ျငိမ္းခ်မ္​း​ေရးလူထုစကားဝိုင္​း​ေဆြး​ေႏြးပြဲ ေကာ့မွဴးၿမိဳ႕တြင္ ျပဳလုပ္

0
178

 

ဒီဇင္​ဘာ ၂၄။၂၀၁၇။

ၿငိမ္​းခ်မ္​း​ေရးလူထုအသံ လူထုစကားဝိုင္​း​ေဆြး​ေႏြးပြဲကို
ေကာ့မွဴးၿမိဳ႕နယ္​၊ၿမိဳ႕သစ္​ရပ္​ကြက္​ ဗိုလ္​ခ်ဳပ္​လမ္​း႐ွိအားကစားခန္​းမ၌ ဒီဇင္ဘာလ ၂၄ရက္ နံနက္​၉နာရီမွ​ေန႔လည္​၁၂နာရီထိျပဳလုပ္​ခဲ့သည္​။

​ေဆြး​ေႏြးပြဲတြင္ ဦးစိုင္​း​ေက်ာ္​ၫြန္​႔(႐ွမ္​းအမ်ိဳးသားဒီမိုက​ေရစီ အဖြဲ႔ခ်ဳပ္​၊ UPDJCအတြင္​း​ေရးမွဴ းအဖြဲ႔ဝင္​၊ဦးမင္​း​ေက်ာ္​​ေဇယ်ာဦး(မြန္​အမ်ိဳးသားပါတီဗဟိုအလုပ္​အမႈေဆာင္UPDJC အတြင္​း​ေရးမွဴ းအဖြဲ႔ဝင္​၊ ေဒၚမိဆူးပြင္​့ABSDFဗဟိုဦး​ေဆာင္​​ေကာ္​မတီ၊ဦး​ေစာကရီ(သံလြင္​မူဝါဒ​ေရးရာအင္​စတီက်ဴ ႕) သ​ေျပပညာ​ေရး​ေဖာင္​​ေရး႐ွင္​းတို႔မွဦး​ေဆာင္​​ေဆြး​ေႏြးခဲ့
သည္​။

“႐ွမ္​းအမ်ိဳးသား​ေတြအႀကိဳ​ေဆြး​ေႏြးပြဲ​ေတြျပဳလုပ္​တယ္​။တပ္​မ​ေတာ္​ကတားတယ္​။ျပည္​​ေထာင္​စုအစိုးရကျပည္​နယ္​ ၫႊန္႔ၾကားစာ႐ွိတယ္​။ အား​ေပးသူကအား​ေပးတယ္​။တားသူကတားတယ္​။ ​ေနာက္​အား​ေပးသူကဘဲျပန္​တားတယ္​”ဟု
႐ွမ္​းအမ်ိဳးသားဒီမိုက​ေရစီအဖြဲ႔ခ်ဳပ္​ UPDJC အတြင္​း​ေရးမွဴ း အဖြဲ႔ဝင္​ဦးစိုင္​း​ေက်ာ္​ၫြန္​႔မွ​ေျပာသည္​။

႐ွမ္​းတိုင္​းရင္​းသားအဆင္​့​လူထု​ေတြ႔ဆံုေဆြး​ေႏြးပြဲမ်ားကို
ဒီဇင္ဘာ ၂၃ ရက္တြင္​ေက်ာက္မဲႏွင္​့ မႏၲေလးၿမိဳ႕တို႔၌ က်င္းပရန္ စီစဥ္ထား​ေသာ္​လည္​း ေတြ႔ဆုံပြဲမ်ား မက်င္းပရန္ သက္ဆိုင္ရာ ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔မ်ားက တားျမစ္ခဲ့သည္​။

ျပည္ေထာင္စုအစိုးရႏွင္​့ ရွမ္းျပည္နယ္ အစိုးရတို႔က လူထု ေတြ႔ဆုံပြဲမ်ားကို အားေပးကူညီမည္ဆိုသည္​့ စာမ်ားထုတ္ျပန္ထား​ေသာ္လည္း ရွမ္းျပည္နယ္အစိုးရက ေရးသားထားသည့္ စာတစ္ေစာင္ကိုဒီဇင္ဘာ ၂၂ ရက္ ရက္စြဲျဖင့္ ထြက္လာၿပီးေနာက္ ေတြ႔ဆံုပြဲပ်က္​ခဲ့ရေၾကာင္း သိရသည္​။

တိုင္​းရင္​းသားအခ်င္​းခ်င္​း၊အ​ေပးအယူလုပ္​တယ္​ဆိုတာမျဖစ္​သင္​့​ေၾကာင္​း၊ညိွိႏႈိင္းမွသာ​ ေျဖာင္​့ျဖဴးမည္​ျဖစ္​​ေၾကာင္​း
မြန္အမ်ိဳးသားပါတီဗဟိုအလုပ္​အမႈေဆာင္​ ဦး​ေက်ာ္​​ေဇယ်ာဦးကဆိုသည္​။

