ပဥၥမလႈိင္းမီဒီယာရဲ႕ တစ္ပတ္အတြင္း သတင္းေကာက္ႏုတ္ခ်က္မ်ားကို စာဖတ္သူမ်ား စုစည္းဖတ္ရႈႏိုင္ရန္ ေဖာ္ျပလိုက္ပါတယ္

0
209

 

အရင္ဆံုးတင္ျပခ်င္တဲ့သတင္းကေတာ့ ၈၈မ်ဳိးဆက္ ေက်ာင္းသားေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဦးကိုကိုႀကီးတို႔အဖြဲ႔ ပါတီေထာင္တဲ့ သတင္းပဲျဖစ္ပါတယ္။ ဦးကိုကိုႀကီးတို႔ အဖြဲ႔ဟာ ရွစ္ေလးလံုးပါတီအမည္နဲ႔ ပါတီတစ္ခုကို ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ အမည္ေပးၿပီး တည္ေထာင္လိုက္ပါတယ္။ရွစ္ေလးလံုး ပါတီလို႔ အမည္ေပးထားျခင္း အတြက္ ႏိုင္ငံေရးသမားေတြအၾကားမွာ ေ၀ဖန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။လက္ရွိမွာေတာ့ ရွစ္ေလးလံုးပါတီ ဟာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွာ ပါတီအမည္ မွတ္ပံုတင္ထားၿပီ ျဖစ္ပါတယ္။

ဆက္လက္တင္ျပမွာကေတာ့ ကြန္ဒိုနည္းဥပေဒ အတည္ျပဳၿပီးတဲ့ေနာက္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ တိုးတက္လာမယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။ကြန္ဒိုနည္းဥပေဒ အတည္ျပဳၿပီးတဲ့အခါ ကြန္ဒိုတိုက္ခန္းမ်ား ကို ႏိုင္ငံျခားသားက ၄၀ ရာခိုင္ႏႈန္း ဝယ္ယူခြင့္ ရရွိမွာ ျဖစ္တဲ့အတြက္ ေႏွးေကြးေနတဲ့ အိမ္ရာေဈးကြက္ဟာ လႈပ္ရွားလာၿပီး ေဆာက္လုပ္ေရး လုပ္ငန္းမ်ား တိုးတက္လာမယ္လို႔ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးယုခိုင္ကဆိုလိုက္ပါတယ္။လက္ရွိေတာ့ ရန္ကုန္ၿမိဳ႕မွာတည္ေဆာက္ၿပီးစီးေနတဲ့ ကြန္ဒိုမ်ားကို ႏိုင္ငံျခားသားမ်ား ဝယ္ယူႏိုင္ေရးအတြက္ လိုအပ္ေနတဲ့ ကြန္ဒိုနည္းဥပေဒကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အတည္ျပဳၿပီး ျပည္ေထာင္စုအစိုးရ႐ံုးထံ ဒီဇင္ဘာလ ၁၄ ရက္က တင္သြင္းလိုက္ၿပီျဖစ္ပါတယ္။ နည္းဥပေဒ ထြက္ရွိလာရင္ ကြန္ဒိုတိုက္ခန္းမ်ားကို ႏိုင္ငံသားက ၆၀ ရာခိုင္ႏႈန္း၊ ႏိုင္ငံျခားသားက ၄၀ ရာခိုင္ႏႈန္း ဝယ္ယူခြင့္ရရွိမွာျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္အတြက္ အခြန္ေငြ ရရွိျခင္း၊ အခန္းေရာင္းရေငြမွ ႏိုင္ငံျခားေငြ ဝင္ေရာက္လာျခင္းတို႔ ျဖစ္လာမယ္လို႔ သိရပါတယ္။

