ကာတာလိုနီးယားေဒသရွိ ခဲြထြက္ေရးသမားမ်ား ညီညာမွျပည္သာမည္ ဆိုသည့္အခ်က္ကို အေလးထားရန္ စပိန္ဘုရင္ တိုက္တြန္းေျပာၾကား

0
188

ပံုစာ။စပိန္ဘုရင္ ဆဌမေျမာက္ ဖိလစ္ပဲ

မက္ဒရစ္ ဒီဇင္ဘာ ၂၅

စပိန္ႏုိင္ငံ ကာတာလိုနီးယားေဒသရွိ ခဲြထြက္ေရးလုိလားသူမ်ားသည္ ေသြးကဲြရန္ မစဥ္းစားဘဲ ညီညာမွျပည္သာမည္ဆိုသည့္ အခ်က္ကို အေလးထားသင့္ေၾကာင္း စပိန္ဘုရင္က ဒီဇင္ဘာ ၂၄ ရက္ အေႏွာင္းပိုင္းတြင္ ေတာင္းဆုိလိုက္ၿပီျဖစ္သည္။

ကာတာလိုနီးယားေဒသခံမ်ားအေနျဖင့္ ထိပ္တိုက္ရင္ဆိုင္ျခင္းထက္ အတူယွဥ္တဲြမွီတင္းေနထုိင္ျခင္းကုိသာ ေရြးခ်ယ္သင့္ေၾကာင္း စပိန္ဘုရင္ ဆဌမေျမာက္ ဖိလစ္ပဲ၏ခရစၥမတ္သတင္းစကားတြင္ ေဖာ္ျပထားသည္။ စပိန္ဘုရင္သည္ကာတာလန္ခဲြထြက္ေရးလႈပ္ရွားမႈ၏ေခါင္းေဆာင္မ်ား၏ အမည္ကုိမူ ထည့္သြင္းေျပာဆုိျခင္းမျပဳခဲ့ေခ်။

ေအာက္တိုဘာတြင္ ကာတာလိုနီးယားေဒသ၌ ခဲြထြက္ေရးဆိုင္ရာ ျပည္သူ႔ဆႏၵခံယူပဲြကုိ က်င္းပခဲ့ရာ ယင္းႏွင့္ပတ္သက္ၿပီး စပိန္ဘုရင္သည္ ျပင္းျပင္းထန္ထန္ေဝဖန္ေျပာဆုိခဲ့သည္။ စပိန္ဘုရင္သည္ ျပည္သူ႔ဆႏၵခံယူပဲြသို႔လာေရာက္မဲေပးသူမ်ားအား စပိန္ရဲတပ္ဖဲြ႕ဝင္မ်ားက အင္အားသံုးႏွိမ္နင္းျခင္းကို ထည့္သြင္းေျပာဆုိျခင္းမျပဳခဲ့ေသာေၾကာင့္ ကာတာလန္သားမ်ား မေက်မနပ္ျဖစ္ခဲ့ရသည္။

ဘုရင္သည္ အမ်ိဳးသားရင္ၾကားေစ့ေရးကုိ အဓိကထားေျပာဆုိခဲ့ေသာ္လည္း ခရစၥမတ္သတင္းစကား၌ ခ်စ္ၾကည္ေရးကုိ ဦးစားေပးရန္ တိုက္တြန္း လုိေၾကာင္း သိသာေနသည္ဟု ေလ့လာသူမ်ားက သံုးသပ္သည္။ ယခုအပတ္အတြင္း ကာလာလန္လႊတ္ေတာ္သို႔ ေရြးေကာက္တင္ေျမႇာက္ ခံခဲ့ရသည့္ ႏုိင္ငံေရးသမားမ်ားသည္ ကာတာလန္သားအားလံုးအေပၚ သက္ေရာက္မႈရွိမည့္ ျပႆနာမ်ားႏွင့္ရင္ဆိုင္ရမည္ျဖစ္ၿပီး ဗဟိုဝါဒကုိ ဦးစားေပးကာ အမ်ားေကာင္းက်ိဳးအတြက္ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ဘုရင္ကေျပာဆုိခဲ့သည္။

“ထိပ္တိုက္ဆုံမႈနဲ႔ ဖယ္ထုတ္မႈေတြဆီကို ထပ္ဦးတည္လို႔မျဖစ္ေတာ့ဘူး၊ ထိပ္တိုက္ဆုံမႈေၾကာင့္ ေသြးကဲြတာကလဲြၿပီး ဘာမွအက်ိဳးရွိမလာဘူး” ဟု ဘုရင္ကေျပာဆုိခဲ့သည္။ ထို႔ျပင္ စပိန္ဘုရင္သည္ ကာတာလိုနီးယားေဒသ ၏ လြတ္လပ္ပြင့္လင္းမႈႏွင့္ ဖန္တီးႏုိင္စြမ္းတို႔ကိုလည္း ခ်ီးက်ဴးေျပာဆို ခဲ့သည္။

