ငြိမ်းချမ်းရေးလမ်းစဉ်ကို အောင်မြင်စွာလျှောက်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များကို ကျေဇူးတင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

0
161

သြဂုတ်၂၈
မေစု

ကရင်တိုင်းရင်းသာ ရိုးရာပွဲတော်ချည်ဖြူဖွဲ့ မင်္ဂလာပွဲ၌ ငြိမ်းချမ်းရေး လမ်းစဉ်ကို အောင်မြင်စွာလျှောက်ခဲ့ကြ သည့် တိုင်းရင်းသားခေါင်းေ ဆာင် ကြီးများအားလုံး ကိုကျေးဇူး တင်ကြောင်းနိုင် ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ သည် ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ ဖြင့်ဖွဲ့စည်းထား သည့် နိုင်ငံဖြစ်ခြင်းကြောင့် ပြည်ထောင်စုကြီးမပြို ကွဲရေး နှင့်တိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံး တွင် တာဝန်ရှိကြောင်း နှင့် တိုင်းရင်းသားရိုးရာပွဲတော်များကို အများအပြားပြုလုပ်ပေးခြင်း သည် စုစည်းခြင်းပေါင်းစည်းခြင်းကို ဖော်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့ငြိမ်းချမ်းရေးလမ်းကို လျှောက်နေတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးလမ်းကို အောင်မြင်အောင် ပေးတဲ့ကရင် တိုင်းရင်း သားခေါင်းဆောင်များကိုလည်းဒီအချိန်မှာတော့ကျွန်မအလွန်လွန်ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက် ခိုက်တဲ့ လမ်းကိုရွေးခဲ့ရာမှာ ငြိမ်းချမ်းရေးလမ်းဘက် ကိုရွှေ့ရတယ် ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး သတ္တိလည်းလိုပါတယ်။ စိတ်ဓာတ် ခိုင်မာ ဖို့လည်းလိုပါတယ်။ ဒီလိုလုပ်ရဲတဲ့သတ္တိ ဒီလိုလုပ်ချင် တဲ့စေတနာပါတဲ့ ကရင်အမျိုးသားခေါင်းဆောင် ကြီးများတိုင်းရင်း သားခေါင်းဆောင်ကြီးများကိုကျေးဇူးတင်တယ်လို့ဒီနေရာကနေပြောပါရစေ။ ငြိမ်းချမ်းရေးခေါင်းဆောင်အောင်မြင်အောင်ဝိုင်းပြီး လုပ်ပေးနေတဲ့ တစ်ခြားခေါင်းဆောင်တွေကိုလည်းကျေးဇူးတင်တယ်။ အထူးသဖြင့် ငြိမ်းချမ်းရေကိုအင်မတန်လိုလားတောင်တပြီးတော့ ဝိုင်းဝန်းပြီးတော့ဖေ မပေးတဲ့ ပြည်သူလူထုအားလုံးကိုကျေးဇူး တင်တယ်လို့ ကျွန်မပြော ချင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတဲ့ စကားဟာ ဘယ်နှစ်ခါပြောပြောမ လုံလောက်ပါဘူး ။ ကျေးဇူးသိတတ်တယ်ဆိုတဲ့ အဓိပါယ် ဟာမေတ္တာ ဂရုဏာဘက်ကို လိုက်တာလို့ ကျွန်မယူဆခြင်ပါတယ်။ဒီရိုးရာပွဲကို ကျွန်မတို့ကိုဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဟာကရင် ရိုးရာကိုလည်းထဲထဲဝင်ဝင်နားလည် တဲ့ သူမဟုတ်ပါဘူး ။သို့သော်ငြား လည်းခွဲခြားဆက်ဆံမှုမထားဘဲ နွေနွေထွေးထွေး ဖိတ်ပြီးကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။” နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကိုရှေးကရင် လူကြီးများက ၀ါခေါင်လစုပေါင်းလက်ချည်ရာတွင် လယ်ယာစိုက် ပျိုးပြီးချိန်ဖြစ်၍ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်း၊ လူကြီးမိဘများ၏ ဆုံးမသြ၀ါဒများကို ခံယူရခြင်း၊ လူမှုရေးကိစ္စ ရပ်များညှိနှိုင်း တိုင်ပင်ဆွေးနွေးကြခြင်းနှင့် (လာခုဂ်ခါင်.စူး)သို့ တက်ရောက် လာသူများ ချစ်ကြည်သွေးစည်းညီညွှတ်မှုကိုရရှိစေခြင်း တို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။

” ဝါခေါင်လ မှာ ဒီပွဲကိုသတ်မှတ်ရတဲ့ အကြောင်းအရင်း က ဟိုးရှေးယခင် ကျွန်တော်တို့ လူမျိုးတွေ ကတောင်ယာ လုပ်ငန်းတွေ လုပ်ဆောင်ပြီး အလုပ်တစ်ပိုင်းပြီးသွားတဲ့အချိန် မှာ ဒီပွဲတော်ကိုကျင်း ပခြင်းဖြစ်ပြီးကရင်လူမျိုးတွေကပျံ့နှံ့နေထိုင် ရာကနေ တစ်နှစ်မှာ တစ်ကြိမ်ါ ကရင်လူမျိုးတွေအားလုံးစုစည်ကြတဲ့ ကရင်လူမျိုးတွေရဲ့ အစဉ်အလာတစ်ခုပဲဖြစ်ပါတယ်။” ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို ဒုဥက္ကဌ ဖဒို စောဘွယ်ထူးဝင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကူညီ ပံ့ပိုးမှုဖြင့် နှစ်စဉ်ဝါခေါင် လတွင် ပြုလုပ်လေ့ရှိသော ကရင်တိုင်းရင်းသားရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ အခမ်ဒအနား ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၊မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်ခဲ့ ရာ ကရင်တိုင်းရင်းသားများအပြင် အခြား တိုင်းရင်းသာလူမျိုးပေါင်းစုံပါဝင်ဆင်နွဲခဲ့ကြောင်းသိရသည်။

Leave a Reply