ေနာက္တစ္ပုဒ္ကေတာ့ က်ဳိက္ထီးရိုးဘုရားက ေကဘယ္လ္ရထား တံခါးေတြ စဖြင့္တဲ့ ရက္မွာပဲ ပ်က္စီးခဲ့တဲ့ သတင္းျဖစ္ပါတယ္။ ရေသ့ေတာင္ကေန ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးကို ဖြင့္လွစ္ေျပးဆြဲတဲ့ ေကဘယ္လ္ရထားမ်ားရဲ႕ တံခါးမ်ားဟာ စဖြင့္တဲ့ ဒီဇင္ဘာလ ၁၅ရက္ေန႔မွာပဲ ပ်က္စီးခဲ့လို႔ ရပ္ခဲ့ရၿပီး ဒီဇင္ဘာလ ၁၉ ရက္မွ ျပန္လည္ ေျပးဆြဲႏိုင္မယ္လို႔ Asia Co., Ltd. ၏ စီမံကိန္းအထူးအႀကံေပး ဦးမ်ိဳးေဝကဆိုပါတယ္။ ေကဘယ္လ္ရထားေတြကို ဖြင့္ပြဲလုပ္ၿပီး သံုးနာရီအၾကာမွာ စီးနင္းသူမ်ားေၾကာင့္ ရထားတြဲတံခါးမ်ား အဖြင့္အပိတ္ ပ်က္စီးခဲ့ရၿပီး ဖြင့္တဲ့ေန႔ မြန္းတည့္ ၁၂ နာရီမွာ ေျပးဆြဲမႈကို ရပ္နားလိုက္ရျခင္းျဖစ္ပါတယ္။ ေကဘယ္ရထားမ်ားကို ရေသ့ေတာင္ကေန ေတာင္တက္ကားဂိတ္အထိ ၈ ေယာက္ တစ္တြဲႏႈန္းနဲ႔ ပတ္လည္ ေမာင္းႏွင္ေနတာ ျဖစ္ပါတယ္။ စီးႏွင္းခႏႈန္းထားကို ျမန္မာႏိုင္ငံသား တစ္ဦးလွ်င္ ၃၀ဝ၀ က်ပ္ႏွင့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ၁၀ ေဒၚလာ ကနဦး အၾကမ္းဖ်င္း သတ္မွတ္ထားၿပီး iKBZ ႏွင့္ အသက္ အာမခံ လုပ္ငန္းမ်ား ခ်ိတ္ဆက္ထားတယ္လို႔ Sky Asia Co., Ltd. က သတင္းထုတ္ျပန္ထား ပါတယ္။

အခုတစ္ခါ တင္ျပမွာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၿငိမ္းခ်မ္းေရး စကား၀ိုင္းအေၾကာင္းပဲ ျဖစ္ပါတယ္။ ႏုိင္ငံေတာ္၏ အတုိင္ပင္ ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၿငိမ္းခ်မ္းေရးစကား၀ုိင္းကို ယခုဒီဇင္ဘာအတြင္း ကယားျပည္နယ္ လြိဳင္ေကာ္မွာ က်င္းပမယ္လို႔ အမ်ဳိးသားဒီမိုကေရ စီအဖဲြ႕ခ်ဳပ္ရဲ႕ ကယားျပည္နယ္ ဥကၠ႒ဦးေသာင္းေဌးက ဆိုပါတယ္။ေဆြးေႏြးပြဲအတြက္ သတ္မွတ္ရက္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။ လက္ရွိမွာေတာ့ ေဆြးေႏြးပြဲမွာ ပါ၀င္ႏိုင္ဖို႔အတြက္ လူငယ္ေတြကို ေရြးထုတ္ေနတယ္လို႔ သိထားရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကယားျပည္နယ္မွာ က်င္းပမယ့္ ၿငိမ္းခ်မ္းေရး စကား၀ိုင္းဟာ (၅)ႀကိမ္ေျမာက္ စကား၀ိုင္းလည္း ျဖစ္ပါတယ္။

ဒီတစ္ခါေတာ့ ပါတီသတင္းနဲ႔ တင္ျပပါရေစ။ တရုတ္ႏိုင္ငံရဲ႕ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အသင့္ရွိေနတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕ ၊အတြင္းေရးမွဴး အဖြဲ႕ဝင္ ဦးဉာဏ္ဝင္းက ဆိုပါတယ္။ တ႐ုတ္လူမႈေရးသိပၸံပညာ အကယ္ဒမီဥကၠ႒ Wang Wei- guang ဦးေဆာင္တဲ့ ကြန္ျမဴ နစ္ပါတီ ကိုယ္စားလွယ္အဖြဲ႕ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီမွ ဗဟိုအလုပ္အမႈ ေဆာင္အခ်ိဳ႕ႏွင့္ ဌာနခ်ဳပ္႐ံုးမွာ ဒီဇင္ဘာ ၂၂ ရက္က ေတြ႕ဆံုၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီ သေဘာ ထားကို ထည့္သြင္းေျပာၾကားျခင္း ျဖစ္တယ္လို႔ ဦးဥာဏ္၀င္းက ဆိုပါတယ္။ ႏုိင္ငံေတာ္ရဲ႕ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တ႐ုတ္သမၼတ စီက်င္းပင္ ႀကီးမွဴးက်င္းပတဲ့ တ႐ုတ္ကြန္ ျမဴနစ္ပါတီႏွင့္ ျပည္ပႏုိင္ငံေရး ပါတီမ်ား ေဆြးေႏြးပြဲကို အထူး ဧည့္သည္ေတာ္အျဖစ္ တက္ ေရာက္ခဲ့ၿပီး တရုတ္သမၼတက ပါတီခ်င္း ပူးေပါင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ကို တိုက္တြန္းခဲ့တယ္လို႔ ဆင္ဟြာ သတင္းက ေဖာ္ျပခဲ့ပါတယ္။ တရုတ္ႏိုင္ငံဟာ ယခင္အစိုးရလက္ထက္တုန္းကလည္း ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိခဲ့တဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။

