ဂြါတီမာလာသံ႐ုံးအား ေဂ်႐ုဆလင္သို႔ ေရႊ႕ေျပာင္းရန္ သမၼတညႊန္ၾကား

0
175

ပံုစာ။ ဂြါတီမာလာသမၼတဂ်င္မီေမာ္ရာလဲစ္ႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု

ဂြါတီမာလာစီးတီး ဒီဇင္ဘာ ၂၅

ဂြါတီမာလာသမၼတဂ်င္မီေမာ္ရာလဲစ္သည္ အစၥေရးရွိ ဂြါတီမာလာသံ႐ံုးအား တယ္လ္အဗီးမွ ေဂ်႐ုဆလင္သို႔ ေရႊ႕ေျပာင္းရန္ ညႊန္ၾကားလိုက္ၿပီျဖစ္သည္။

အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုႏွင့္ ေဆြးေႏြးခဲ့ၿပီးေနာက္ သံ႐ုံးေရႊ႕ေျပာင္းရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေမာ္ရာလဲစ္က ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ အေမရိကန္က ေဂ်႐ုဆလင္ အား အစၥေရးၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ျခင္းကုိ ႐ုပ္သိမ္းေပးရန္ ေတာင္းဆုိသည့္ ကုလသမဂၢဆံုးျဖတ္ခ်က္မူၾကမ္းႏွင့္ပတ္သက္ၿပီး အေထြေထြညီလာခံ၌ မဲခြဲဆုံးျဖတ္ခဲ့ရာ ကန္႔ကြက္မဲေပးသည့္ ႏိုင္ငံတခ်ိဳ႕တြင္ ဂါြတီမာလာ
ပါဝင္ခဲ့သည္။

အေမရိကန္၏လုပ္ရပ္ကုိ ဆန႔္က်င္သည့္ ႏုိင္ငံမ်ားအား ေငြေၾကး ေထာက္ပံ့မႈျဖတ္ေတာက္မည္ျဖစ္ေၾကာင္း အေမရိကန္ သမၼတေဒၚနယ္ ထရမ့္က ၿခိမ္းေျခာက္ထားသည္။ အေမရိကန္ျပည္ေထာင္စု သည္ ဆင္းရဲမဲြေတေသာ ဂါြတီမာလာသို႔ အကူအညီမ်ားစြာေပးအပ္ခဲ့ၿပီးျဖစ္သည္။

ဂြါတီမာလာသည္ အစၥေရး၏မိတ္ေဆြေဟာင္းျဖစ္ေၾကာင္း ေမာ္ရာလဲစ္ကေျပာဆုိခဲ့သည္။ေဂ်႐ုဆလင္ၿမိဳ႕ အေနအထားသည္ အစၥေရးႏွင့္ ပါလက္စတုိင္းပဋိပကၡ၏ဗဟိုခ်က္တြင္တည္ရွိေနသည္။ ၁၉၆၇ ခုႏွစ္ အေရွ႕အလယ္ပို္င္းစစ္ပဲြတြင္ အစၥေရးသည္ ေဂ်႐ုဆလင္ၿမိဳ႕ အေရွ႕ပိုင္းအား ေဂ်ာ္ဒန္ဆီမွ သိမ္းယူခဲ့ၿပီး တစ္ၿမိဳ႕လံုးအား ခဲြျခမ္းလုိ႔မရ သည့္ ၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ခဲ့သည္။

ပါလက္စတုိင္းသားမ်ားကလည္း ေဂ်႐ုဆလင္သည္ ၎တို႔ အနာဂတ္ႏုိင္ငံေတာ္၏ၿမိဳ႕ေတာ္ၿပီး ၁၉၉၃ ခုႏွစ္တြင္ ရရွိခဲ့သည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီမႈအရ ေဂ်႐ုဆလင္ၿမိဳ႕အေနအထားကို အစၥေရးႏွင့္ပါလက္စတုိင္းၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား၏ေနာက္ဆံုးအဆင့္မွသာ ေဆြးေႏြးရန္ သေဘာတူညီခဲ့ၿပီးျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

အစၥေရးက ေဂ်႐ုဆလင္ကုိ ၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ထားျခင္းကုိ ႏုိင္ငံတကာအသိအမွတ္ျပဳျခင္းမရွိဘဲ ႏုိင္ငံအားလံုးသည္ သံ႐ံုးမ်ားကုိ တယ္လ္အဗီးတြင္သာ ဆက္လက္ထားရွိခဲ့သည္။

Source:BBC

႐ိုးေျမ

ဂွါတီမာလာစီးတီး ဒီဇင်ဘာ ၂၅

ဂွါတီမာလာသမ္မတဂျင်မီမော်ရာလဲစ်သည် အစ္စရေးရှိ ဂွါတီမာလာသံရုံးအား တယ်လ်အဗီးမှ ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဆွေးနွေးခဲ့ပြီးနောက် သံရုံးရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မော်ရာလဲစ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။ အမေရိကန်က ဂျေရုဆလင် အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်ပြီး အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲပေးသည့် နိုင်ငံတချို့တွင် ဂါွတီမာလာ 
ပါဝင်ခဲ့သည်။

အမေရိကန်၏လုပ်ရပ်ကို ဆန့်ကျင်သည့် နိုင်ငံများအား ငွေကြေး ထောက်ပံ့မှုဖြတ်တောက်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ် ထရမ့်က ခြိမ်းခြောက်ထားသည်။ အမေရိကန်ပြည်ထောင်စု သည် ဆင်းရဲမွဲတေသော ဂါွတီမာလာသို့ အကူအညီများစွာပေးအပ်ခဲ့ပြီးဖြစ်သည်။

ဂွါတီမာလာသည် အစ္စရေး၏မိတ်ဆွေဟောင်းဖြစ်ကြောင်း မော်ရာလဲစ်ကပြောဆိုခဲ့သည်။ဂျေရုဆလင်မြို့ အနေအထားသည် အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခ၏ဗဟိုချက်တွင်တည်ရှိနေသည်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပို်င်းစစ်ပွဲတွင် အစ္စရေးသည် ဂျေရုဆလင်မြို့ အရှေ့ပိုင်းအား ဂျော်ဒန်ဆီမှ သိမ်းယူခဲ့ပြီး တစ်မြို့လုံးအား ခွဲခြမ်းလို့မရ သည့် မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။

ပါလက်စတိုင်းသားများကလည်း ဂျေရုဆလင်သည် ၎င်းတို့ အနာဂတ်နိုင်ငံတော်၏မြို့တော်ပြီး ၁၉၉၃ ခုနှစ်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီမှုအရ ဂျေရုဆလင်မြို့အနေအထားကို အစ္စရေးနှင့်ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးမှုများ၏နောက်ဆုံးအဆင့်မှသာ ဆွေးနွေးရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အစ္စရေးက ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်ထားခြင်းကို နိုင်ငံတကာအသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအားလုံးသည် သံရုံးများကို တယ်လ်အဗီးတွင်သာ ဆက်လက်ထားရှိခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ဂွါတီမာလာသမ္မတဂျင်မီမော်ရာလဲစ်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု။

Leave a Reply