အသတ္ခံရသည့္ တပ္ဖြဲ႔ဝင္မ်ားအတြက္ ဥပေဒအတိုင္းျဖစ္ေစခ်င္ေၾကာင္း KNPP ေျပာ

0
160

 

ရန္ကုန္၊ဒီဇင္ဘာ ၂၃၊၂၀၁၇

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕အနီး ၇ မိုင္ကင္းစခန္းတြင္ တာဝန္က်ေနေသာ KNPP လက္နက္ကိုင္တပ္ဖြဲ႔မွ တပ္သားေလးေယာက္ ကို ျမန္မာ့တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး သတ္ျဖတ္ခဲ့သည္ဟု စြပ္စြဲၿပီးေနာက္ တရားဥပေဒအတိုင္းသာ ျဖစ္ေစခ်င္ေၾကာင္း KNPP အဖြဲ႔မွ အတြင္းေရမွဴး (၂) ေစာဒန္နီယာယ္ က ေျပာသည္။

ဒီဇင္ဘာ ၁၉ ရက္ က သစ္မ်ားတင္ေဆာင္လာေသာ တပ္မေတာ္ ဒကစ ကားကို KNPP တပ္ဖြဲ႔ဝင္မ်ားက တားဆီးခဲ့ၿပီး ယင္းေန႔ညတြင္ပင္ KNPP ကင္းစခန္းတစ္ခုကို တပ္မေတာ္တပ္တခ်ိဳ႕က လာေရာက္ဝိုင္းခဲ့ၿပီး တပ္ဖြဲ႔ဝင္ေလးဦးကိုလည္း ဖမ္းဆီးသြားၿပီးေနာက္ အရိုးအိုးမ်ားသာ ျပန္လည္ေပးပို႔ခဲ့ျခင္းျဖစ္သည္ဟု ၄င္းကဆက္လက္ေျပာၾကားသည္။

“ ျဖစ္ၿပီးတာေတြလည္း ၿပီးသြားၿပီေပါ့။ အခုအခ်ိန္မွာေတာ့ ေအးေဆးပါပဲ။ သတ္ျဖတ္ခဲ့မႈအတြက္ တရားဥပေဒအတိုင္းျဖစ္ေစခ်င္ပါတယ္။ ဒီ႔အတြက္ လည္း ေတာင္းဆိုသြားမွာပါ။” ဟု KNPP အဖြဲ႔၏ အတြင္းေရးမွဴး ၂ ေစာဒန္နီယယ္ က ေျပာသည္။

အဆိုပါ ကိစၥရပ္ႏွင့္ ပတ္သက္၍ ပဥၥမလႈိင္း မီဒီယာမွ ဒကစ (လိြဳင္ေကာ္)ရွိ ဗိုလ္မွဴးမ်ိဳးမင္း ၏လက္ကိုင္ဖုန္းသို႔ အႀကိမ္ႀကိမ္ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိခဲ့ေပ။

တပ္မေတာ္ေမာ္ေတာ္ယာဥ္မွ သစ္တင္ေဆာင္လာသည္ဆိုေသာ သတင္းႏွင့္ပတ္သက္ၿပီး ေဒသခံတစ္ဦးကို ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းက “ တပ္က ရိကၡာပို႔တဲ့ကားေတြ အျပန္မွာ သစ္ေတြ တင္လာတာေတြ႔ေတာ့ သူတို႔ကတားတယ္ေပါ့။ ေနာက္ေတာ့ ဖမ္းသြားတယ္ၾကားတယ္။” ဟု လိြဳင္ေကာ္ေဒသခံတစ္ဦးက ေျပာသည္။

ယင္းျဖစ္စဥ္ေၾကာင့္ ယမန္ေန႔က လိြဳင္ေကာ္ၿမိဳ႕ေပၚတြင္လည္း ဆႏၵျပမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အေျခအေနမ်ား တည္ၿငိမ္လ်က္ ရွိေၾကာင္းလည္း သိရသည္။

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)သည္ အစိုးရႏွင့္ ျပည္နယ္ အဆင့္၊ ျပည္ေထာင္စုအဆင့္လက္မွတ္ေရးထိုးထားေသာ္လည္း NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားျခင္း မရွိေသာအဖြဲ႔လည္းျဖစ္ၿပီး UNFC အဖြဲ႔၏ ဦးေဆာင္အဖြဲ႔တစ္ဖြဲ႔လည္း ျဖစ္သည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ဒီဇင်ဘာ ၂၃၊၂၀၁၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီး ရ မိုင်ကင်းစခန်းတွင် တာဝန်ကျနေသော KNPP လက်နက်ကိုင်တပ်ဖွဲ့မှ တပ်သားလေးယောက် ကို မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြီးနောက် တရားဥပဒေအတိုင်းသာ ဖြစ်စေချင်ကြောင်း KNPP အဖွဲ့မှ အတွင်းရေမှူး (၂) စောဒန်နီယာယ် က ပြောသည်။

ဒီဇင်ဘာ ၁၉ ရက် က သစ်များတင်ဆောင်လာသော တပ်မတော် ဒကစ ကားကို KNPP တပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး ယင်းနေ့ညတွင်ပင် KNPP ကင်းစခန်းတစ်ခုကို တပ်မတော်တပ်တချို့က လာရောက်ဝိုင်းခဲ့ပြီး တပ်ဖွဲ့ဝင်လေးဦးကိုလည်း ဖမ်းဆီးသွားပြီးနောက် အရိုးအိုးများသာ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

“ ဖြစ်ပြီးတာတွေလည်း ပြီးသွားပြီပေါ့။ အခုအချိန်မှာတော့ အေးဆေးပါပဲ။ သတ်ဖြတ်ခဲ့မှုအတွက် တရားဥပဒေအတိုင်းဖြစ်စေချင်ပါတယ်။ ဒီ့အတွက် လည်း တောင်းဆိုသွားမှာပါ။” ဟု KNPP အဖွဲ့၏ အတွင်းရေးမှူး ၂ စောဒန်နီယယ် က ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ပဥ္စမလှိုင်း မီဒီယာမှ ဒကစ (လွိုင်ကော်)ရှိ ဗိုလ်မှူးမျိုးမင်း ၏လက်ကိုင်ဖုန်းသို့ အကြိမ်ကြိမ်ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တပ်မတော်မော်တော်ယာဉ်မှ သစ်တင်ဆောင်လာသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ၄င်းက “ တပ်က ရိက္ခာပို့တဲ့ကားတွေ အပြန်မှာ သစ်တွေ တင်လာတာတွေ့တော့ သူတို့ကတားတယ်ပေါ့။ နောက်တော့ ဖမ်းသွားတယ်ကြားတယ်။” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ယမန်နေ့က လွိုင်ကော်မြို့ပေါ်တွင်လည်း ဆန္ဒပြမှု တစ်ခုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေများ တည်ငြိမ်လျက် ရှိကြောင်းလည်း သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)သည် အစိုးရနှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားသော်လည်း NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောအဖွဲ့လည်းဖြစ်ပြီး UNFC အဖွဲ့၏ ဦးဆောင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

သျှင်ရဲထွဋ်

 

Leave a Reply