အခုတင္ျပမွာကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ သတင္းပဲ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ ျပႆနာနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏုိင္ငံက ဒဏ္ခတ္အေရးယူမႈလုပ္လိုက္တာဟာ အေမရိကန္နဲ႔ ျမန္မာႏိုင္ငံရဲ႕ ဆက္ဆံေရးကို ထိခိုက္ႏိုင္တယ္လို႔ NLD ပါတီရဲ႕ ထိပ္တန္းေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဦးဥာဏ္၀င္းက သံုးသပ္လိုက္ပါတယ္။အမ္းၿမိဳ႕နယ္အေျခစိုက္ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တိုင္းမွဴးေဟာင္း ဗိုလ္ခ်ဳပ္ေမာင္ေမာင္စိုးကို ရခိုင္ျပည္နယ္ ျပႆနာထဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ တာ၀န္ရွိတဲ့အတြက္ဆိုၿပီး အေမရိကန္က ဒဏ္ခတ္အေရးယူမႈအသစ္ ခ်မွတ္လိုက္တဲ့အေပၚ ဦးဥာဏ္၀င္းက သံုးသပ္လိုက္တာ ျဖစ္ပါတယ္။ အေနာက္အင္အားႀကီး ႏိုင္ငံေတြဟာ ျမန္မာ့အေရးကိစၥေတြအေပၚ မၾကာခဏ ဖိအားေပး တိုက္တြန္းေလ့ရွိခဲ့ၿပီး ယခင္ဦးသိန္းစိန္ အစိုးရ လက္ထက္မွာလည္း အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ျပဳလုပ္ခဲ့ဖူးပါတယ္။လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အရပ္သားအစိုးရ စစ္စစ္လို႔ လူေျပာမ်ားေနတဲ့ NLD အစိုးရလက္ထက္မွာလည္း အေနာက္ႏိုင္ငံေတြရဲ႕ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈေတြဟာ ဆက္လက္က်င့္သံုးေနဆဲပဲ ျဖစ္ပါတယ္။

အခုေနာက္ဆံုးတင္ျပခ်င္တာကေတာ့ အကယ္ဒမီ သတင္းပဲ ျဖစ္ပါတယ္။လာမယ့္ မတ္လမွာ က်င္းပမယ့္ ၂၀၁၇ခုႏွစ္ျမန္မာ့ရုပ္ရွင္ ထူးခၽြန္ဆုေပးပြဲမွာတစ္သက္တာထူးခၽြန္ဆုကိုတိုးျမွင့္ေပးအပ္မယ္လို႔ သိရပါ တယ္။ျမန္မာႏိုင္ငံမွာ ရုပ္ရွင္ထူးခၽြန္ဆု ေပးအပ္ပြဲနဲ႔ ပတ္သက္ၿပီး ဆုအေရအတြက္ မမွ်တတာေတြ ေပးသင့္ ေပးထိုက္တဲ့ ဆုေတြ က်န္ေနခဲ့ရတာေတြ ရွိခဲ့ဖူးပါတယ္။ ယခုႏွစ္ အကယ္ဒမီဆုေပးပြဲမွာေတာ့ ရုပ္ရွင္အစည္း အရံုးဥကၠ႒ အသစ္ ဦးဇင္၀ိုင္းအေနနဲ႔ ေပးသင့္တဲ့ဆုေတြ ရသင့္ရထိုက္တဲ့ ဆုေတြကို ေပးအပ္ႏိုင္ဖို႔အတြက္ အထူး ျပင္ဆင္ထားတယ္ လို႔ဆိုထားတယ္။

