၀၈ သန္း) ကိုသံုးစဲြမည့္ အစီအစဥ္ကုိလည္း အတည္ျပဳေပးခဲ့သည္။ အသံုးစရိတ္အစီအစဥ္မ်ားကို လႊတ္ေတာ္က အတည္ျပဳေပးရန္ က်န္ရွိေနေသးသည္။

ေျမာက္ကိုရီးယားမွ ဒံုးက်ည္ျဖင့္ ပစ္ခတ္ပါက ၾကားျဖတ္ဟန္႔တားႏုိင္ရန္ ေျမျပင္အေျခစိုက္ ေအဂ်စ္ဒံုးက်ည္ကာကြယ္ေရးစနစ္ကုိ ခ်ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ၿပီး ရက္အနည္းငယ္အၾကာတြင္ အသံုးစရိတ္အစီအစဥ္ကုိ ထုတ္ျပန္္ခဲ့ျခင္းျဖစ္သည္။ ယင္းဒုံးက်ည္ကာကြယ္ေရးစနစ္ထားရွိရန္ ယန္း ၂၀၀ ဘီလီယံ( ေဒၚလာ ၁ ဒသမ ၈ ဘီလီယံ) ထက္မကကုန္က်မည္ျဖစ္သည္။

အာေဘးသည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျမာက္ကိုရီးယားကုိ ဖိအားေပးရန္ ေျပာဆိုျခင္းကိုေထာက္ခံၿပီး အေမရိကန္လက္နက္မ်ားျဖင့္ ဂ်ပန္၏တိုက္ခ်င္းပစ္ဒံုးက်ည္ကာကြယ္ေရးစနစ္ကို အင္အားတုိးျမႇင့္မည္ ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

ဂ်ပန္၏က်ဴးေက်ာ္စစ္မျပဳလုပ္ဘဲ ႏုိင္ငံကုိကာကြယ္ေရးကိုသာ အာ႐ုံစိုက္ရမည္ဆုိသည့္ မူဝါဒေၾကာင့္ စစ္ေရးအသံုးစရိတ္ျမႇင့္တင္ျခင္းမွာ လူႀကိဳက္မ်ားမခံရေသာသျဖင့္ အာေဘးသည္ ေျမာက္ကိုရီးယား၏ ဒံုးက်ည္အႏၱရာယ္သည္ ဂ်ပန္အတြက္ အမ်ိဳးသားအက်ပ္အတည္း ျဖစ္ေၾကာင္း ေျပာဆုိၿပီး စည္း႐ုံးသိမ္းသြင္းေနသည္။

အသံုးစရိတ္အစီအစဥ္တြင္ ကီလိုမီတာ ၅၀၀ ( မုိင္ ၃၁၀ ) အထိ ေရာက္ရွိႏုိင္သည့္ ေနာ္ေဝလုပ္ခ႐ုဇ္ဒံုးက်ည္မ်ားအတြက္ ယန္း ၂ ဘီလီယံ( ေဒၚလာ ၁၈ သန္း) သံုးစဲြရန္အစီအစဥ္မ်ားလည္းပါဝင္ေနသည္။ ယင္းဒံုးက်ည္ကုိ အသံတိတ္တိုက္ေလယာဥ္ အက္ဖ္-၃၅ မွပစ္ခတ္လို႔ရသည္။

ေျမာက္ကိုရီးယားသည္ ယခုႏွစ္အတြင္း ဒံုးက်ည္တစ္ဒါဇင္ေက်ာ္ကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး ႏွစ္စင္းသည္ ဂ်ပန္ေျမာက္ပိုင္းေပၚမွ ျဖတ္သန္းသြားခဲ့ၿပီးျဖစ္သည္။

Source:BBC

႐ုိးေျမ

တိုကျို ဒီဇင်ဘာ ၂၃

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုများပြင်းထန်လာသောကြောင့် တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို တိုးမြှင့်ရန် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ယန်း ၅ ဒသမ ၁၉ ထရီလီယံ( ဒေါ်လာ ၄၆ ဘီလီယံ) ကိုသုံးစွဲရန် အစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ဝန်ကြီးအဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် သဘောတူညီလိုက်ပြီဖြစ်သည်။