ဒီဇင္ဘာ ၂၁ ရက္တြင္ ျပဳလုပ္ခဲ့သည့္ ေရြးေကာက္ပဲြတြင္ ကာလာတန္ ခဲြထြက္ေရးပါတီမ်ား မဲအမ်ားစုျဖင့္ အႏုိင္ရရွိခဲ့သည္။ သို႔ေသာ္ ကာတာလန္ သမၼတေဟာင္း ကာလက္စ္ပူေဒမန္သည္ ဘရပ္ဆဲလ္စ္၌ ဆက္လက္ ေနထိုင္ေနဆဲဲျဖစ္သည္။ စပိန္ဥပေဒအရာရွိမ်ားသည္ ပူေဒမန္အပါအဝင္ ေခါင္းေဆာင္တခ်ိဳ႕အား ႏိုင္ငံေတာ္ပုန္ကန္မႈျဖင့္ တရားစဲြဆုိထားသည္။

ပူေဒမန္က စပိန္ဝန္ႀကီးခ်ဳပ္ မာရီယာႏို ရာဟြိဳင္းအား ၎ကုိလာေရာက္ ေတြ႕ဆံုရန္ တိုက္တြန္းထားသည္။

Source:BBC

႐ိုးေျမ

ပုံစာ။စပိန်ဘုရင် ဆဌမမြောက် ဖိလစ်ပဲ

မက်ဒရစ် ဒီဇင်ဘာ ၂၅

စပိန်နိုင်ငံ ကာတာလိုနီးယားဒေသရှိ ခွဲထွက်ရေးလိုလားသူများသည် သွေးကွဲရန် မစဉ်းစားဘဲ ညီညာမှပြည်သာမည်ဆိုသည့် အချက်ကို အလေးထားသင့်ကြောင်း စပိန်ဘုရင်က ဒီဇင်ဘာ ၂၄ ရက် အနှောင်းပိုင်းတွင် တောင်းဆိုလိုက်ပြီဖြစ်သည်။

ကာတာလိုနီးယားဒေသခံများအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အတူယှဉ်တွဲမှီတင်းနေထိုင်ခြင်းကိုသာ ရွေးချယ်သင့်ကြောင်း စပိန်ဘုရင် ဆဌမမြောက် ဖိလစ်ပဲ၏ခရစ္စမတ်သတင်းစကားတွင် ဖော်ပြထားသည်။ စပိန်ဘုရင်သည်ကာတာလန်ခွဲထွက်ရေးလှုပ်ရှားမှု၏ခေါင်းဆောင်များ၏ အမည်ကိုမူ ထည့်သွင်းပြောဆိုခြင်းမပြုခဲ့ချေ။

အောက်တိုဘာတွင် ကာတာလိုနီးယားဒေသ၌ ခွဲထွက်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး စပိန်ဘုရင်သည် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့သည်။ စပိန်ဘုရင်သည် ပြည်သူ့ဆန္ဒခံယူပွဲသို့လာရောက်မဲပေးသူများအား စပိန်ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးနှိမ်နင်းခြင်းကို ထည့်သွင်းပြောဆိုခြင်းမပြုခဲ့သောကြောင့် ကာတာလန်သားများ မကျေမနပ်ဖြစ်ခဲ့ရသည်။

ဘုရင်သည် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားပြောဆိုခဲ့သော်လည်း ခရစ္စမတ်သတင်းစကား၌ ချစ်ကြည်ရေးကို ဦးစားပေးရန် တိုက်တွန်း လိုကြောင်း သိသာနေသည်ဟု လေ့လာသူများက သုံးသပ်သည်။ ယခုအပတ်အတွင်း ကာလာလန်လွှတ်တော်သို့ ရွေးကောက်တင်မြှောက် ခံခဲ့ရသည့် နိုင်ငံရေးသမားများသည် ကာတာလန်သားအားလုံးအပေါ် သက်ရောက်မှုရှိမည့် ပြဿနာများနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ဗဟိုဝါဒကို ဦးစားပေးကာ အများကောင်းကျိုးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဘုရင်ကပြောဆိုခဲ့သည်။

“ထိပ်တိုက်ဆုံမှုနဲ့ ဖယ်ထုတ်မှုတွေဆီကို ထပ်ဦးတည်လို့မဖြစ်တော့ဘူး၊ ထိပ်တိုက်ဆုံမှုကြောင့် သွေးကွဲတာကလွဲပြီး ဘာမှအကျိုးရှိမလာဘူး” ဟု ဘုရင်ကပြောဆိုခဲ့သည်။ ထို့ပြင် စပိန်ဘုရင်သည် ကာတာလိုနီးယားဒေသ ၏ လွတ်လပ်ပွင့်လင်းမှုနှင့် ဖန်တီးနိုင်စွမ်းတို့ကိုလည်း ချီးကျူးပြောဆို ခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ကာလာတန် ခွဲထွက်ရေးပါတီများ မဲအများစုဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ကာတာလန် သမ္မတဟောင်း ကာလက်စ်ပူဒေမန်သည် ဘရပ်ဆဲလ်စ်၌ ဆက်လက် နေထိုင်နေဆဲဲဖြစ်သည်။ စပိန်ဥပဒေအရာရှိများသည် ပူဒေမန်အပါအဝင် ခေါင်းဆောင်တချို့အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထားသည်။

ပူဒေမန်က စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်းအား ၎င်းကိုလာရောက် တွေ့ဆုံရန် တိုက်တွန်းထားသည်။

Source:BBC

ရိုးမြေ

 

Leave a Reply