အဆို​တော်​အစ္စဏီအမှု ၁၄ ကြမ်မြောက် ရုံးထုတ်စစ်ဆေး

0
194

သြဂုတ်​ ၂၇
သော်လင်းထက်

အဓမ္မပြုကျင့်​မှုဖြင့်​ တရားစွဲဆိုခံထားရသူ အဆို​တော်​အစ္စဏီကို ယ​နေ့​​နေ့လည်​ပိုင်း တာ​မွေမြို့နယ်​တရားရုံးတွင် ၁၄ ကြိမ်မြောက်​ ရုံးထုတ်​ခဲ့သည်။

အဆိုပါရုံးချိန်​တွင်​ ​တိုင်းတရားရုံးမှ အမှုတွဲယူထားသည့်​အတွက်​ အမှုကိုစစ်​​ဆေးနိုင်​ခဲ့ခြင်းမရှိဘဲ လာမည့်​စတင်​ဘာ ၁၀ရက်​သို့ပြန်​လည်​ချိန်းဆိုထားသည်​။

“ဒီ​နေ့ရုံးချိန်းမှာ တိုင်းတရားရုံးကအမှု​တွဲယူထားတဲ့အတွက်​ မစစ်​​ဆေးဖြစ်​ဘဲ စတင်​ဘာ၁၀ရက်​ကို ရုံးချိန်းပြန်​​ပေးလိုက်​တယ်”ဟုတရားလွှတ်​​တော်​​ရှေ့​နေ ဦး​ကျော်ဇင်​ဦးက​ပြောသည်​။

အဆို​တော်​အစ္စဏီသည်​ ချစ်​သူ​ဟောင်း ​မော်​ဒယ်​စူးရှထက်​(ခ)မဇာခြည်​​ဌေးအားဧပြီလ၁၂ရက်နံနက်​ ၂နာရီ၄၅မိနစ်​က သားမယားအဖြစ်​နှစ်​ကြိမ်​ပြုကျင့်​ခဲ့ပြီး ထိခိုက်​ဒဏ်​ရာရရှိ​အောင်​ပြုလုပ်​ခဲ့​​​သည်​ဟု ရန်​ကုန်​တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့၏ထုတ်​ပြန်​ချက်​တွင်​ ​​ဖော်​ပြထားသည်​။

ယခုလက်​ရှိတွင်​ အဆို​တော်​အစ္စဏီအားရာဇသတ်​ကြီးပုဒ်​မ ၃၂၄၊ရာဇသတ်​ကြီးပုဒ်​မ ၃၂၅၊ရာဇသတ်​ကြီးပုဒ်​မ ၃၇၆(မုဒိမ်းမှု/ တုံးသော လက်နက်ဖြင့် ပြင်းထန်နာ ကျင်စေမှု/ချွန်သော လက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် တရားစွဲဆိုထားသည်​။

Leave a Reply