အဆိုပါ​ေဆြး​ေႏြးပြဲစကားဝိုင္​းတြင္​ ၿငိမ္းခ်မ္းေရးအတြက္​
မူဝါဒပိုင္​း၊ ခ်ဥ္​းကပ္​ပိုင္​း၊ တာဝန္​ပိုင္​း​မ်ားကိုတိုင္​းရင္​းသား​
ေပါင္​းစံုတြင္ တာဝန္​႐ွိ​ေၾကာင္​း၊ ၂၀၀၈ အ​ေျခခံဥပေဒ ျပင္​ဆင္​ရာတြင္လည္​း သတိႀကီးစြာထားရမည္​ျဖစ္​​ေၾကာင္​း၊
ထိုဖြဲ႔စည္​းပံုအရ ျပည္​ထဲ​ေရး၊ ကာကြယ္​​ေရး၊နယ္​စပ္​​ေရးရာတို႔သည္​ တပ္မွ ကိုင္တြယ္ထားျခင္း ျဖစ္​​ေၾကာင္​း၊ၿငိမ္​းခ်မ္​း​ေရးလုပ္​ငန္​းစဥ္​ သ​ေဘာတရားမ်ားကို ျပည္​သူလူထုစိတ္​ဝင္​စားမႈ သိ႐ွိမႈမ်ား လိုအပ္​​ေၾကာင္​းစသျဖင္​့​ေဆြး​ေႏြးၾကၿပီး​ေကာ့မွဴးၿမိဳ႕နယ္႐ွိ စိတ္​ဝင္​စားသူ၂၀၀ဦးခန္​႔တက္​​ေရာက္
ခဲ့သည္​။

အ​ေျခခံဖြဲ႔စည္​းပံုအရ ဖက္​ထရယ္​ျပည္​​ေထာင္​စုဆိုသည္မွာ ၂၀၀၈​ေျခ/ဥ ကို ၫႊန္းေၾကာင္​း၊ ၂၀၀၈ ဖြဲ႔စည္​းပံုကိုလြတ္​​ေတာ္​တြင္​ျပင္​ရန္​ မရသည္​့အတြက္​ၿငိမ္​းခ်မ္​း​ေရးျဖစ္​စဥ္​မ်ား၊
လုပ္​ငန္​းမ်ားကို​ေအာင္​ျမင္​ရန္​ အတိုင္​ပင္​ခံ၏ဦး​ေဆာင္​မႈျဖင္​့
ၿငိမ္​းခ်မ္​း​ေရးလူထုအသံ၊​ ေဆြး​ေႏြးပြဲမ်ားျပဳလုပ္​ရျခင္​းျဖစ္​​ေၾကာင္​းသိရသည္​။

ျမတ္​ဟိန္​း​ေက်ာ္​

ဒီဇင်​ဘာ ၂၄။၂၀၁၇။

ငြိမ်​းချမ်​း​ရေးလူထုအသံ လူထုစကားဝိုင်​း​ဆွေး​နွေးပွဲကို 
ကော့မှူးမြို့နယ်​၊မြို့သစ်​ရပ်​ကွက်​ ဗိုလ်​ချုပ်​လမ်​းရှိအားကစားခန်​းမ၌ ဒီဇင်ဘာလ ၂၄ရက် နံနက်​၉နာရီမှ​နေ့လည်​၁၂နာရီထိပြုလုပ်​ခဲ့သည်​။

​ဆွေး​နွေးပွဲတွင် ဦးစိုင်​း​ကျော်​ညွန်​့(ရှမ်​းအမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​၊ UPDJCအတွင်​း​ရေးမှူ းအဖွဲ့ဝင်​၊ဦးမင်​း​ကျော်​​ဇေယျာဦး(မွန်​အမျိုးသားပါတီဗဟိုအလုပ်​အမှုဆောင်UPDJC အတွင်​း​ရေးမှူ းအဖွဲ့ဝင်​၊ ဒေါ်မိဆူးပွင်​့ABSDFဗဟိုဦး​ဆောင်​​ကော်​မတီ၊ဦး​စောကရီ(သံလွင်​မူဝါဒ​ရေးရာအင်​စတီကျူ ့) သ​ပြေပညာ​ရေး​ဖောင်​​ရေးရှင်​းတို့မှဦး​ဆောင်​​ဆွေး​နွေးခဲ့
သည်​။

