ေျမာက္ကိုရီးယား၌ ထုတ္ေဝေသာ ႏွစ္သစ္ျပကၡဒိန္မ်ား၌ ကင္ဂ်ံဳအန္၏ ေမြးေန႔ကုိ ေဖာ္ျပထားျခင္းမရွိ

0
217

ပံုစာ။ ၂၀၁၄ ခုႏွစ္က ဘက္စ္ကတ္ေဘာကစားသမား ဒင္းနစ္ေရာ႔ဒ္မန္းႏွင့္ ကင္ဂ်ံဳအန္တို႔အား ေတြ႕ရစဥ္

ၿပံဳယမ္း ဒီဇင္ဘာ ၂၃

ေျမာက္ကိုရီးယား၌ မၾကာေသးမီတြင္ ထုတ္ေဝျဖန္႔ခ်ိခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြက္ ျပကၡဒိန္မ်ားတြင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္၏ေမြးေန႔ကုိ အထူးသီးသန္႔ေဖာ္ျပထားျခင္းမရွိေခ်။

မဟာေခါင္းေဆာင္ႀကီး ကင္ဂ်ဳံအန္ေမြးေန႔ဟု ယူဆရသည့္ ဇန္နဝါရီ ၈ ရက္သည္ တနလၤာေန႔တြင္ က်ေရာက္ၿပီး ယင္းေန႔သည္ ပံုမွန္႐ုံးဖြင့္ရက္ တစ္ရက္ျဖစ္ေနေၾကာင္း တိုက်ိဳ႐ုပ္သံစနစ္( တီဘီအက္စ္) ႐ုပ္သံလိုင္းကေဖာ္ျပခဲ့သည္။

ကင္၏ဖခင္ ကင္ဂ်ဳံအီလ္၏ေမြးေန႔ျဖစ္ေသာ ေဖေဖာ္ဝါရီ ၁၆ ရက္ကို ေသာက္ရွဴးၾကယ္ေန႔အျဖစ္ သတ္မွတ္ၿပီး ႏုိင္ငံတြင္း ေပ်ာ္ပဲြရႊင္ပဲြမ်ားကုိ ပံုမွန္က်င္းပခဲ့သည္။ အဘုိးျဖစ္သူ ကင္အီလ္ဆြန္း၏ေမြးေန႔ျဖစ္ေသာ ဧၿပီ ၁၅ ရက္ကို သူရဇၨေန႔အျဖစ္ သတ္မွတ္ထားသည္။

ဖခင္ႏွင့္ အဘုိးျဖစ္သူတုိ႔၏ေမြးေန႔မ်ားကုိ အမ်ိဳးသားအားလပ္ရက္မ်ားအျဖစ္ သတ္မွတ္ထားသည္။ သို႔ေသာ္ ေျမာက္ကိုရီးယားသည္ လက္ရွိ ေခါင္းေဆာင္ ကင္၏ေမြးေန႔ကုိ ထုတ္ျပန္ျခင္းမျပဳေသးသလို အမ်ားျပည္သူဆုိင္ရာ ႐ုံးပိတ္ရက္အျဖစ္လည္း သတ္မွတ္ထားျခင္း မရွိေသးေခ်။

၂၀၁၄ ခုႏွစ္တြင္မူ အေမရိကန္ဘက္စ္ကတ္ေဘာကစားသမား ဒင္းနစ္ ေရာ့ဒ္မန္း ေျမာက္ကိုရီးယားသို႔သြားေရာက္စဥ္တြင္ ေရာ့ဒ္မန္းသည္ ကင္အတြက္ ေပ်ာ္ရႊင္ဖြယ္ေမြးေန႔ သီခ်င္းကို သီဆုိခဲ့သည္။

ေျမာက္ကိုရီးယား၏ ၂၀၁၈ ခုႏွစ္အတြက္ ျပကၡဒိန္ကို ဟိုတယ္မ်ားႏွင့္ စာအုပ္ဆုိင္မ်ားတြင္ ဝယ္ယူရရွိႏိုင္ၿပီျဖစ္သည္။ ျပကၡဒိ္န္တြင္ ေျမာက္ကိုရီးယားႏုိင္ငံတြင္း ထုတ္လုပ္သည့္ အေဖ်ာ္ယမကာ၊ ဂ်င္ဆင္းႏွင့္ ဖိနပ္မ်ားအပါအဝင္ ထုတ္ကုန္ပံုမ်ားကုိ ႐ိုက္ႏွိပ္ေဖာ္ျပထားသည္။ ယခင္ထုတ္ေဝခဲ့သည့္ ျပကၡဒိန္မ်ားတြင္ ေျမာက္ကိုရီးယားစစ္တပ္ႏွင့္ ကင္မိသားစုတို႔၏ပံုမ်ားကိုသာေဖာ္ျပခဲ့သည္။

ယခင္က ထုတ္ေဝခဲ့သည့္ ဝါဒျဖန္႔ခ်ိေရးျပကၡဒိန္မ်ားေရာင္းမေကာင္း ေသာေၾကာင့္ ေဖာ္ျပသည့္ ပံုမ်ားကုိေျပာင္းလဲကာ ေျမာက္ကိုရီးယားသည္ စားသံုးသူမ်ားကိုအေလးထားသည့္ ႏိုင္ငံျဖစ္ေၾကာင္း ေဖာ္ျပရန္ ထုတ္ကုန္မ်ားကုိေဖာ္ျပရျခင္းျဖစ္ႏုိင္ေၾကာင္း ေတာင္ကိုရီးယားရွိ ေန႔စဥ္ထုတ္သတင္းစာ အင္န္ေကကေရးသားေဖာ္ျပခဲ့သည္။