အထက္ပါသတင္းမ်ားကို ျပည္တြင္း ျပည္ပ မီဒီယာမ်ားျဖစ္ၾကေသာ The voice ၊ 7Day News Journal၊ RFA Burmese၊ DVB TV news တို႔မွ တဆင့္ ေကာက္ႏုတ္တင္ျပထားျခင္း ျဖစ္ပါတယ္။

အရင်ဆုံးတင်ပြချင်တဲ့သတင်းကတော့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးတို့အဖွဲ့ ပါတီထောင်တဲ့ သတင်းပဲဖြစ်ပါတယ်။ ဦးကိုကိုကြီးတို့ အဖွဲ့ဟာ ရှစ်လေးလုံးပါတီအမည်နဲ့ ပါတီတစ်ခုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အမည်ပေးပြီး တည်ထောင်လိုက်ပါတယ်။ရှစ်လေးလုံး ပါတီလို့ အမည်ပေးထားခြင်း အတွက် နိုင်ငံရေးသမားတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။လက်ရှိမှာတော့ ရှစ်လေးလုံးပါတီ ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီအမည် မှတ်ပုံတင်ထားပြီ ဖြစ်ပါတယ်။

ဆက်လက်တင်ပြမှာကတော့ ကွန်ဒိုနည်းဥပဒေ အတည်ပြုပြီးတဲ့နောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်လာမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ကွန်ဒိုနည်းဥပဒေ အတည်ပြုပြီးတဲ့အခါ ကွန်ဒိုတိုက်ခန်းများ ကို နိုင်ငံခြားသားက ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့် ရရှိမှာ ဖြစ်တဲ့အတွက် နှေးကွေးနေတဲ့ အိမ်ရာဈေးကွက်ဟာ လှုပ်ရှားလာပြီး ဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက်လာမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်ကဆိုလိုက်ပါတယ်။လက်ရှိတော့ ရန်ကုန်မြို့မှာတည်ဆောက်ပြီးစီးနေတဲ့ ကွန်ဒိုများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ရေးအတွက် လိုအပ်နေတဲ့ ကွန်ဒိုနည်းဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အတည်ပြုပြီး ပြည်ထောင်စုအစိုးရရုံးထံ ဒီဇင်ဘာလ ၁၄ ရက်က တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ နည်းဥပဒေ ထွက်ရှိလာရင် ကွန်ဒိုတိုက်ခန်းများကို နိုင်ငံသားက ၆၀ ရာခိုင်နှုန်း၊ နိုင်ငံခြားသားက ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့်ရရှိမှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်ငွေ ရရှိခြင်း၊ အခန်းရောင်းရငွေမှ နိုင်ငံခြားငွေ ဝင်ရောက်လာခြင်းတို့ ဖြစ်လာမယ်လို့ သိရပါတယ်။

နောက်တစ်ပုဒ်ကတော့ ကျိုက်ထီးရိုးဘုရားက ကေဘယ်လ်ရထား တံခါးတွေ စဖွင့်တဲ့ ရက်မှာပဲ ပျက်စီးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ရသေ့တောင်ကနေ ဆံတော်ရှင် ကျိုက်ထီးရိုးကို ဖွင့်လှစ်ပြေးဆွဲတဲ့ ကေဘယ်လ်ရထားများရဲ့ တံခါးများဟာ စဖွင့်တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာပဲ ပျက်စီးခဲ့လို့ ရပ်ခဲ့ရပြီး ဒီဇင်ဘာလ ၁၉ ရက်မှ ပြန်လည် ပြေးဆွဲနိုင်မယ်လို့ Asia Co., Ltd. ၏ စီမံကိန်းအထူးအကြံပေး ဦးမျိုးဝေကဆိုပါတယ်။ ကေဘယ်လ်ရထားတွေကို ဖွင့်ပွဲလုပ်ပြီး သုံးနာရီအကြာမှာ စီးနင်းသူများကြောင့် ရထားတွဲတံခါးများ အဖွင့်အပိတ် ပျက်စီးခဲ့ရပြီး ဖွင့်တဲ့နေ့ မွန်းတည့် ၁၂ နာရီမှာ ပြေးဆွဲမှုကို ရပ်နားလိုက်ရခြင်းဖြစ်ပါတယ်။ ကေဘယ်ရထားများကို ရသေ့တောင်ကနေ တောင်တက်ကားဂိတ်အထိ ၈ ယောက် တစ်တွဲနှုန်းနဲ့ ပတ်လည် မောင်းနှင်နေတာ ဖြစ်ပါတယ်။ စီးနှင်းခနှုန်းထားကို မြန်မာနိုင်ငံသား တစ်ဦးလျှင် ၃၀ဝဝ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကနဦး အကြမ်းဖျင်း သတ်မှတ်ထားပြီး iKBZ နှင့် အသက် အာမခံ လုပ်ငန်းများ ချိတ်ဆက်ထားတယ်လို့ Sky Asia Co., Ltd. က သတင်းထုတ်ပြန်ထား ပါတယ်။

