ဒုကၡသည္သန္းေပါင္းမ်ားစြာကုိ လ်စ္လ်ဴမ႐ႈရန္ ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္ တိုက္တြန္း

0
152

ပံုစာ။ ဒုကၡသည္မ်ားအတြက္ ဆုေတာင္းမႈျပဳလုပ္ခဲ့သည့္ ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္

ဗာတီကန္စီးတီး ဒီဇင္ဘာ ၂၅

မိခင္ႏုိင္ငံမ်ားမွ ထြက္ေျပးတိမ္းေရွာင္ရသည့္ ဒုကၡသည္ သန္းေပါင္းမ်ားစြာ တို႔၏အခက္အခဲမ်ားကုိ လ်စ္လ်ဴမ႐ႈရန္ ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္က ခရစၥမတ္အႀကိဳမစၦားတရားပဲြ၌ တစ္ကမာၻလံုးအား တိုက္တြန္းေျပာဆုိ ခဲ့သည္။

ေမရီႏွင့္ ေယာသတို႔သည္ နာဇာရက္သ္မွ ဘဲသလင္ဟင္မ္းသို႔ သြားေရာက္ ခဲ့ေသာ္လည္း ေနစရာမရွိသည့္ သမၼာက်မ္းစာပါ ဇာတ္လမ္းႏွင့္ ဒုကၡသည္ မ်ား၏အျဖစ္တို႔ကို ပုပ္ရဟန္းမင္းႀကီးက ႏႈိင္းယွဥ္ေျပာဆုိခဲ့သည္။ ေရႊ႕ေျပာင္းအမ်ားစုသည္ အျပစ္မရွိသူမ်ား ေသြးေျမက်ေနျခင္းအေပၚ ခံစားခ်က္လံုးဝမရွိသည့္ ေခါင္းေဆာင္မ်ားလက္ထဲမွ ထြက္ေျပး ရသူမ်ားျဖစ္ၾကေၾကာင္း ၎ကေျပာဆုိခဲ့သည္။

ေယာသႏွင့္ ေမရီတို႔၏ေျခရာမ်ားထဲတြင္ အျခားေျခရာမ်ားကုိလည္း ျမင္ေတြ႕ႏုိင္ေၾကာင္း အသက္ ၈၁ ႏွစ္အရြယ္ ဖရန္ဆစ္ကေျပာဆုိခဲ့သည္။ ဖရန္ဆစ္ကိုယ္တုိင္သည္ အီတလီႏုိင္ငံသား ေရႊ႕ေျပာင္းမ်ား၏ေျမးျဖစ္ သည္။ မိခင္ေျမကေန မစြန္႔ခြာခ်င္တဲ့ လူသန္းေပါင္းမ်ားစြာရဲ႕ ေျခရာေတြ ကိုေတြ႕ေနရတယ္၊ ခ်စ္တဲ့သူေတြကုိ ခ်န္ထားခဲ့ၿပီး မိခင္ေျမကေန ထြက္ေျပး တိမ္းေရွာင္ၾကရတယ္ ဟု ဖရန္ဆစ္ကေျပာဆုိခဲ့သည္။

ခရစ္ယာန္ဘာသာအရ ႏုိင္ငံျခားသားမ်ားကုိ လက္ခံရန္ ညႊန္ၾကားမႈမ်ား ရွိေနေၾကာင္း ကမာၻေပၚရွိ ကက္သလစ္ဘာသာဝင္ ၁ ဒသမ ၂ ဘီလီယံ တို႔၏ေခါင္းေဆာင္ ဖရန္ဆစ္ကေျပာဆုိခဲ့သည္။ ပုပ္ရဟန္းမင္းႀကီး ဖရန္ဆစ္သည္ ကမာၻတစ္ဝန္းရွိ ေရႊ႕ေျပာင္းႏွင့္ ဒုကၡသည္မ်ားအေရးအတြက္ အားထုတ္လုပ္ကိုင္မည္ျဖစ္ေၾကာင္း ေၾကညာထားၿပီးျဖစ္သည္။

ကမာၻတစ္ဝန္း ေရႊ႕ေျပာင္းဒုကၡသည္ ၂၂ သန္းရွိေနေၾကာင္း ကုလသမဂၢ၏စာရင္းအင္းမ်ားအရ သိရသည္။

Source:BBC

႐ိုးေျမ

ပုံစာ။ ဒုက္ခသည်များအတွက် ဆုတောင်းမှုပြုလုပ်ခဲ့သည့် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်

ဗာတီကန်စီးတီး ဒီဇင်ဘာ ၂၅

မိခင်နိုင်ငံများမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဒုက္ခသည် သန်းပေါင်းများစွာ တို့၏အခက်အခဲများကို လျစ်လျူမရှုရန် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ခရစ္စမတ်အကြိုမစ္ဆားတရားပွဲ၌ တစ်ကမ္ဘာလုံးအား တိုက်တွန်းပြောဆို ခဲ့သည်။

မေရီနှင့် ယောသတို့သည် နာဇာရက်သ်မှ ဘဲသလင်ဟင်မ်းသို့ သွားရောက် ခဲ့သော်လည်း နေစရာမရှိသည့် သမ္မာကျမ်းစာပါ ဇာတ်လမ်းနှင့် ဒုက္ခသည် များ၏အဖြစ်တို့ကို ပုပ်ရဟန်းမင်းကြီးက နှိုင်းယှဉ်ပြောဆိုခဲ့သည်။ ရွှေ့ပြောင်းအများစုသည် အပြစ်မရှိသူများ သွေးမြေကျနေခြင်းအပေါ် ခံစားချက်လုံးဝမရှိသည့် ခေါင်းဆောင်များလက်ထဲမှ ထွက်ပြေး ရသူများဖြစ်ကြကြောင်း ၎င်းကပြောဆိုခဲ့သည်။

ယောသနှင့် မေရီတို့၏ခြေရာများထဲတွင် အခြားခြေရာများကိုလည်း မြင်တွေ့နိုင်ကြောင်း အသက် ၈၁ နှစ်အရွယ် ဖရန်ဆစ်ကပြောဆိုခဲ့သည်။ ဖရန်ဆစ်ကိုယ်တိုင်သည် အီတလီနိုင်ငံသား ရွှေ့ပြောင်းများ၏မြေးဖြစ် သည်။ မိခင်မြေကနေ မစွန့်ခွာချင်တဲ့ လူသန်းပေါင်းများစွာရဲ့ ခြေရာတွေ ကိုတွေ့နေရတယ်၊ ချစ်တဲ့သူတွေကို ချန်ထားခဲ့ပြီး မိခင်မြေကနေ ထွက်ပြေး တိမ်းရှောင်ကြရတယ် ဟု ဖရန်ဆစ်ကပြောဆိုခဲ့သည်။

ခရစ်ယာန်ဘာသာအရ နိုင်ငံခြားသားများကို လက်ခံရန် ညွှန်ကြားမှုများ ရှိနေကြောင်း ကမ္ဘာပေါ်ရှိ ကက်သလစ်ဘာသာဝင် ၁ ဒသမ ၂ ဘီလီယံ တို့၏ခေါင်းဆောင် ဖရန်ဆစ်ကပြောဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ကမ္ဘာတစ်ဝန်းရှိ ရွှေ့ပြောင်းနှင့် ဒုက္ခသည်များအရေးအတွက် အားထုတ်လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းဒုက္ခသည် ၂၂ သန်းရှိနေကြောင်း ကုလသမဂ္ဂ၏စာရင်းအင်းများအရ သိရသည်။

Source:BBC

ရိုးမြေ

 

Leave a Reply