၂၀၁၈ ခုႏွစ္ ျပကၡဒိန္၏စက္တင္ဘာလ စာမ်က္ႏွာတြင္ က်န္းမာေရး နာရီဆိုသည့္ ပစၥည္းတစ္္ခု၏ပံုႏွင့္ ယင္းနာရီသည္ လူ၏ေသြးလည္ပတ္မႈ ႏွင့္ ခုခံအားစနစ္တို႔ကိုအားေကာင္းေစမည္ျဖစ္ေၾကာင္း ေရးသားထားမႈ တစ္ခုတို႔ကို ျမင္ေတြ႕ရမည္ျဖစ္သည္။

Source:BBC

႐ုိးေျမ

ပြုံယမ်း ဒီဇင်ဘာ ၂၃

မြောက်ကိုရီးယား၌ မကြာသေးမီတွင် ထုတ်ဝေဖြန့်ချိခဲ့သည့် ၂၀၁၈ ခုနှစ်အတွက် ပြက္ခဒိန်များတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်၏မွေးနေ့ကို အထူးသီးသန့်ဖော်ပြထားခြင်းမရှိချေ။

မဟာခေါင်းဆောင်ကြီး ကင်ဂျုံအန်မွေးနေ့ဟု ယူဆရသည့် ဇန်နဝါရီ ၈ ရက်သည် တနင်္လာနေ့တွင် ကျရောက်ပြီး ယင်းနေ့သည် ပုံမှန်ရုံးဖွင့်ရက် တစ်ရက်ဖြစ်နေကြောင်း တိုကျိုရုပ်သံစနစ်( တီဘီအက်စ်) ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

ကင်၏ဖခင် ကင်ဂျုံအီလ်၏မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၆ ရက်ကို သောက်ရှူးကြယ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတွင်း ပျော်ပွဲရွှင်ပွဲများကို ပုံမှန်ကျင်းပခဲ့သည်။ အဘိုးဖြစ်သူ ကင်အီလ်ဆွန်း၏မွေးနေ့ဖြစ်သော ဧပြီ ၁၅ ရက်ကို သူရဇ္ဇနေ့အဖြစ် သတ်မှတ်ထားသည်။

ဖခင်နှင့် အဘိုးဖြစ်သူတို့၏မွေးနေ့များကို အမျိုးသားအားလပ်ရက်များအဖြစ် သတ်မှတ်ထားသည်။ သို့သော် မြောက်ကိုရီးယားသည် လက်ရှိ ခေါင်းဆောင် ကင်၏မွေးနေ့ကို ထုတ်ပြန်ခြင်းမပြုသေးသလို အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားခြင်း မရှိသေးချေ။

၂၀၁၄ ခုနှစ်တွင်မူ အမေရိကန်ဘက်စ်ကတ်ဘောကစားသမား ဒင်းနစ် ရော့ဒ်မန်း မြောက်ကိုရီးယားသို့သွားရောက်စဉ်တွင် ရော့ဒ်မန်းသည် ကင်အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ သီချင်းကို သီဆိုခဲ့သည်။

မြောက်ကိုရီးယား၏ ၂၀၁၈ ခုနှစ်အတွက် ပြက္ခဒိန်ကို ဟိုတယ်များနှင့် စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ပြက္ခဒိ်န်တွင် မြောက်ကိုရီးယားနိုင်ငံတွင်း ထုတ်လုပ်သည့် အဖျော်ယမကာ၊ ဂျင်ဆင်းနှင့် ဖိနပ်များအပါအဝင် ထုတ်ကုန်ပုံများကို ရိုက်နှိပ်ဖော်ပြထားသည်။ ယခင်ထုတ်ဝေခဲ့သည့် ပြက္ခဒိန်များတွင် မြောက်ကိုရီးယားစစ်တပ်နှင့် ကင်မိသားစုတို့၏ပုံများကိုသာဖော်ပြခဲ့သည်။

ယခင်က ထုတ်ဝေခဲ့သည့် ဝါဒဖြန့်ချိရေးပြက္ခဒိန်များရောင်းမကောင်း သောကြောင့် ဖော်ပြသည့် ပုံများကိုပြောင်းလဲကာ မြောက်ကိုရီးယားသည် စားသုံးသူများကိုအလေးထားသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြရန် ထုတ်ကုန်များကိုဖော်ပြရခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားရှိ နေ့စဉ်ထုတ်သတင်းစာ အင်န်ကေကရေးသားဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ် ပြက္ခဒိန်၏စက်တင်ဘာလ စာမျက်နှာတွင် ကျန်းမာရေး နာရီဆိုသည့် ပစ္စည်းတစ််ခု၏ပုံနှင့် ယင်းနာရီသည် လူ၏သွေးလည်ပတ်မှု နှင့် ခုခံအားစနစ်တို့ကိုအားကောင်းစေမည်ဖြစ်ကြောင်း ရေးသားထားမှု တစ်ခုတို့ကို မြင်တွေ့ရမည်ဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ၂၀၁၄ ခုနှစ်က ဘက်စ်ကတ်ဘောကစားသမား ဒင်းနစ်ရော့ဒ်မန်းနှင့် ကင်ဂျံုအန်တို့အား တွေ့ရစဉ်။

 

Leave a Reply