အခုတစ်ခါ တင်ပြမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းအကြောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ယခုဒီဇင်ဘာအတွင်း ကယားပြည်နယ် လွိုင်ကော်မှာ ကျင်းပမယ်လို့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရဲ့ ကယားပြည်နယ် ဥက္ကဋ္ဌဦးသောင်းဌေးက ဆိုပါတယ်။ဆွေးနွေးပွဲအတွက် သတ်မှတ်ရက် အတိအကျကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ ဆွေးနွေးပွဲမှာ ပါ၀င်နိုင်ဖို့အတွက် လူငယ်တွေကို ရွေးထုတ်နေတယ်လို့ သိထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး စကားဝိုင်းဟာ (၅)ကြိမ်မြောက် စကားဝိုင်းလည်း ဖြစ်ပါတယ်။

ဒီတစ်ခါတော့ ပါတီသတင်းနဲ့ တင်ပြပါရစေ။ တရုတ်နိုင်ငံရဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ၊အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုပါတယ်။ တရုတ်လူမှုရေးသိပ္ပံပညာ အကယ်ဒမီဥက္ကဋ္ဌ Wang Wei- guang ဦးဆောင်တဲ့ ကွန်မြူ နစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင်အချို့နှင့် ဌာနချုပ်ရုံးမှာ ဒီဇင်ဘာ ၂၂ ရက်က တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီ သဘော ထားကို ထည့်သွင်းပြောကြားခြင်း ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ စီကျင်းပင် ကြီးမှူးကျင်းပတဲ့ တရုတ်ကွန် မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေး ပါတီများ ဆွေးနွေးပွဲကို အထူး ဧည့်သည်တော်အဖြစ် တက် ရောက်ခဲ့ပြီး တရုတ်သမ္မတက ပါတီချင်း ပူးပေါင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းခဲ့တယ်လို့ ဆင်ဟွာ သတင်းက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ယခင်အစိုးရလက်ထက်တုန်းကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အခုတင်ပြမှာကတော့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သတင်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုလုပ်လိုက်တာဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက သုံးသပ်လိုက်ပါတယ်။အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် ပြဿနာထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့အတွက်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူမှုအသစ် ချမှတ်လိုက်တဲ့အပေါ် ဦးဉာဏ်ဝင်းက သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ အနောက်အင်အားကြီး နိုင်ငံတွေဟာ မြန်မာ့အရေးကိစ္စတွေအပေါ် မကြာခဏ ဖိအားပေး တိုက်တွန်းလေ့ရှိခဲ့ပြီး ယခင်ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရ စစ်စစ်လို့ လူပြောများနေတဲ့ NLD အစိုးရလက်ထက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေဟာ ဆက်လက်ကျင့်သုံးနေဆဲပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံးတင်ပြချင်တာကတော့ အကယ်ဒမီ သတင်းပဲ ဖြစ်ပါတယ်။လာမယ့် မတ်လမှာ ကျင်းပမယ့် ၂၀၁၇ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာတစ်သက်တာထူးချွန်ဆုကိုတိုးမြှင့်ပေးအပ်မယ်လို့ သိရပါ တယ်။မြန်မာနိုင်ငံမှာ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲနဲ့ ပတ်သက်ပြီး ဆုအရေအတွက် မမျှတတာတွေ ပေးသင့် ပေးထိုက်တဲ့ ဆုတွေ ကျန်နေခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ ယခုနှစ် အကယ်ဒမီဆုပေးပွဲမှာတော့ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ အသစ် ဦးဇင်ဝိုင်းအနေနဲ့ ပေးသင့်တဲ့ဆုတွေ ရသင့်ရထိုက်တဲ့ ဆုတွေကို ပေးအပ်နိုင်ဖို့အတွက် အထူး ပြင်ဆင်ထားတယ် လို့ဆိုထားတယ်။

အထက်ပါသတင်းများကို ပြည်တွင်း ပြည်ပ မီဒီယာများဖြစ်ကြသော The voice ၊ 7Day News Journal၊ RFA Burmese၊ DVB TV news တို့မှ တဆင့် ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

Leave a Reply