စုပ္ခြက္ငါးမ်ားေၾကာင့္ ငါးေမြးျမဴသူအမ်ားစု အရံႈးေပၚ

0
174

ဓာတ္ပံု-Biodiversity and Nature Conservation Association – BANCA

ရန္ကုန္၊ ဒီဇင္ဘာ ၂၃၊၂၀၁၇

ျမန္မာႏိုင္ငံမ်ိဳးရင္းမဟုတ္သည့္ စုပ္ခြက္ငါးမ်ားေၾကာင့္ ငါးေမြးျမဴေရး လုပ္ငန္း လုပ္ကိုင္ေနသူမ်ား အရံႈးေပၚလ်က္ရွေနေၾကာင္း စံုစမ္းသိရွိရသည္။

ေဒသအေခၚ ေျမြေပြးငါးခူဟုလည္းေခၚေသာ စုပ္ခြက္ငါးမ်ားသည္ ငါးေမြးျမဴေရးလုပ္ကိုင္သည့္ ကန္မ်ားအတြင္း ေပါက္ပြားမႈႏႈန္း ေကာင္းေနေသာေၾကာင့္ အစာဖိုးကုန္ၿပီး ျပန္ေရာင္းမရသျဖင့္ အရံႈးေပၚေနျခင္းလည္း ျဖစ္သည္။

“ ဒီစုပ္ခြက္ေတြက စားလို႔လည္းမရဘူး။ငါးကန္ေဖာ္ေတာ့ အမ်ားႀကီး ထြက္လာတယ္။ အစာဖိုးကုန္တယ္။ ျပန္ေရာင္းမရေတာ့ ရံႈးေတာ့တာေပါ့” BANCA မွ Program Officer ဦးေသာ္ၿဖိဳးေရႊ က ကြင္းဆင္းေလ့လာမႈမ်ား ကို ေျပာျပသည္။

ငါးေမြးျမဴေရးအဓိကလုပ္ကိုင္ေသာ ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္အတြင္းရွိ ငါးလုပ္ငန္းရွင္ေပါင္း ၄၀ ေက်ာ္၊ ငါးကန္ဧက ၈၀၀၀ေက်ာ္တြင္ ငါးၾကင္း၊ ငါးျမစ္ခ်င္းႏွင့္ ငါးၾကင္းေခါင္းပြ ငါးမ်ားကို အဓိကေမြးျမဴၾကၿပီး ဧက ၄၀ ငါးကန္တစ္ခုတြင္ စုပ္ခြက္ငါးပိသာခ်ိန္ ႏွစ္ေထာင္ေက်ာ္ခန္႔ ေကာင္ေရ (၄၀၀၀) ခန္႔ထြက္ရွိေနေၾကာင္းလည္း ဇီဝမ်ိဳးစံုမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးအသင္း (BANCA) သိရသည္။

ယင္းစုပ္ခြက္ငါးမ်ားကို စားသံုးပါက အရည္ျပားယားယံျခင္းမ်ား ျဖစ္ေပၚေၾကာင္းလည္း ဆက္လက္ရွင္းျပသည္။ သို႔ေသာ္လည္း အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ မိခင္ႏို႔ရည္ထြက္ရွိရန္အတြက္ အရည္ေသာက္ ခ်က္ျပဳတ္စားေသာက္ပံုစံျဖင့္ ခ်က္ျပဳတ္စားေသာက္ေၾကာင္း သိရသည္။

ငါးကန္မ်ားဆယ္ယူရာတြင္လည္း စုပ္ကြက္ငါးဆူးေတာင္မ်ားေၾကာင့္ လုပ္သားမ်ားထိခိုက္ဒဏ္ရာမ်ား ရရွိေစျခင္း၊ ကန္မ်ားအတြင္း စုပ္ခြက္ငါးမ်ား၏ ဆူးေတာင္မ်ားေၾကာင့္ ေမြးျမဴထားေသာ ငါးမ်ားဒဏ္ရာမ်ား ရရွိေစႏိုင္ျခင္း၊ ငါးကန္မ်ားကို တူးဆြျခင္းမ်ားေၾကာင့္လည္း ကန္မ်ား ပ်က္စီးျခင္းမ်ားကို ခံစားေနရေၾကာင္းလည္း ကြင္းဆင္းေလ့လာ သည္မ်ားကို ရွင္းျပသည္။

“ ဒီေကာင္ေတြကို ရွင္းလင္းဖို႔ဆိုရင္ စီမံခ်က္ခ်မွရမယ္။ ဒီတိုင္းဆိုရင္ သဘာဝတ္ဝန္းက်င္ပါ ပ်က္စီးသြားႏိုင္တယ္” ဟု ဦးေသာ္ၿဖိဳးေရႊ က သတိေပးေျပာၾကားသည္။

စုပ္ခြက္ငါးမ်ားသည္ ရန္ကုန္တိုင္းေဒသႀကီး တြံ႔ေတးၿမိဳ႕နယ္တြင္းသာ ပ်ံ႕ႏွံ႔ေနျခင္းမဟုတ္ဘဲ ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕နယ္ ပတ္ဝန္းက်င္ရွိ ေနရာမ်ားႏွင့္ မိုးယြန္းႀကီးအင္း၊ ရွမ္းျပည္နယ္ရွိ အင္းေလးကန္မ်ားအတြင္းပါ ပ်ံ႕ႏွံ႕လ်က္ရွိေနေၾကာင္းလည္း သိရသည္။

