ရခိုင်မြောက်ပိုင်း လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲပြုလုပ်

0
188

သြဂုတ် ၂၅
ကျော်သူမြင့်

ရခိုင်ဒေသမြောက်ပိုင်းရှိ တပ်စခန်းနှင့် ရဲကင်းစခန်း ၃၀ အား ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြုပွဲ နှင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ဆန့်ကျင်ရှုံချပွဲကို ဒဂုံမြို့သစ် တောင်ပိုင်းရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မော်ကျွန်းဆရာတော် ဘဒ္ဒန္ဒသီလက္ခန္ဓာဘိဝံသက သီလပေးတရားဟောကြားခဲ့ ပြီး လုံခြုံရေးရဲကင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် တရားလွှတ်တော်ရှေ့နေဦးအေးပိုင် တို့ကဟောပြောခဲ့ကြသည်။

၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်တွင် အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၂ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ဦးကျဆုံးခဲ့ပြီး နိုင်ငံဝန်ထမ်း ၂ဦးအသက်ဆုံးရှုံးခဲ့ပြီး ARSA၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၇၁ဦး အသက်ဆုံးရှုံးခဲ့သည်။

“ဒီပုဂ္ဂိုလ်တွေကို ရည်စူးပြီးတော့ ကုသိုလ်ပြုပေးတာပါပဲ။ ဒီပုဂ္ဂိုလ်တွေကောင်းရာသုဂတိရောက်ရှိ နိုင်ကြစေဖို့ ကောင်းတဲ့စည်းစိမ်ချမ်းသာတွေ ခံစားရရှိနိုင်ကြစေဖို့ ကုသိုလ်ပြုပေးတာဖြစ်ပါတယ်” ဟု မော်ကျွန်းဆရာတော်က မိန့်ကြားသည်။

အဆိုပါအခမ်းအနားကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၅၀၀ ခန့်တက်ရောက်ခဲ့သည်။

ဓာတ်ပုံ – ဝေယံ

Leave a Reply