ျငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ လူထု၏ပူးေပါင္းပါ၀င္မႈကို အစိုးရကမလိုလားဟု ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ဦးစိုင္းေက်ာ္ညႊန္႔ေျပာဆို

0
176

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၅ ၊ ၂၀၁၇

The Fifth Wave News

လင္းေခးၿမိဳ႕တြင္ျပဳလုပ္မည့္ ရွမ္းအမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြ အႀကိဳက်င္းပေနသည့္ လူထုေတြ႕ဆံုပဲြမ်ားကို ျပည္နယ္အစိုးရက အကူအညီေပးရန္ဌာနဆိုင္ရာအဆင့္ဆင့္အား ထုတ္ျပန္ထားသည့္စာကို ႐ုပ္သိမ္းလိုက္ျခင္းသည္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္လူထု၏ပူးေပါင္းပါ၀င္မႈကို အစိုးရကမလိုလားဟု ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ရွမ္းတိုင္း ရင္းသားမ်ားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ SNLD တဲြဖက္အေထြေထြအတြင္းေရးမွဴး (၂) ဦးစိုင္းေက်ာ္ညႊန္႕ကေျပာသည္။

“အမ်ိဳးသားအဆင့္ႏုိင္ငံေရးေတြ႕ဆံုပဲြ လူထုေတြ႕ဆံုပဲြ ဆိုတာကျပည္သူေတြရဲ႕ပူးေပါင္းပါ၀င္မႈေပါ့ဗ်ာ။ ျပည္သူကဒီအမ်ိဳး သားအဆင့္လူထုေတြ႕ဆံုပဲြမွာပဲမွာပဲပါ၀င္ခြင့္ရွိတာဗ်။လူထုေတြ႕ဆံုပဲြေတြမွာပဲျပည္သူေတြကပါ၀င္ခြင့္ရွိတယ္ဆိုေတာ့ ကာ အစိုးရအေနနဲ႔ေရာ ျပည္သူရဲ႕ ပူးေပါင္းပါ၀င္မႈကို မလိုခ်င္ေတာ့ဘူးလားေပါ့ဗ်ာ။ အဲ့တာေမးစရာေမးခြန္းျဖစ္တယ္”ဟု ဦးစိုင္းေက်ာ္ညႊန္႕ကေျပာသည္။

ရွမ္းအမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြအႀကိဳလူထုေတြ႕ဆံုပဲြမ်ားအတြက္ ျပည္ေထာင္စုအစိုးရကျပည္နယ္အစိုးရထံ သို႔လိုအပ္သည့္ အကူအညီ ေပးရန္ညႊန္ၾကားစာထုတ္ျပန္ေပးထားၿပီး ျပည္နယ္အစိုးရမွ သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားသို႔ ထပ္ဆင့္ညႊန္ၾကားစာထုတ္ျပန္ေပးခဲ့ၿပီး ဒီဇင္ဘာ ၂၃၇က္ေန႔က ယင္းစာကိုျပန္လည္႐ုပ္သိမ္းခဲ့ေၾကာင္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတဲြေကာ္မတီUPDJCအတြင္းေရးမွဴးအဖဲြ႔၀င္ အျဖစ္ေဆာင္ရြက္ေနသည့္ ဦးစိုင္းေက်ာ္ညႊန္႔က ေျပာသည္။

ရွမ္းအမ်ိဳးသားအဆင့္အႀကိဳလူထုေတြ႕ဆံုပဲြမ်ားကို ရွမ္းျပည္နယ္ရွိ ၿမိဳ႕ႀကီး၁၄ၿမိဳ႕တြင္ ရွမ္းႏိုင္ငံေရးပါတီမ်ား၊ ရွမ္းလက္ နက္ကိုင္အဖြဲ႕မ်ားႏွင့္ အရပ္ဖက္အဖဲြ႕အစည္းမ်ားပါ၀င္သည့္ ရွမ္းျပည္ညီညြတ္ေရးေကာ္မတီ (CSSU)ကဦးေဆာင္က်င္း ပေနျခင္းျဖစ္ၿပီးအဖဲြ႕ငါးဖဲြ႕ခဲြကာ ရွမ္းျပည္နယ္ အတြင္းျပဳလုပ္ေနျခင္းျဖစ္သည္။

ရွမ္းလူထုအႀကိဳေတြ႕ဆံုပဲြမ်ားကို မျပဳလုပ္ရန္အတြက္တပ္မေတာ္မွ လူထုေတြ႕ဆံုပဲြမ်ားကိုဟန္႕တားမႈမ်ားရွိေနၿပီး ယခု အခါတြင္ CSSUေခါင္းေဆာင္မ်ားက ဆက္လက္မျပဳလုပ္ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းဦးစိုင္းေက်ာ္ညႊန္႕ကေျပာဆိုသည္။

“၂၃ရက္ေန႔မွာက်ေတာ့ျပည္နယ္အစိုးရက အရင္ထုတ္ထားတဲ့ စာကိုပယ္ဖ်က္တယ္ဆိုၿပီး အစိုးရကျပန္ထုတ္တယ္ ။ ေျပာခ်င္တာကေတာ့ တပ္မေတာ္ကလာၿပီးေတာ့တားဆီးေနတဲ့အခ်ိန္မွာေနာက္ပိုင္းက်ေတာ့ အစိုးရကပါလြန္ဆန္လို႔မ ရဘူးလားဘာလားေတာ့မသိဘူးဗ်ာ ေနာက္ပိုင္းက်ေတာ့အစိုးရကပါေနာက္ပိုင္းၾကေတာ့ကၽြန္ေတာ္တုိ႔ိကို လင္းေခးမွာပဲ လုပ္ေပါ့ က်န္တဲ့အႀကိဳေဆြးေႏြးပဲြေတြ ေတြ႕ဆံု ေဆြးေႏြးပဲြေတြျပည္သူနဲ႔ေတြ႕တာေတြမလုပ္နဲ႕ေပါ့ဗ်ာ။ အဲ့ဒီပံုစံမ်ိဳးလာၿပီး တားတယ္အဲ့ဒါေၾကာင့္ကၽြန္ေတာ္တို႔ကရပ္လိုက္တာျဖစ္တယ္”ဟု ၎ကေျပာသည္။

အႀကိဳလူထုေတြ႕ဆံုေဆြးေႏြးပဲြမ်ားကို တပ္မေတာ္မွမျပဳလုပ္ရန္ ဟန္႔တားျခင္းႏွင့္ပတ္သတ္၍ ၂၀၁၈ဇန္န၀ါရီ ၁၅ ရက္ တြင္ျပန္လည္ က်င္းပမည့္ လႊတ္ေတာ္အစည္းအေ၀းတြင္ ေမးျမန္းသြားမည္ျဖစ္ေၾကာင္း နမၼတူၿမိဳ႕နယ္ျပည္သူ႕လႊတ္ ေတာ္ကိုယ္စားလွယ္ေဒၚနန္းခမ္းေအး ကေျပာသည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ၊ ၂၀၁၇

The Fifth Wave News

လင်းခေးမြို့တွင်ပြုလုပ်မည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုကျင်းပနေသည့် လူထုတွေ့ဆုံပွဲများကို ပြည်နယ်အစိုးရက အကူအညီပေးရန်ဌာနဆိုင်ရာအဆင့်ဆင့်အား ထုတ်ပြန်ထားသည့်စာကို ရုပ်သိမ်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လူထု၏ပူးပေါင်းပါ၀င်မှုကို အစိုးရကမလိုလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွှန့်ကပြောသည်။

“အမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံပွဲ လူထုတွေ့ဆုံပွဲ ဆိုတာကပြည်သူတွေရဲ့ပူးပေါင်းပါ၀င်မှုပေါ့ဗျာ။ ပြည်သူကဒီအမျိုး သားအဆင့်လူထုတွေ့ဆုံပွဲမှာပဲမှာပဲပါ၀င်ခွင့်ရှိတာဗျ။လူထုတွေ့ဆုံပွဲတွေမှာပဲပြည်သူတွေကပါ၀င်ခွင့်ရှိတယ်ဆိုတော့ ကာ အစိုးရအနေနဲ့ရော ပြည်သူရဲ့ ပူးပေါင်းပါ၀င်မှုကို မလိုချင်တော့ဘူးလားပေါ့ဗျာ။ အဲ့တာမေးစရာမေးခွန်းဖြစ်တယ်”ဟု ဦးစိုင်းကျော်ညွှန့်ကပြောသည်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြိုလူထုတွေ့ဆုံပွဲများအတွက် ပြည်ထောင်စုအစိုးရကပြည်နယ်အစိုးရထံ သို့လိုအပ်သည့် အကူအညီ ပေးရန်ညွှန်ကြားစာထုတ်ပြန်ပေးထားပြီး ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ ထပ်ဆင့်ညွှန်ကြားစာထုတ်ပြန်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၃၇က်နေ့က ယင်းစာကိုပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီUPDJCအတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်ဆောင်ရွက်နေသည့် ဦးစိုင်းကျော်ညွှန့်က ပြောသည်။

ရှမ်းအမျိုးသားအဆင့်အကြိုလူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်ရှိ မြို့ကြီး၁၄မြို့တွင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက် နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများပါ၀င်သည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)ကဦးဆောင်ကျင်း ပနေခြင်းဖြစ်ပြီးအဖွဲ့ငါးဖွဲ့ခွဲကာ ရှမ်းပြည်နယ် အတွင်းပြုလုပ်နေခြင်းဖြစ်သည်။

ရှမ်းလူထုအကြိုတွေ့ဆုံပွဲများကို မပြုလုပ်ရန်အတွက်တပ်မတော်မှ လူထုတွေ့ဆုံပွဲများကိုဟန့်တားမှုများရှိနေပြီး ယခု အခါတွင် CSSUခေါင်းဆောင်များက ဆက်လက်မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဦးစိုင်းကျော်ညွှန့်ကပြောဆိုသည်။

“၂၃ရက်နေ့မှာကျတော့ပြည်နယ်အစိုးရက အရင်ထုတ်ထားတဲ့ စာကိုပယ်ဖျက်တယ်ဆိုပြီး အစိုးရကပြန်ထုတ်တယ် ။ ပြောချင်တာကတော့ တပ်မတော်ကလာပြီးတော့တားဆီးနေတဲ့အချိန်မှာနောက်ပိုင်းကျတော့ အစိုးရကပါလွန်ဆန်လို့မ ရဘူးလားဘာလားတော့မသိဘူးဗျာ နောက်ပိုင်းကျတော့အစိုးရကပါနောက်ပိုင်းကြတော့ကျွန်တော်တို့ိကို လင်းခေးမှာပဲ လုပ်ပေါ့ ကျန်တဲ့အကြိုဆွေးနွေးပွဲတွေ တွေ့ဆုံ ဆွေးနွေးပွဲတွေပြည်သူနဲ့တွေ့တာတွေမလုပ်နဲ့ပေါ့ဗျာ။ အဲ့ဒီပုံစံမျိုးလာပြီး တားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကရပ်လိုက်တာဖြစ်တယ်”ဟု ၎င်းကပြောသည်။

အကြိုလူထုတွေ့ဆုံဆွေးနွေးပွဲများကို တပ်မတော်မှမပြုလုပ်ရန် ဟန့်တားခြင်းနှင့်ပတ်သတ်၍ ၂၀၁၈ဇန်နဝါရီ ၁၅ ရက် တွင်ပြန်လည် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်နန်းခမ်းအေး ကပြောသည်။

ကိုဉာဏ်

Leave a Reply