အလုပ်သင်ရှေ့နေတစ်ဦးအား ခင်ပွန်းဟောင်းဖြစ်သူမှ လည်လှီးသတ်ဖြတ်

0
198

သြဂုတ် ၂၇
ယဉ်ကေနွယ်

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ကံလှကျေးရွာအုပ်စု၊ ၀က်စုကျေးရွာတွင် နေထိုင်သည့် အလုပ်သင်ရှေ့နေ အမျိုးသမီးတစ်ဦးအား ၎င်း ၏ ခင်ပွန်းဟောင်းဖြစ်သူမှ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက လည်လှီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်တွင် ၀က်စုကျေးရွာတွင်နေထိုင်သည့် မဆုရည်ဖြိုး(၂၈) နှစ်သည် ဖခင်ဖြစ်သူ ဦးအောင်မောင်းနှင့်အတူ နေအိမ်မှ ထွက်ခွာလာရာ နွယ်ရစ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၇၃/၁) အရောက်တွင် click ဆိုင်ကယ်အားစီးနှင်လာသည်ကိုတွေ့ရသဖြင့် ဆုရည်ဖြိုးမှ ၎င်း စီးနှင်လာသည့် ဆိုင်ကယ်အား လမ်းဘေးတွင် ရပ်တန့်၍ ရှောင်နေစဉ် မောင်စိုး(ခ) အောင်စိုးမှ ဆုရည်ဖြိုးအနီးသို့ရောက်ရှိလာကာ ဆိုင်ကယ်ပေါ်က ဆွဲချ၍ အသင့်ပါလာသည့် ဓါးဖြင့် လည်ပင်အားလှီးဖြတ်၍ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ဆုရည်ဖြိုးသည် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးသွားခဲ့ပြီး တပ်ကုန်းကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

သေဆုံးသွားသည့် မဆုရည်ဖြိုး၏ဖခင်ဖြစ်သူ ဦးအောင်မောင်းမှ သမီးဖြစ်သူအား အသက်သေဆုံးအောင် ပြုလုပ်၍ ထွက်ပြေးသွားသည့် မောင်စိုး(ခ) အောင်စိုးအား အရေးယူဆောင်ရွက်ပေးရန် တပ်ကုန်းမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။

တိုင်ကြားမှုနဲ့ ပတ်သက်၍ တပ်ကုန်းမြို့မရဲစခန်းမှ ရဲစခန်း(ပ)၂၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply