သရုပ်ဆောင်သီဟတင်စိုးကို စွဲဆိုထားသည့်အမှု ပလပ်မိန့်ချ၊ တရားပြန်စွဲရန် စီစဉ်နေ

0
116

သြဂုတ် ၂၄
ကျော်သူမြင့်

သရုပ်ဆောင်သီဟတင်စိုးအား အိမ်အကူ ခင်မာမြင့်က အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုထားခြင်းကို တရားရုံးက ပလပ်မိန့်ချခဲ့ကြောင်း သီဟတင်စိုးက ပြောသည်။

အိမ်အကူခင်မာမြင့်က သုဝဏ္ဏ ရဲစခန်းတွင် အဆိုပါအမှုနှင့်ပတ်သတ်၍ တရားစွဲဆိုခဲ့ ခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ သီဟတင်စိုးက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ကျွန်တော်အမှုကို တရားရုံးက ပလပ်မိန့် စာထုတ်လိုက်ပြီ။ သူ့ကိုတရားပြန်စွဲမလားဆိုတာ ဥပဒေအရာရှိတွေနဲ့တိုင်ပင်ရအုံးမယ်´´ ဟု သီဟတင်စိုးကပြောသည်။

အဓမ္မပြုကျင့်သည်ဟု လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူပွဲစား ဒေါ်ညိုနှင့် ခင်မာမြင့်တို့ နှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး ၎င်းတို့၏ အာမခံလျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပယ်ချခဲ့သည်။

လိမ်လည်တိုင်တန်းခဲ့သူကို တရားပြန်စွဲရန် ၄င်း၏ဇနီးက စီစဉ်နေကြောင်း သရုပ်ဆောင် သီဟတင်စိုးက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြား သည်။

ပုံစာ – ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

Leave a Reply