အလုပ်သင်ရှေ့နေတစ်ဦးအား လည်လှီးသတ်ခဲ့သူ လာအဖမ်းခံ

0
192

သြဂုတ် ၂၉
ယဉ်ကေနွယ်

နေပြည်တော်ကောင်စီနယ်မြေ၊တပ်ကုန်းမြို့နယ်၊ကံလှကျေးရွာအုပ်စု၊၀က်စုကျေးရွာတွင်နေထိုင်သည့် အလုပ်သင်ရှေ့နေအမျိုးသမီးတစ်ဦးအား လည်လှီးသတ်ဖြတ်ခဲ့သည့် တရားခံအောင်စိုး(ခ)မောင်စိုးမှ တပ်ကုန်းမြို့မရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်နေ့ က လာရောက်အဖမ်းခံခဲ့ကြောင်းသိရသည်။

တရားခံအားဖမ်းဆီးရမိရေးအတွက် တပ်ကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မျိုးဝင်းနှင့်အဖွဲ့မှ တရားခံ၏ညီဖြစ်သူနှင့်တွေ့ဆုံခဲ့ရာ ၎င်း၏အကို ဖြစ်သူအား ဆက်သွယ်ထားသည့် ဖုန်းနံပတ်ရယူ၍ စခန်းမှူးမှ တရားခံအား ဖုန်းဆက်ခေါ်ဆိုကာ ကျူးလွန်ထားသည့်ပြစ်မှုများအား ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်းရန်စည်းရုံးသိမ်းသွင်းပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုမှုကြောင့် တရားခံအောင်စိုး(ခ)မောင်စိုးမှ လာရောက် စခန်းသို့လာရောက်အဖမ်းခံသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဝက်စုကျေးရွာတွင်နေထိုင်သည့် အလုပ်သင်ရှေ့နေအမျိုးသမီးဖြစ်သူမဆုရည်ဖြိုး(၂၈)နှစ် သည် ဖခင်ဖြစ်သူနှင့်အတူ နေအိမ်မှ သြဂုတ်လ ၂၇ ရက်နေ့နံနက်ပိုင်းက ဖခင်ဖြစ်သူနှင့်အတူနေအိမ်မှ ထွက်ခွာလာရာ နွယ်ရစ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၇၃/၁) မိုင်အရောက်တွင် ၎င်း ၏ခင်ပွန်းဟောင်းဖြစ်သူဟောင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား တွေ့ရသဖြင့် လမ်းဘေးတွင် ရပ်တန့်ရှောင်နေစဉ် ခင်ပွန်းဟောင်းဖြစ်သူမှ ဆိုင်ကယ်ပေါ်က ဆွဲချ၍ အသင့်ပါလာသည့် ဒါးဖြင့် လည်ပင်းအားလှီးဖြတ်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

မဆုရည်ဖြိုးသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

Leave a Reply