ေက်ာင္းသား ေက်ာင္းသူမ်ားကို ယုတ္ရင္းၾကမ္းတမ္းစြာ ဆဲဆိုသည့္ ဆရာမကို စစ္ေဆး

0
180

 

မႏၱေလး၊ဒီဇင္ဘာ ၂၅၊၂၀၁၇

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ဥပုသ္ေတာ္ရပ္ကြက္ရွိ အ .ထ. က (၃၃) ေက်ာင္းတြင္ ဆ႒မတန္း၌ သိပၸံဘာသာရပ္ သင္ၾကားေပးေနသည့္ ဆရာမမွ ေက်ာင္းသား ေက်ာင္းသူမ်ားကို ယုတ္ရင္းၾကမ္းတမ္းစြာ ဆဲဆိုေသာေၾကာင့္ ဒီဇင္ဘာလ (၂၄) ရက္ေန႔ က သက္ဆိုင္ရာ ပညာေရးဦးစီးဌာနက လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ေၾကာင္းသိရသည္။

ယင္းဆရာမကို စစ္ေဆးရာတြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဒုၿမိဳ႕နယ္ ပညာေရးမွဴး ၊အ. ထ .က (၁၇) မွ ေက်ာင္းအုပ္ ႏွင့္ အ .လ .က (၁၉) မွ ေက်ာင္း အုပ္ဆရာႀကီးတို႔က စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“လာစစ္တာ အႀကိဳ စစ္တာလို႔ေတာ့ ေျပာတယ္ ။ ဆရာမတစ္ေယာက္ အေနနဲ႔ ေက်ာင္းသား ေက်ာင္းသူ ကို ႐ိုက္ႏွက္ဆံုးမလို႔ရပါတယ္ ။ ဒါေပမယ့္ သူက ဖာေခါင္းေတြေရာ ။ ဖာသည္ေတြေရာ စံုေနတာပဲ ။ ကၽြန္ေတာ့္ကိုလည္း စစ္တယ္ ။ ျဖစ္ေနတာေတြအကုန္ ေျပာျပလိုက္တယ္” ဟု အ .ထ. က (၃၃) ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠ႒ ဦးထြန္းျမင့္ က ေျပာသည္။

ယင္းသို႔ ဆဲဆိုေနမႈမ်ားကို ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠ႒ ဦးထြန္းျမင့္ က ဒီဇင္ဘာလ ၂၀ ရက္ေန႔တြင္ ပညာေရးဝန္ႀကီးဌာန သို႔ လိပ္မူၿပီး တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္က ဒီလိုဆဲဆိုေနတာကို တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္း မဟုတ္ ျမင္ေနေတြ႔ေနၾကားေနရေတာ့ တိုင္လိုက္တယ္ ။ တိုင္တာကလည္း ပုဂၢိဳလ္ေရးဘာတစ္ခုမွ မပါဘူး ။ ဒီကိစၥကို ေျဖရွင္းေပးဖို႔ ေက်ာင္းအုပ္ ဆရာမႀကီးဆီေျပာေတာ့ ဆရာမႀကီးကလည္း ဒါ သူ႔ဝသီပဲဆိုၿပီး ေျပာတယ္ ။ ဒါ့ေၾကာင့္ တိုင္လိုက္တယ္” ဟု ဦးထြန္းျမင့္ က ဆက္ေျပာပါသည္။

၎ဆရာမသည္ ယုတ္ညံ့စြာ ဆဲဆိုမႈမ်ားရွိေသာ္လည္း မည္သည့္ မွတ္ခ်က္မွ မေပးလိုေၾကာင္း အ .ထ. က (၃၃) တြင္ သင္ၾကားေပးေနသည့္ ေက်ာင္းဆရာတစ္ဦးက ေျပာသည္။

ဆရာမ၏ ဆဲဆိုမႈမ်ားကို ေက်ာင္းသား ေက်ာင္းသူ မိဘမ်ားကလည္း ေက်နပ္ျခင္းမရွိေၾကာင္း ႏွင့္ စစ္ေဆးရာတြင္လည္း ေက်ာင္းသား ေက်ာင္းသူမ်ားကိုပါ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၅၊၂၀၁၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်ရှိ အ .ထ. က (၃၃) ကျောင်းတွင် ဆဋ္ဌမတန်း၌ သိပ္ပံဘာသာရပ် သင်ကြားပေးနေသည့် ဆရာမမှ ကျောင်းသား ကျောင်းသူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုသောကြောင့် ဒီဇင်ဘာလ (၂၄) ရက်နေ့ က သက်ဆိုင်ရာ ပညာရေးဦးစီးဌာနက လာရောက်စစ်ဆေးမှုများ ပြုလုပ်ကြောင်းသိရသည်။

ယင်းဆရာမကို စစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ်၊ ဒုမြို့နယ် ပညာရေးမှူး ၊အ. ထ .က (၁၇) မှ ကျောင်းအုပ် နှင့် အ .လ .က (၁၉) မှ ကျောင်း အုပ်ဆရာကြီးတို့က စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လာစစ်တာ အကြို စစ်တာလို့တော့ ပြောတယ် ။ ဆရာမတစ်ယောက် အနေနဲ့ ကျောင်းသား ကျောင်းသူ ကို ရိုက်နှက်ဆုံးမလို့ရပါတယ် ။ ဒါပေမယ့် သူက ဖာခေါင်းတွေရော ။ ဖာသည်တွေရော စုံနေတာပဲ ။ ကျွန်တော့်ကိုလည်း စစ်တယ် ။ ဖြစ်နေတာတွေအကုန် ပြောပြလိုက်တယ်” ဟု အ .ထ. က (၃၃) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြင့် က ပြောသည်။

ယင်းသို့ ဆဲဆိုနေမှုများကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြင့် က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန သို့ လိပ်မူပြီး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ဒီလိုဆဲဆိုနေတာကို တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ် မြင်နေတွေ့နေကြားနေရတော့ တိုင်လိုက်တယ် ။ တိုင်တာကလည်း ပုဂ္ဂိုလ်ရေးဘာတစ်ခုမှ မပါဘူး ။ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျောင်းအုပ် ဆရာမကြီးဆီပြောတော့ ဆရာမကြီးကလည်း ဒါ သူ့ဝသီပဲဆိုပြီး ပြောတယ် ။ ဒါ့ကြောင့် တိုင်လိုက်တယ်” ဟု ဦးထွန်းမြင့် က ဆက်ပြောပါသည်။

၎င်းဆရာမသည် ယုတ်ညံ့စွာ ဆဲဆိုမှုများရှိသော်လည်း မည်သည့် မှတ်ချက်မှ မပေးလိုကြောင်း အ .ထ. က (၃၃) တွင် သင်ကြားပေးနေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

ဆရာမ၏ ဆဲဆိုမှုများကို ကျောင်းသား ကျောင်းသူ မိဘများကလည်း ကျေနပ်ခြင်းမရှိကြောင်း နှင့် စစ်ဆေးရာတွင်လည်း ကျောင်းသား ကျောင်းသူများကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

 

Leave a Reply