ခရီးသည္တင္ Express ကား ေအာက္ရွိ ပစၥည္းမ်ားထည့္သည့္အခန္းထဲမွ လူေသအေလာင္းႏွစ္ေလာင္းေတြ႔ရွိ

0
190

မႏၱေလး ၊ဒီဇင္ဘာ ၂၄၊၂၀၁၇

ေနျပည္ေတာ္မွ ျပင္ဦးလြင္သို႔ ေမာင္းႏွင္လာေသာ ခရီးသည္တင္ Express ကားေအာက္ရွိ ပစၥည္းမ်ားထည့္သည့္အခန္းအတြင္း လူေသအေလာင္းႏွစ္ေလာင္းကို ဒီဇင္ဘာလ ၂၃ ရက္ေန႔ ည (၉) နာရီ က ေတြ႕ရွိခဲ့ေၾကာင္း ျပင္ဦးလြင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္။

ေသဆံုးသူမ်ားမွာ ယာဥ္ေမာင္း ေနဝင္းထြန္း ႏွင့္ ယာဥ္ေနာက္လိုက္ ထိုက္ေအာင္တို႔ျဖစ္ၿပီး ေနျပည္ေတာ္မွ ျပင္ဦးလြင္သို႔ ေရာက္ရွိခ်ိန္၊ ခရီးေဆာင္ အိတ္မ်ားခ်သည့္အခါ၌ ကားေအာက္ခန္းအတြင္း ေသဆံုးေနၾကသည္ကို ေတြ႔ရျခင္း ျဖစ္ေၾကာင္းသိရသည္။

“သူတို႔က ေဆာင္းတြင္းဆိုေတာ့ ကားေအာက္က ေဘာက္စ္ထဲမွာ အိပ္ေနတာ ျဖစ္မယ္ ။ အဲ့ဒီထဲက အနံ႔အသက္ကလည္း မေကာင္းေတာ့ ေအာက္စီဂ်င္ျပတ္ၿပီး ေသတာျဖစ္ႏိုင္တယ္ ။ ေအာက္မွာ တံခါးပိတ္လိုက္တဲ့အတြက္ ေသတာျဖစ္ႏိုင္တယ္ ။ ဘယ္အခ်ိန္ကတည္း ကရွိေနတယ္ဆိုတာကိုေတာ့ မႈခင္းဆရာဝန္ရဲ႕ စစ္ေဆးခ်က္ထြက္လာမွ သိရမယ္ ။” ဟု ျပင္ဦးလြင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုး က တာဝန္က် ရဲအရာရွိတစ္ဦး က ေျပာသည္။

အဆိုပါ ျဖစ္စဥ္ကို ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၃၁/၂၀၁၇ ျဖင့္ ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္မဟုတ္ စစ္ေဆးလွ်က္ရွိသည္။

ႏိုင္လင္းဦး

ဓာတ္ပံု-သႏၲိသုခ လူမႈကူညီေရးအသင္း

မန္တလေး ၊ဒီဇင်ဘာ ၂၄၊၂၀၁၇

နေပြည်တော်မှ ပြင်ဦးလွင်သို့ မောင်းနှင်လာသော ခရီးသည်တင် Express ကားအောက်ရှိ ပစ္စည်းများထည့်သည့်အခန်းအတွင်း လူသေအလောင်းနှစ်လောင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ည (၉) နာရီ က တွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သေဆုံးသူများမှာ ယာဉ်မောင်း နေဝင်းထွန်း နှင့် ယာဉ်နောက်လိုက် ထိုက်အောင်တို့ဖြစ်ပြီး နေပြည်တော်မှ ပြင်ဦးလွင်သို့ ရောက်ရှိချိန်၊ ခရီးဆောင် အိတ်များချသည့်အခါ၌ ကားအောက်ခန်းအတွင်း သေဆုံးနေကြသည်ကို တွေ့ရခြင်း ဖြစ်ကြောင်းသိရသည်။

“သူတို့က ဆောင်းတွင်းဆိုတော့ ကားအောက်က ဘောက်စ်ထဲမှာ အိပ်နေတာ ဖြစ်မယ် ။ အဲ့ဒီထဲက အနံ့အသက်ကလည်း မကောင်းတော့ အောက်စီဂျင်ပြတ်ပြီး သေတာဖြစ်နိုင်တယ် ။ အောက်မှာ တံခါးပိတ်လိုက်တဲ့အတွက် သေတာဖြစ်နိုင်တယ် ။ ဘယ်အချိန်ကတည်း ကရှိနေတယ်ဆိုတာကိုတော့ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်ထွက်လာမှ သိရမယ် ။” ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က တာဝန်ကျ ရဲအရာရှိတစ်ဦး က ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို ပြင်ဦးလွင်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၃၁/၂၀၁၇ ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးလျှက်ရှိသည်။

နိုင်လင်းဦး

ဓာတ်ပုံ-သန္တိသုခ လူမှုကူညီရေးအသင်း

Leave a Reply