ယခုအတည်ပြုလိုက်သည့် အစီအစဉ်အရ ဂျပန်၏ ၂၀၁၈ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ယခုနှစ်အသုံးစရိတ်ထက် ၁ ဒသမ ၃ ရာခိုင်နှုန်းပိုများမည်ဖြစ်သည်။ အာဘေးသည် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစပြီး စစ်ရေးအသုံးစရိတ် လျှော့ချမှုကို ရပ်ဆိုင်းခဲ့သည်။ အာဘေး၏အုပ်ချုပ်မှုအောက်တွင် နှစ်အလိုက် စစ်ရေးအသုံးစရိတ်ခြောက်ကြိမ်တိုးမြှင့်ခဲ့ပြီးဖြစ်သည်။ ဂျပန်သည် ၂၀၁၈ ခုနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်အဖြစ် ယန်း ၉၇ ဒသမ ရ ထရီလီယံ( ဒေါ်လာ ၈၆၀ ဘီလီယံ) ကိုလျာထားထားသည်။

ထို့ပြင် ဝန်ကြီးအဖွဲ့သည် မျိုးဆက်သစ်ဒုံးကျည်ကြားဖြတ်ဟန့်တားရေး စနစ်အတွက် မတ်မှစပြီး ယန်း ၂၃ ဒသမ ၅ ဘီလီယံ( ဒေါ်လာ ၂၀၈ သန်း) ကိုသုံးစွဲမည့် အစီအစဉ်ကိုလည်း အတည်ပြုပေးခဲ့သည်။ အသုံးစရိတ်အစီအစဉ်များကို လွှတ်တော်က အတည်ပြုပေးရန် ကျန်ရှိနေသေးသည်။

မြောက်ကိုရီးယားမှ ဒုံးကျည်ဖြင့် ပစ်ခတ်ပါက ကြားဖြတ်ဟန့်တားနိုင်ရန် မြေပြင်အခြေစိုက် အေဂျစ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို ချထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာတွင် အသုံးစရိတ်အစီအစဉ်ကို ထုတ်ပြန််ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးကျည်ကာကွယ်ရေးစနစ်ထားရှိရန် ယန်း ၂၀၀ ဘီလီယံ( ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ထက်မကကုန်ကျမည်ဖြစ်သည်။

အာဘေးသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို ဖိအားပေးရန် ပြောဆိုခြင်းကိုထောက်ခံပြီး အမေရိကန်လက်နက်များဖြင့် ဂျပန်၏တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို အင်အားတိုးမြှင့်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဂျပန်၏ကျူးကျော်စစ်မပြုလုပ်ဘဲ နိုင်ငံကိုကာကွယ်ရေးကိုသာ အာရုံစိုက်ရမည်ဆိုသည့် မူဝါဒကြောင့် စစ်ရေးအသုံးစရိတ်မြှင့်တင်ခြင်းမှာ လူကြိုက်များမခံရသောသဖြင့် အာဘေးသည် မြောက်ကိုရီးယား၏ ဒုံးကျည်အန္တရာယ်သည် ဂျပန်အတွက် အမျိုးသားအကျပ်အတည်း ဖြစ်ကြောင်း ပြောဆိုပြီး စည်းရုံးသိမ်းသွင်းနေသည်။

အသုံးစရိတ်အစီအစဉ်တွင် ကီလိုမီတာ ၅၀၀ ( မိုင် ၃၁၀ ) အထိ ရောက်ရှိနိုင်သည့် နော်ဝေလုပ်ခရုဇ်ဒုံးကျည်များအတွက် ယန်း ၂ ဘီလီယံ( ဒေါ်လာ ၁၈ သန်း) သုံးစွဲရန်အစီအစဉ်များလည်းပါဝင်နေသည်။ ယင်းဒုံးကျည်ကို အသံတိတ်တိုက်လေယာဉ် အက်ဖ်-၃၅ မှပစ်ခတ်လို့ရသည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်တစ်ဒါဇင်ကျော်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နှစ်စင်းသည် ဂျပန်မြောက်ပိုင်းပေါ်မှ ဖြတ်သန်းသွားခဲ့ပြီးဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ဂျပန်ရေကြောင်းကာကွယ်ရေးတပ်မှ အေဂျစ်ဖျက်သင်္ဘော ကီရီရှီမာ ယိုကိုဆူကာအခြေစိုက်စခန်းမှ ထွက်ခွာခဲ့စဉ်။

Leave a Reply