Oriental Spa အမှု ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

0
126

သြဂုတ် ၂၉
ဝေယံ

အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်တရုတ် (Oriental Spa)အမှုကို တောင်ဥက္ကာလာမြို့နယ်တရားရုံးတွင်ယနေ့ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် တောင်ဥက္ကာမြို့မရဲစခန်းက နယ်ထိန်းအရာရှိ ဒုရဲအုပ်ဇော်မင်းဦး နှင့်းတိုင်းဒုစရိုက်နှိမ်နင်းရေးက ရဲတပ်သားရဲမေ မေမျိုးထွန်းလှိုင် စစ်ဆေးပြီး အသွင်းယူသက်သေဖြစ်သူ ဖိုက်တာစိန်ဝင်းမောင်ကို အပြီးစစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကတော့ တရားစီရင်ခြင်းကို ယုံကြည်တယ် ၊ တရားရုံးကိုလဲအပြည့်ယုံကြည့်တယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော်အလုပ်သမားသည် ပြည်တန်ဆာပျော်ပါးတဲ့မိန်းမထဲကနေ သူနဲ့ပါလာတဲ့အထည်ခေါက်တဲ့လူမဟုတ်တာ သူ့ဝန်ထမ်းမှမဟုတ်တာ “ဟု တရားခံရှေ့နေဖြစ်သူ တရားလွှတော်ရှေ့နေ ဦးမြင့်သန်းက ယနေ့ ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။

(၇)ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ ၁၂ ရက်နေ့သို့ ပြန်ချိန်းဆိုလဲကြောင်းသိရသည်။

Leave a Reply