ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရးေကာ္မတီဥကၠ႒ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ အမႈမွန္ေပၚေပါက္ေစလို

0
202

ပံုစာ- ေသဆံုးသူ၏ သမီးျဖစ္သူ မယုနႏၵာ

မႏၱေလး၊ဒီဇင္ဘာ ၂၃၊၂၀၁၇

ကခ်င္ျပည္နယ္၊ဖားကန္႔ၿမိဳ႕နယ္ မ႐ွီကေထာင္ရပ္ကြက္တြင္ ပုဂၢလိက ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရး ေကာ္မတီဥကၠဌ ဦးခင္စိုးဆိုသူအား လက္နက္ကိုင္ေဆာင္ထားသူ ေလးဦးမွ ေသနတ္ျဖင့္ ပစ္သတ္ခဲ့ျခင္း အတြက္ အမႈမွန္ေပၚေပါက္ေစေရးေစလိုေၾကာင္း ၎၏ မိသားစုဝင္မ်ားက ဆိုသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ (၁၉) ရက္ေန႔၊ေန႔လယ္ ၁၂ နာရီအခ်ိန္ခန္႔တြင္ ရတနာဖားကန္႔ ကားဂိတ္၌ အမည္မသိလူေလးေယာက္ က ဦးခင္စိုး၏ ေနာက္ေက်ာကို ေသနတ္ျဖင့္ပစ္သတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အေဖ့ကို သတ္သြားတဲ့လူေတြက ဘယ္သူေတြလဲေတာ့ မသိဘူး ။ ဒါေပမယ့္ သူတို႔ကို အေရးယူေပးေစခ်င္တယ္ ။ အေဖအသတ္ခံရတဲ့အခ်ိန္ ကြ်န္မရွိေနပါတယ္ ။ စကားသံဝဲဝဲနဲ႔ လူေတြပဲ ။ အေဖက ဘာရန္ညိႇဳးရန္စမွ မရွိဘူး ။” ဟု ေသဆံုးသူ၏ သမီးျဖစ္သူ မယုနႏၵာ က ေျပာသည္။

ေသနတ္ျဖင့္ ပစ္သတ္ခံရသူ ဦးခင္စိုးသည္ ရွမ္းနီတိုင္းရင္းသားလူမ်ိဳးျဖစ္ၿပီး ရပ္ကြက္ဖြံ႔ၿဖိဳးတိုးတက္ေရးမ်ား လုပ္ေဆာင္သူျဖစ္သလို ၂၀၂၀ ခုႏွစ္တြင္ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ထားသူလည္းသည္။

“ဒါက လက္နက္ရွိတဲ့လူက လက္နက္မရွိတဲ့ ျပည္သူကို မတရား သတ္ျဖတ္တာျဖစ္တယ္။ကြ်န္ေတာ္တို႔ ရွမ္းနီလူမ်ိဳးေတြ ဖိႏွိတ္ခံရတယ္။ သတ္သြားတဲ့သူက ဘယ္သူလဲတာ မသိတာ။ သံုးသပ္ၾကည့္ရင္ KIA က လူေတြလုပ္သြားတာ သိသာတယ္ ။ ဘာလို႔လဲဆိုရင္ ရွမ္းနီလူမ်ိဳးရဲ႕ ေခါင္းေဆာင္ပိုင္းေတြကို ဒီလိုပံုစံမ်ိဳးနဲ႔ မၾကာခဏ သတ္ခံရတယ္” ဟု ေသဆံုးသူ၏ ညီျဖစ္သူ ဦးေအာင္ေဌး က ေျပာသည္။

ဖားကန္႔ေဒသတြင္ ေသနတ္ျဖင့္ ပစ္သတ္မႈမ်ား မၾကာခဏျဖစ္ပြားၿပီး ၅ လအတြင္း ဗံုးေပါက္ကြဲမႈ (၉) ႀကိမ္ ၊ ဖမ္းဆီးေခၚေဆာင္ခံရမႈ (၃) ႀကိမ္ႏွင့္ ေက်ာက္စိမ္း ကုမၼဏီအတြင္းကားမ်ား မီးရွိဳ႕မႈ (၁) ႀကိမ္ စသည္တို႔ျဖစ္ပြား ခဲ့ေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္း ရွမ္းနီမ်ိဳးႏြယ္စုေရးရာ အဖြဲ႔မွ သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၃၊၂၀၁၇

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်တွင် ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီဥက္ကဌ ဦးခင်စိုးဆိုသူအား လက်နက်ကိုင်ဆောင်ထားသူ လေးဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း အတွက် အမှုမှန်ပေါ်ပေါက်စေရေးစေလိုကြောင်း ၎င်း၏ မိသားစုဝင်များက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၉) ရက်နေ့၊နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ရတနာဖားကန့် ကားဂိတ်၌ အမည်မသိလူလေးယောက် က ဦးခင်စိုး၏ နောက်ကျောကို သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဖေ့ကို သတ်သွားတဲ့လူတွေက ဘယ်သူတွေလဲတော့ မသိဘူး ။ ဒါပေမယ့် သူတို့ကို အရေးယူပေးစေချင်တယ် ။ အဖေအသတ်ခံရတဲ့အချိန် ကျွန်မရှိနေပါတယ် ။ စကားသံဝဲဝဲနဲ့ လူတွေပဲ ။ အဖေက ဘာရန်ညှိုးရန်စမှ မရှိဘူး ။” ဟု သေဆုံးသူ၏ သမီးဖြစ်သူ မယုနန္ဒာ က ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးခင်စိုးသည် ရှမ်းနီတိုင်းရင်းသားလူမျိုးဖြစ်ပြီး ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်သူဖြစ်သလို ၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသူလည်းသည်။

“ဒါက လက်နက်ရှိတဲ့လူက လက်နက်မရှိတဲ့ ပြည်သူကို မတရား သတ်ဖြတ်တာဖြစ်တယ်။ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေ ဖိနှိတ်ခံရတယ်။ သတ်သွားတဲ့သူက ဘယ်သူလဲတာ မသိတာ။ သုံးသပ်ကြည့်ရင် KIA က လူတွေလုပ်သွားတာ သိသာတယ် ။ ဘာလို့လဲဆိုရင် ရှမ်းနီလူမျိုးရဲ့ ခေါင်းဆောင်ပိုင်းတွေကို ဒီလိုပုံစံမျိုးနဲ့ မကြာခဏ သတ်ခံရတယ်” ဟု သေဆုံးသူ၏ ညီဖြစ်သူ ဦးအောင်ဌေး က ပြောသည်။

ဖားကန့်ဒေသတွင် သေနတ်ဖြင့် ပစ်သတ်မှုများ မကြာခဏဖြစ်ပွားပြီး ၅ လအတွင်း ဗုံးပေါက်ကွဲမှု (၉) ကြိမ် ၊ ဖမ်းဆီးခေါ်ဆောင်ခံရမှု (၃) ကြိမ်နှင့် ကျောက်စိမ်း ကုမ္မဏီအတွင်းကားများ မီးရှို့မှု (၁) ကြိမ် စသည်တို့ဖြစ်ပွား ခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းနီမျိုးနွယ်စုရေးရာ အဖွဲ့မှ သိရသည်။

နိုင်လင်းဦး

ပုံစာ- သေဆုံးသူ၏ သမီးဖြစ်သူ မယုနန္ဒာ

Leave a Reply