ယခုနှစ်ကုန်တွင် အနိမ့်ဆုံးလုပ်ခလစာ သတ်မှန်ရန် စီစဉ်ထား
0
150
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသည့် အနိမ့်ဆုံး အခကြေးငွေပြင်ဆင် သတ်မှတ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖြိုးဖြိုး
ရန်ကုန်၊ဒီဇင်ဘာ ၂၄၊၂၀၁၇
အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ခြင်းကို ဒီဇင်ဘာလကုန်ပိုင်းတွင် သတ်မှတ်ရန်စီစဉ်ထား ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကပြောသည်။
”ဒီဇင်ဘာလကုန်လောက်ကို အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ဖို့အတွက် စီစဉ်ထားတယ်” ဟု ဦးသိန်းဆွေကပြောသည်။
ဒီဇင််ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသည့် အနိမ့်ဆုံး အခကြေးငွေပြင်ဆင် သတ်မှတ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အနိမ့်ဆုံးလုပ်ခလစာအဖြစ် အလုပ်သမားများဘက်မှ ကျပ် ၅၆၀၀ ရရန် ရည်းမှည်းထားပြီး အလုပ်ရှင်များအနေဖြင့် ၄၀၀၀ ကျပ် ဝန်းကျင်သာ ပေးနိုင်ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြားမှုများရှိခဲ့သည်။
”ကျွန်တော်တို့က အလုပ်သမားတွေရဲ့တစ်နေတာဝင်ငွေ လုံလောက်မှုကို စာရင်းပြုစုပြီးလုပ်ထားတာ။အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး ပညာရေးနဲ့လူမှုရေးတွေအတွက် တစ်ရက်ကို ၅၆၀၀ လောက်ရမှ လုံလောက်မယ်” ဟု မြန်မာနို်င်ငံစက််မှုလက်မှုနှင့် ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) မှ အထွေထွေအတွင်းရေးမှူ း ကိုသက်နှင်းအောင်ကပြောသည်။
အနိမ့်ဆုံး အခကြေးငွေ နှင့် အလုပ်သမားအခွင့်အရေးပူပေါင်ဆောင်ရွက် ရေးကော်မတီမှ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစာအတွက် ကျပ် ၅၆၀၀ ထက်မနည်းသတ်မှတ်ပေးရန် တောင်းဆိုထားသော်လည်း အလုပ်ရှင်များဘက်မှ ကျပ် ၄၀၀၀ ဝန်းကျင်သာပေးနိုင်ကြောင်းသိရသည်။
”အမြင့်ဆုံးလုပ်ခလစာအနေနဲ့ ၄၀၀၀ ပေါ့ ။အဲတာအမြင့်ဆုံးပေးနိုင် တာပေါ့။ဘာကြောင့် ဘယ်လောက်ပဲပေးနိင်တယ်ဆိုတာ တစ်ဖက် နားလည်အောင် ရှင်းပြသွားမှာပါ” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်မောင်အေး ကပြောသည်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် တစ်နာရီ ၄၅၀ ကျပ်နှုန်းဖြင့် အနိမ့်ဆုံးလုပ်ခလစာ ကိုသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်ပြည့်လျှင်ပြန်လည် ပြင်ဆင်ရမည်ဖြစ်ကြောင်းသိရသည်။
ဖြိုးဖြိုး
Leave a Reply