အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယအၿမဲတမ္းအတြင္း၀န္ကား တိမ္းေမွာက္မီးေလာင္ 

0
169

 

ေနျပည္ေတာ္၊ဒီဇင္ဘာ ၂၄၊၂၀၁၇

ဒီဇင္ဘာလ ၂၄ ရက္ေန႔ ညေနပုိင္းတြင္ ေနျပည္ေတာ္႐ွိ ႏုိင္ငံျခားေရး၀န္ႀကီးဌာနရုံးအနီး၌ ေထြ/အုပ္ ဒုတိယ အၿမဲတမ္းအတြင္း၀န္ ဦးခိုင္ထြန္းဦး ေမာင္းႏွင္လာသည့္(ခလူကာ အမ်ဳိးအစား)ေမာ္ေတာ္ယာဥ္မွာ အရွိန္လြန္ တိမ္းေမွာက္ခဲ့ရာမွတဆင့္ မီးေလာင္မႈ ျဖစ္ပြားခဲ႔ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေထြ/အုပ္ ဒုတိယ အၿမဲတမ္းအတြင္း၀န္ သည္ ေမာ္ေတာ္ယာဥ္အား ေဇယ်ဌာနီ လမ္းအတုိင္းေမာင္းႏွင္လာၿပီး (ႏုိင္ငံျခားေရး၀န္ႀကီးရုံးအနီး )ေရပန္းဥယ်ဥ္ ဂိတ္ (၂)ဘက္မွ ရဲခ်ဳပ္ရံုးဘက္သို႔ ေမာင္းႏွင္လာခဲ့ကာ (ရဲခ်ဳပ္ရုံး) ယာဥ္ မွာ မွတ္တုိင္အနီး ပလပ္ေဖာင္းေက်ာ္လြန္ၿပီး တိမ္းေမွာက္ခဲ႔ျခင္းျဖစ္သည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင္႔ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေနျပည္ေတာ္ ဗဟုိမီးသတ္မွ ၁၂ ဦး၊ ဇဗၺဴသီရိၿမဳိ႕နယ္ မီးသတ္စခန္း (၂ )မွ ၅ ဦး၊ ဇဗၺဴသီရိၿမဳိ႕နယ္ မီးသတ္စခန္း (၄ )မွ ၆ ဦးႏွင့္ မီးၿငိမ္းသတ္ယာဥ္ ၅ စီးတုိ႔ျဖင့္မီးၿငိမ္းသတ္ခဲ႔ရေၾကာင္း သိရွိရသည္။

ျဖစ္စဥ္ေၾကာင္႔ ယာဥ္ေမာင္းမွာ ထိခိုက္ဒဏ္ရာ အခ်ဳိ႕ရရွိခဲ႔ၿပီး ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆးရုံ၌ ေဆး၀ါးကုသမႈခံယူေနခဲ႔ရေၾကာင္း သိရွိရသည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ဒီဇင်ဘာ ၂၄၊၂၀၁၇

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအနီး၌ ထွေ/အုပ် ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး မောင်းနှင်လာသည့်(ခလူကာ အမျိုးအစား)မော်တော်ယာဉ်မှာ အရှိန်လွန် တိမ်းမှောက်ခဲ့ရာမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ထွေ/အုပ် ဒုတိယ အမြဲတမ်းအတွင်းဝန် သည် မော်တော်ယာဉ်အား ဇေယျဌာနီ လမ်းအတိုင်းမောင်းနှင်လာပြီး (နိုင်ငံခြားရေးဝန်ကြီးရုံးအနီး )ရေပန်းဥယျဉ် ဂိတ် (၂)ဘက်မှ ရဲချုပ်ရုံးဘက်သို့ မောင်းနှင်လာခဲ့ကာ (ရဲချုပ်ရုံး) ယာဉ် မှာ မှတ်တိုင်အနီး ပလပ်ဖောင်းကျော်လွန်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေပြည်တော် ဗဟိုမီးသတ်မှ ၁၂ ဦး၊ ဇဗ္ဗူသီရိမြို့နယ် မီးသတ်စခန်း (၂ )မှ ၅ ဦး၊ ဇဗ္ဗူသီရိမြို့နယ် မီးသတ်စခန်း (၄ )မှ ၆ ဦးနှင့် မီးငြိမ်းသတ်ယာဉ် ၅ စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ အချို့ရရှိခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေခဲ့ရကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply