အရသာပြည့်စုံမှုနဲ့ FOREVER ကွေ့သယို သင်္ဘောသီးထောင်းဆိုင်

0
111

EAT ME

ဆိုင်ကောင်းလေးများတွေ့ရင် သိပ်ပျော်တာပဲ။အထူးသဖြင့် လူသိပ်မသိသေးပဲအရသာမှာကောင်းလွန်းနေရင် မသိသူကျော်သွား သိသူဖော်စားရအောင် ညွှန်းချင်လာရော။ဒီ FOREVERကတော့ ဒီလိုဆိုင်မျိုး။

မြောက်ဒဂုံ ကျောင်းလမ်းမှတ်တိုင် စစ်တောင်းစီတီးမတ်နားမရောက်ခင်လေးမှာ အနီရောင်ခြယ်ထားတဲ့ FOREVERကွေ့သယို သဘောင်္သီးထောင်းဆိုတဲ့ဆိုင်ကိုတွေ့ရမှာပါ။ အပြင်ဘက်ကကြည့်ရင်ကျဉ်းသလိုထင်းပေမည့် အထဲမှာတော့ကျယ်ကျယ်ဝန်းဝန်းနဲ့အေးဆေးထိုင်စရာ စားပွဲတွေရှိတယ်။ အတွင်းပြင်ဆင်မှုတွေကိုလည်းသစ်ဝါးနဲ့ အခြေခံပြီးလုပ်ထားတာလေးတွေက သဘောကျစရာ။

အဝင်မှာလည်း အရုပ်ပန်းအိုးလေးတွေနဲ့ တမျိုးကြည့်ကောင်းပြီး ဓာတ်ပုံရိုက်ချင်သေးလည်းရသေးနော်။

ဆိုင်မှာဘာတွေရလဲ။ဆိုင်းဘုတ်မှာ ကွေ့သယို သဘောင်္သီးထောင်းလို့ရေးထားတော့ အများကြီးရမယ်မထင်ခဲ့။မီနူးကြည့်တော့မှ စားချင်စရာအစုံကိုတွေ့ရတာ ဘာရွေးရမလဲတောင်မသိ။ဒါနဲ့ သုံးရင်လောက်ဆက်တိုက်သွားစားပလိုက်တယ်။

ဆိုင်ရဲ့အဓိကမီနူးကွေ့သယိုကတော့ ဘာမှအချဉ်အငံအစပ် ထပ်ထည့်စားစရာမလိုအောင် ပြည့်စုံတဲ့အရသာမျိုးကိုပေးတယ်။အရည်ကလည်းချိုလို့။

နောက် ထမင်းသုပ်မီနူးထဲမှာ တော့မော်လမြိုင် ထမင်းသုပ်အကြိုက်ဆုံး။ကျန်တာတွေလည်းမဆိုး။

အထောင်းတွေကတော့ မားမားထောင်း၊ကြက်ခြေထောက်ထောင်း၊ဝက်ခေါက်ထောင်း၊ဝက်ခေါက်ကြွပ်ကြော်ထောင်း အရသာအကုန်ထိုင်းစတိုင်ပီပြင်တယ်။စားကောင်းတယ်။

ဘာတွေရလဲဆိုတာ မီနူးကိုသာကြည့်နော်။ယိုးဒယားစာအပြင်အခြားဟင်းပွဲတွေလည်း အစုံရတော့ တယောက်တပေါက်မိသားစုတွေအတွက်လည်းအဆင်ပြေ၊ နေ့လည်စာ ညနေစာလား ရွေးဖို့အတွက်လည်းအဆင်ပြေတဲ့ FOREVERပါပဲ။

သောက်စရာလည်း သစ်သီးဖျော်ရည်အစုံရ။ပင်မှည့်နဲ့ဖာလူဒါတော့အကြိုက်ဆုံးပဲ။ပုံတော့ကုန်မှရိုက်ဖို့ သတိရလို့မပါတော့။

ဒီလောက်ဆို အရသာပြည့်စုံမှုကိုပြောဖို့လုံလောက်ပါပြီ။ဈေးနှုန်းမှာလဲ မကြီးပဲ လူတိုင်းစားနိုင်တဲ့ သင့်တော်တဲ့နှုန်းထားတွေပါပဲ။

ထိုင်းအရသာစစ်တာကိုစားချင်တာ ကွေ့သယိုကလည်းကြိုက်တာ အေးအေးဆေးဆေးလည်း ထိုင်ချငိတာဆိုရင်တော့ စစ်တောင်းCity martနားက FOREVER ကွေ့သယို သဘောင်္သီးထောင်းဆိုင်ကိုရွေး။သိသူတွေဖော်စားရအောင် ညွှန်းလိုက်ပြီနော်။

Leave a Reply