စုပ္ခြက္ငါးသည္ အေမဇုန္ငါးမ်ိဳးျဖစ္ၿပီး အလွေမြးငါးေမြးျမဴသူမ်ားသည္ ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းလာၿပီး ႀကီးထြားေသာအခါ နီးစပ္ရာျမစ္ေခ်ာင္း မ်ားအတြင္း လႊတ္ေပးျခင္း၊ ျမန္မာဘာသာေရးအရ ုငါးလႊတ္ရာတြင္ စုပ္ခြက္ငါးမ်ားကို ဝယ္ယူၿပီး နီစပ္ရာကန္မ်ားတြင္ လႊတ္ေပးမႈမ်ားေၾကာင့္ ယခုကဲ့သို႔ အဆမတန္မ်ိဳးပြားလာျခင္း ျဖစ္ေၾကာင္း သိရသည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ ဒီဇင်ဘာ ၂၃၊၂၀၁၇

မြန်မာနိုင်ငံမျိုးရင်းမဟုတ်သည့် စုပ်ခွက်ငါးများကြောင့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူများ အရှုံးပေါ်လျက်ရှနေကြောင်း စုံစမ်းသိရှိရသည်။

ဒေသအခေါ် မြွေပွေးငါးခူဟုလည်းခေါ်သော စုပ်ခွက်ငါးများသည် ငါးမွေးမြူရေးလုပ်ကိုင်သည့် ကန်များအတွင်း ပေါက်ပွားမှုနှုန်း ကောင်းနေသောကြောင့် အစာဖိုးကုန်ပြီး ပြန်ရောင်းမရသဖြင့် အရှုံးပေါ်နေခြင်းလည်း ဖြစ်သည်။

“ ဒီစုပ်ခွက်တွေက စားလို့လည်းမရဘူး။ငါးကန်ဖော်တော့ အများကြီး ထွက်လာတယ်။ အစာဖိုးကုန်တယ်။ ပြန်ရောင်းမရတော့ ရှုံးတော့တာပေါ့” BANCA မှ Program Officer ဦးသော်ဖြိုးရွှေ က ကွင်းဆင်းလေ့လာမှုများ ကို ပြောပြသည်။

ငါးမွေးမြူရေးအဓိကလုပ်ကိုင်သော ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ ငါးလုပ်ငန်းရှင်ပေါင်း ၄၀ ကျော်၊ ငါးကန်ဧက ၈၀၀၀ကျော်တွင် ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးကြင်းခေါင်းပွ ငါးများကို အဓိကမွေးမြူကြပြီး ဧက ၄၀ ငါးကန်တစ်ခုတွင် စုပ်ခွက်ငါးပိသာချိန် နှစ်ထောင်ကျော်ခန့် ကောင်ရေ (၄၀၀၀) ခန့်ထွက်ရှိနေကြောင်းလည်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သိရသည်။

ယင်းစုပ်ခွက်ငါးများကို စားသုံးပါက အရည်ပြားယားယံခြင်းများ ဖြစ်ပေါ်ကြောင်းလည်း ဆက်လက်ရှင်းပြသည်။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများတွင် မိခင်နို့ရည်ထွက်ရှိရန်အတွက် အရည်သောက် ချက်ပြုတ်စားသောက်ပုံစံဖြင့် ချက်ပြုတ်စားသောက်ကြောင်း သိရသည်။

ငါးကန်များဆယ်ယူရာတွင်လည်း စုပ်ကွက်ငါးဆူးတောင်များကြောင့် လုပ်သားများထိခိုက်ဒဏ်ရာများ ရရှိစေခြင်း၊ ကန်များအတွင်း စုပ်ခွက်ငါးများ၏ ဆူးတောင်များကြောင့် မွေးမြူထားသော ငါးများဒဏ်ရာများ ရရှိစေနိုင်ခြင်း၊ ငါးကန်များကို တူးဆွခြင်းများကြောင့်လည်း ကန်များ ပျက်စီးခြင်းများကို ခံစားနေရကြောင်းလည်း ကွင်းဆင်းလေ့လာ သည်များကို ရှင်းပြသည်။

“ ဒီကောင်တွေကို ရှင်းလင်းဖို့ဆိုရင် စီမံချက်ချမှရမယ်။ ဒီတိုင်းဆိုရင် သဘာဝတ်ဝန်းကျင်ပါ ပျက်စီးသွားနိုင်တယ်” ဟု ဦးသော်ဖြိုးရွှေ က သတိပေးပြောကြားသည်။

စုပ်ခွက်ငါးများသည် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်တွင်းသာ ပျံ့နှံ့နေခြင်းမဟုတ်ဘဲ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပတ်ဝန်းကျင်ရှိ နေရာများနှင့် မိုးယွန်းကြီးအင်း၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်များအတွင်းပါ ပျံ့နှံ့လျက်ရှိနေကြောင်းလည်း သိရသည်။

စုပ်ခွက်ငါးသည် အမေဇုန်ငါးမျိုးဖြစ်ပြီး အလှမွေးငါးမွေးမြူသူများသည် ပြည်ပနိုင်ငံများမှ တင်သွင်းလာပြီး ကြီးထွားသောအခါ နီးစပ်ရာမြစ်ချောင်း များအတွင်း လွှတ်ပေးခြင်း၊ မြန်မာဘာသာရေးအရ ုငါးလွှတ်ရာတွင် စုပ်ခွက်ငါးများကို ဝယ်ယူပြီး နီစပ်ရာကန်များတွင် လွှတ်ပေးမှုများကြောင့် ယခုကဲ့သို့ အဆမတန်မျိုးပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ-Biodiversity and Nature Conservation Association – BANCA

Leave a Reply