မႏၲေလးတြင္ ေမြးဖြားသည့္ ေခါင္းခ်င္းဆက္အမႊာကေလး ေမြးၿပီးမၾကာခင္မွာ ေသဆံုး

0
168

 

မႏၱေလး၊ဒီဇင္ဘာ ၂၅၊၂၀၁၇

မႏၲေလးၿမိဳ႕၊ဗဟိုအမ်ိဳးသမီးေဆးရံုႀကီးတြင္ ဒီဇင္ဘာလ ၂၄ ရက္ေန႔ နံနက္ပိုင္းအခ်ိန္၌ ေခါင္းခ်င္းဆက္အမႊာ ကေလး ေမြးဖြားၿပီး မၾကာခင္ အခ်ိန္တြင္ ေသဆံုးခဲ့ေၾကာင္း ဗဟိုအမ်ိဳးသမီးေဆးရံုမွ သိရသည္။

အဆိုပါ ေဆးရံုတြင္ ေခါင္းခ်င္းဆက္အမႊာ ကေလးအျပင္ သီးသန္႔ ကေလးတစ္ေယာက္လည္း ေမြးဖြားခဲ့ၿပီး ေခါင္းခ်င္းဆက္အမႊာ ကေလးႏွစ္ေယာက္မွာ မိန္းကေလးျဖစ္ ကာ သီးသန္႔ေမြးသည့္ ကေလးမွာ ေယာက္်ားေလးျဖစ္ေၾကာင္း သိရသည္။

“အရင္ဆံုး ေခါင္းတစ္လံုး ပါးစပ္တစ္ေပါက္ မ်က္လံုးႏွစ္လံုး ခႏၶာကိုယ္ႏွစ္ခု နဲ႔ ကေလးကိုအရင္ေမြးတယ္ ။ အဲ့ဒါက မိန္းကေလးေတြပါ ။ခဏေနမွ ေယာက္်ားေလး တစ္ေယာက္ေမြးတယ္ ။ ေယာက္်ားေလးကေတာ့ အသက္ရွင္တယ္ ။” ဟု ဗဟိုအမ်ိဳးသမီးေဆးရံု က တာဝန္က် ဆရာဝန္တစ္ဦး က ေျပာသည္။

အသက္ရွင္က်န္ေနေသာ ေခါင္းခ်င္းဆက္ ကေလးကို ခြဲစိတ္စစ္ေဆးမႈ မ်ားျပဳလုပ္သြားမည္ျဖစ္ၿပီး လက္တေလာအခ်ိန္မွာ ေရခဲတိုက္တြင္ ထားထားေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၅၊၂၀၁၇

မန္တလေးမြို့၊ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ ခေါင်းချင်းဆက်အမွှာ ကလေး မွေးဖွားပြီး မကြာခင် အချိန်တွင် သေဆုံးခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံမှ သိရသည်။

အဆိုပါ ဆေးရုံတွင် ခေါင်းချင်းဆက်အမွှာ ကလေးအပြင် သီးသန့် ကလေးတစ်ယောက်လည်း မွေးဖွားခဲ့ပြီး ခေါင်းချင်းဆက်အမွှာ ကလေးနှစ်ယောက်မှာ မိန်းကလေးဖြစ် ကာ သီးသန့်မွေးသည့် ကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း သိရသည်။

“အရင်ဆုံး ခေါင်းတစ်လုံး ပါးစပ်တစ်ပေါက် မျက်လုံးနှစ်လုံး ခန္ဓာကိုယ်နှစ်ခု နဲ့ ကလေးကိုအရင်မွေးတယ် ။ အဲ့ဒါက မိန်းကလေးတွေပါ ။ခဏနေမှ ယောက်ျားလေး တစ်ယောက်မွေးတယ် ။ ယောက်ျားလေးကတော့ အသက်ရှင်တယ် ။” ဟု ဗဟိုအမျိုးသမီးဆေးရုံ က တာဝန်ကျ ဆရာဝန်တစ်ဦး က ပြောသည်။

အသက်ရှင်ကျန်နေသော ခေါင်းချင်းဆက် ကလေးကို ခွဲစိတ်စစ်ဆေးမှု များပြုလုပ်သွားမည်ဖြစ်ပြီး လက်တလောအချိန်မှာ ရေခဲတိုက်တွင် ထားထားကြောင်း သိရသည်။

နိုင်လင်းဦး

 

Leave a Reply