လစဉ်မဂ္ဂဇင်းနှင့် ကျောင်းတွင်းသတင်းများကို သမဂ္ဂဦးဆောင်မှုဖြင့် ထုတ်ဝေမည်

0
167





နိုင်လင်းဦး

မန္တလေးမြို့ ၊ရတနာပုံတက္ကသိုလ်တွင် လစဉ်မဂ္ဂဇင်းနှင့် 
ကျောင်းတွင်းသတင်းများကို ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဦးဆောင်မှုဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ဝေသွားမည်ဟု သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စာပေကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကျောင်းတွင်း စာပေအနုပညာလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအောက်ကနေ ကော်မတီတစ်ရပ်အနေနဲ့ လှုပ်ရှားမယ် ။ ကျောင်းတွင်း မဂ္ဂဇင်းတွေ သတင်းစာပုံစံ စာစဉ်တွေ ထုတ်ဝေသွားမယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမယ်” ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ စာပေကော်မတီ တာဝန်ခံ ကိုနိုင်ရဲဝေ က ပြောသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် ကျောင်းတွင်းလှုပ်ရှားမှုများအပြင် နိုင်ငံရေးလှုပ်ရှားမှုများ ၊ ပညာရေးလှုပ်ရှားမှု စသည်တို့ကိုလည်း “ဗကသ” မူ ဖြင့် လှုပ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply