ဟာသသရုပ်​​ဆောင်​​အောင်​ရဲ​ထွေး​သေဆုံးမှု နှစ်ဖက်ရှေ့နေများ လျှောက်လွဲချက်​ပေး

0
172

သြဂုတ်​ ၂၉
သော်လင်းထက်

ဖေ့စ်​ဘွတ်​ဆယ်​လီ ဟာသသရုပ်​​ဆောင်​ ​အောင်​ရဲ​ထွေး​သေဆုံးမှုနှင့်​ပတ်​သက်​၍ ယ​နေ့နံနက်​ပိုင်းက ရန်​ကုန်​တိုင်း​ဒေသကြီးတိုင်းတရားရုံးတွင်​ နှစ်​ဖက်​​ရှေ့​နေများအပြန်​အလှန်​ ​လျှောက်​လွဲချက်​​ပေးခဲ့​​သည်​။

အဆိုပါရုံးချိန်းတွင်​ တရားလိုဘက်မှ ယင်းအမှုသည်​ အများးပြည်သူစိတ်ဝင်စားတဲ့အမှုဖြစ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်နိုင်ကြောင်းနဲ့ မှုခင်းဆရာဝင်အပါ တရားလို သက်သေ ၈ ဦး စစ်ဆေးဖို့ ကျန်ရှိနေသေးတာကြောင့် ပြန်လည်စစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပြီး တရားခံေ​ရှ့​နေများမှ လိုပြစစ်သေများအား စစ်ဆေးပြီးခဲ့သည်​အထိ အမှုပေါ်ပေါက်မှုသည်​ အားနည်းနေကြောင်း၊ အမှုတွင်​ သက်သေ ၂၂ ဦးအထိ စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ကြောင်းနဲ့ တိုင်ကြားသူ တရားလိုဘက်က ရုတ်သိမ်းပေးဖို့ လက်မှတ်ထိုးခဲ့​သောကြောင့် ယင်းအမှုကို ပလပ်ပေးရန်​ လျှောက်ထားခဲ့သည်​။

သရုပ်​​ဆောင်​​အောင်​ရဲ​ထွေးသည်​ ဇန်​နဝါရီ ၃ရက်​ နံနက်​ ၁နာရီခန့်​က ဘားတစ်​ခုတွင်​ သန်းထွဋ်အောင် ခ သားကြီးနှင့်​အ​ပေါင်းပါများ၏ဝိုင်းဝန်းရိုက်​နှက်​ခံရမှု​ကြောင့်​ ရန်​ကုန်​​ဆေးရုံးကြီးသို့​ပို့​ဆောင်​ခဲ့ရပြီး ​​နောက်​​နေ့တွင်​​သေဆုံးခဲ့ခြင်းဖြစ်​သည်​။

အဆိုပါကိစ္စနှင့်​ပတ်​သက်​၍ကျူးလွန်သူ သန်းထွဋ်အောင် ခ သားကြီး အပါ သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့လက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ​ကျေ​အေးခွင့်​ပြုခဲ့သည်​။

Leave a Reply