မ်ိဳးခ်စ္ပါတီတည္ေထာင္ခြင့္ အေၾကာင္းမျပန္ေသး

0
144

 

ရန္ကုန္ ဒီဇင္ဘာ ၂၅၊၂၀၁၇

မ်ိဳးခ်စ္ညီညႊတ္ေရးပါတီတည္ေထာင္ခြင့္မျပဳခဲ့သည့္ အေၾကာင္းႏွင့္ ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံသို႔ေမးျမန္း ထားေသ္ာလည္း ယေန႔အထိအေၾကာင္းျပန္ၾကားျခင္းမရွိေသးေၾကာင္း ပါတီေခါင္းေဆာင္အျဖစ္တာဝန္ယူမည့္ စာေရးဆရာေမာင္ေသြးခၽြန္ က ေျပာသည္။

အမ်ိဳးသားေရးတက္ၾကြလႈပ္ရွားသူမ်ားျဖင့္ ဖြဲ႔စည္းတည္ေထာင္မည့္ မ်ိဳးခ်စ္ညီညႊတ္ေရးပါတီကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒမ်ားႏွင့္ မညီညႊတ္ဟုဆိုကာ ပါတီတည္ေထာင္ခြင့္ မျပဳခဲ့ျခင္းအေပၚ မညီသည့္အခ်က္မ်ားကို အေၾကာင္းျပန္ၾကားေပးရန္အတြက္ ဒီဇင္ဘာ ၈ ရက္တြင္ ေရြးေကာက္ပြဲေကာ္မရွင္ထံသို႔ ေမးျမန္းခဲ့ေသာ္လည္း ယေန႔အထိအေၾကာင္း မျပန္ေသးျခင္းလည္း ျဖစ္သည္။

“ သူတို႔အလုပ္ရႈပ္ေနတယ္လို႔ပဲနားလည္ထားတယ္။ တစ္လအထိေတာ့ ေစာင့္မယ္။ တစ္လေနလို႔မွ အေၾကာင္းမျပန္ရင္ အစည္းအေဝးေခၚၿပီး လုပ္သင့္လုပ္ထိုက္တာေတြလုပ္မယ္။” ဟု စာေရးဆရာေမာင္ေသြးခၽြန္ က ေျပာသည္။

မ်ိဳးခ်စ္ပါတီတည္ေထာင္ခြင့္ကို ၾသဂုတ္ ၂ ရက္တြင္ ေလွ်ာက္ထားခဲ့ၿပီး ႏိုဝင္ဘာ ၂၄ ရက္တြင္ ဥပေဒမ်ားႏွင့္မညီညႊတ္ဟုဆိုကာ ပါတီတည္ေထာင္ခြင့္ မျပဳခဲ့ျခင္းလည္းျဖစ္သည္။ မ်ိဳးခ်စ္ပါတီတည္ေထာင္ ခြင့္အတြက္ တည္ေထာင္သူ ၁၉ ဦးျဖင့္ေလွ်ာက္ထားခဲ့ၿပီး မ်ိဳးခ်စ္အဖြဲ႔ဝင္မ်ား၊ ေရွ႕ေနမ်ား၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားလည္း ပါဝင္သည္။

မဘသအဖြဲ႔မွ ပါတီႏိုင္ငံေရးအျဖစ္လုပ္ကိုင္ရန္အတြက္ ေလွ်ာက္ထားခဲ့မႈကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ က ခြင့္မျပဳျခင္းျဖစ္ၿပီး ယခင္ မဘသ က ထုတ္ေဝသည့္ ေအာင္ေဇယ်တု ဂ်ာနယ္ကိုလည္း ထုတ္ေဝခြင့္ ပိတ္ပင္ခဲ့သည္။

သွ်င္ရဲထြဋ္

ရန်ကုန် ဒီဇင်ဘာ ၂၅၊၂၀၁၇

မျိုးချစ်ညီညွှတ်ရေးပါတီတည်ထောင်ခွင့်မပြုခဲ့သည့် အကြောင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့မေးမြန်း ထားသေ်ာလည်း ယနေ့အထိအကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ပါတီခေါင်းဆောင်အဖြစ်တာဝန်ယူမည့် စာရေးဆရာမောင်သွေးချွန် က ပြောသည်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းတည်ထောင်မည့် မျိုးချစ်ညီညွှတ်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေများနှင့် မညီညွှတ်ဟုဆိုကာ ပါတီတည်ထောင်ခွင့် မပြုခဲ့ခြင်းအပေါ် မညီသည့်အချက်များကို အကြောင်းပြန်ကြားပေးရန်အတွက် ဒီဇင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံသို့ မေးမြန်းခဲ့သော်လည်း ယနေ့အထိအကြောင်း မပြန်သေးခြင်းလည်း ဖြစ်သည်။

“ သူတို့အလုပ်ရှုပ်နေတယ်လို့ပဲနားလည်ထားတယ်။ တစ်လအထိတော့ စောင့်မယ်။ တစ်လနေလို့မှ အကြောင်းမပြန်ရင် အစည်းအဝေးခေါ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေလုပ်မယ်။” ဟု စာရေးဆရာမောင်သွေးချွန် က ပြောသည်။

မျိုးချစ်ပါတီတည်ထောင်ခွင့်ကို သြဂုတ် ၂ ရက်တွင် လျှောက်ထားခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ဥပဒေများနှင့်မညီညွှတ်ဟုဆိုကာ ပါတီတည်ထောင်ခွင့် မပြုခဲ့ခြင်းလည်းဖြစ်သည်။ မျိုးချစ်ပါတီတည်ထောင် ခွင့်အတွက် တည်ထောင်သူ ၁၉ ဦးဖြင့်လျှောက်ထားခဲ့ပြီး မျိုးချစ်အဖွဲ့ဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း ပါဝင်သည်။

မဘသအဖွဲ့မှ ပါတီနိုင်ငံရေးအဖြစ်လုပ်ကိုင်ရန်အတွက် လျှောက်ထားခဲ့မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ခွင့်မပြုခြင်းဖြစ်ပြီး ယခင် မဘသ က ထုတ်ဝေသည့် အောင်ဇေယျတု ဂျာနယ်ကိုလည်း ထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်။

သျှင်ရဲထွဋ်

 

Leave a Reply