“ရှမ်​းအမျိုးသား​တွေအကြို​ဆွေး​နွေးပွဲ​တွေပြုလုပ်​တယ်​။တပ်​မ​တော်​ကတားတယ်​။ပြည်​​ထောင်​စုအစိုးရကပြည်​နယ်​ ညွှန့်ကြားစာရှိတယ်​။ အား​ပေးသူကအား​ပေးတယ်​။တားသူကတားတယ်​။ ​နောက်​အား​ပေးသူကဘဲပြန်​တားတယ်​”ဟု
ရှမ်​းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ UPDJC အတွင်​း​ရေးမှူ း အဖွဲ့ဝင်​ဦးစိုင်​း​ကျော်​ညွန်​့မှ​ပြောသည်​။

ရှမ်​းတိုင်​းရင်​းသားအဆင်​့​လူထု​တွေ့ဆုံဆွေး​နွေးပွဲများကို
ဒီဇင်ဘာ ၂၃ ရက်တွင်​ကျောက်မဲနှင်​့ မန္တလေးမြို့တို့၌ ကျင်းပရန် စီစဉ်ထား​သော်​လည်​း တွေ့ဆုံပွဲများ မကျင်းပရန် သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက တားမြစ်ခဲ့သည်​။

ပြည်ထောင်စုအစိုးရနှင်​့ ရှမ်းပြည်နယ် အစိုးရတို့က လူထု တွေ့ဆုံပွဲများကို အားပေးကူညီမည်ဆိုသည်​့ စာများထုတ်ပြန်ထား​သော်လည်း ရှမ်းပြည်နယ်အစိုးရက ရေးသားထားသည့် စာတစ်စောင်ကိုဒီဇင်ဘာ ၂၂ ရက် ရက်စွဲဖြင့် ထွက်လာပြီးနောက် တွေ့ဆုံပွဲပျက်​ခဲ့ရကြောင်း သိရသည်​။

တိုင်​းရင်​းသားအချင်​းချင်​း၊အ​ပေးအယူလုပ်​တယ်​ဆိုတာမဖြစ်​သင်​့​ကြောင်​း၊ညှိိနှိုင်းမှသာ​ ဖြောင်​့ဖြူးမည်​ဖြစ်​​ကြောင်​း 
မွန်အမျိုးသားပါတီဗဟိုအလုပ်​အမှုဆောင်​ ဦး​ကျော်​​ဇေယျာဦးကဆိုသည်​။

အဆိုပါ​ဆွေး​နွေးပွဲစကားဝိုင်​းတွင်​ ငြိမ်းချမ်းရေးအတွက်​
မူဝါဒပိုင်​း၊ ချဉ်​းကပ်​ပိုင်​း၊ တာဝန်​ပိုင်​း​များကိုတိုင်​းရင်​းသား​ 
ပေါင်​းစုံတွင် တာဝန်​ရှိ​ကြောင်​း၊ ၂၀၀၈ အ​ခြေခံဥပဒေ ပြင်​ဆင်​ရာတွင်လည်​း သတိကြီးစွာထားရမည်​ဖြစ်​​ကြောင်​း၊
ထိုဖွဲ့စည်​းပုံအရ ပြည်​ထဲ​ရေး၊ ကာကွယ်​​ရေး၊နယ်​စပ်​​ရေးရာတို့သည်​ တပ်မှ ကိုင်တွယ်ထားခြင်း ဖြစ်​​ကြောင်​း၊ငြိမ်​းချမ်​း​ရေးလုပ်​ငန်​းစဉ်​ သ​ဘောတရားများကို ပြည်​သူလူထုစိတ်​ဝင်​စားမှု သိရှိမှုများ လိုအပ်​​ကြောင်​းစသဖြင်​့​ဆွေး​နွေးကြပြီး​ကော့မှူးမြို့နယ်ရှိ စိတ်​ဝင်​စားသူ၂၀၀ဦးခန်​့တက်​​ရောက် 
ခဲ့သည်​။

အ​ခြေခံဖွဲ့စည်​းပုံအရ ဖက်​ထရယ်​ပြည်​​ထောင်​စုဆိုသည်မှာ ၂၀၀၈​ခြေ/ဥ ကို ညွှန်းကြောင်​း၊ ၂၀၀၈ ဖွဲ့စည်​းပုံကိုလွတ်​​တော်​တွင်​ပြင်​ရန်​ မရသည်​့အတွက်​ငြိမ်​းချမ်​း​ရေးဖြစ်​စဉ်​များ၊
လုပ်​ငန်​းများကို​အောင်​မြင်​ရန်​ အတိုင်​ပင်​ခံ၏ဦး​ဆောင်​မှုဖြင်​့
ငြိမ်​းချမ်​း​ရေးလူထုအသံ၊​ ဆွေး​နွေးပွဲများပြုလုပ်​ရခြင်​းဖြစ်​​ကြောင်​းသိရသည်​။

မြတ်​ဟိန်​း​ကျော်​

 

Leave a Reply