ေမာ္စကို၌ ဘတ္စ္ကားတစ္စီး လမ္းေခ်ာ္ၿပီး လူေလးဦးေသဆံုး

0
173

ပံုစာ။ လမ္းေခ်ာ္ၿပီး ဘူတာ႐ုံအဝင္ေပါက္သို႔က်ဆင္းခဲ့သည့္ ဘတ္စ္ကား
ေမာ္စကို ဓီဇင္ဘာ ၂၆

႐ုရွားႏုိင္ငံ ေမာ္စကုိၿမိဳ႕၌ ဒီဇင္ဘာ ၂၅ ရက္တြင္ ဘတ္စ္ကားတစ္စီး လမ္းမေပၚမွသြားလာေနရာမွ လမ္းေခ်ာ္ၿပီး ေျမေအာက္ရထား ဘူတာအဝင္ေပါက္သို႔ က်ဆင္းခဲ့မႈေၾကာင့္ လူေလးဦးေသဆံုးၿပီး ၁၁ ဦးဒဏ္ရာရရွိခ့ဲေၾကာင္း ႐ုရွားအစိုးရအရာရွိမ်ားကေျပာဆုိခဲ့သည္။

ဘတ္စ္ကားသည္ ေျမေအာက္ရထားဘူတာအဝင္ေပါက္ ေလွကားထစ္မ်ားမွတစ္ဆင့္ ေအာက္သုိ႔က်ဆင္းခဲ့ၿပီး ဘူတာ႐ံုလုိဏ္ေခါင္းအမိုးနဲ႔ထိၿပီး ရပ္သြားခဲ့ျခင္းျဖစ္သည္။ ဆလာဗီယန္စကီးရထားဘူတာ႐ုံနားတြင္ အခင္းျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ဘတ္စ္ကားသည္ ႐ုတ္တရက္ေဆာင့္ထြက္ခဲ့ျခင္းျဖစ္ၿပီး ဘရိတ္အုပ္ႏုိင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ျခင္းမရွိခဲ့ေၾကာင္း ယာဥ္ေမာင္းကေျပာဆုိ ခဲ့သည္။ လမ္းမေပၚ၌ ႏွင္းမ်ားႏွင့္ ေခ်ာေနသည့္ အခ်ိန္တြင္ အခင္းျဖစ္ပြား ခဲ့ျခင္းျဖစ္သည္။

ဘတ္စ္ကားသည္ ႐ုတ္တရက္ေဆာင့္ထြက္ၿပီးေနာက္ ပလက္ေဖာင္းေပၚသို႔ေရာက္ရွိသြားကာ ေနာက္ပိုင္းတြင္ ေျမေအာက္ရထားဘူတာအဝင္ေပါက္သို႔ ေလွ်ာဆင္းသြားခ့ဲျခင္းျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားကေျပာဆုိခဲ့သည္။ ေသဆံုးသူမ်ားတြင္ အသက္ သံုးဆယ္ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ဆယ္ေက်ာ္သက္တစ္ဦးတုိ႔ ပါဝင္သည္။ ဒဏ္ရာရရွိသူႏွစ္ဦး အေျခအေနစုိးရိမ္ရေၾကာင္း က်န္းမာေရးအရာရွိမ်ားကေျပာဆုိခဲ့သည္။

ဘတ္စ္ကားသည္ ထုတ္လုပ္မႈသက္တမ္းတစ္ႏွစ္ပင္မျပည့္ေသးေၾကာင္း အင္တာဖက္စ္သတင္းဌာနကေဖာ္ျပခဲ့သည္။ ေမာ္စကိုရွိ ဘတ္စ္ကားအားလံုးကုိ စစ္ေဆးရန္ ညႊန္ၾကားလိုက္ၿပီျဖစ္ေၾကာင္း ေမာ္စကိုၿမိဳ႕ေတာ္ဝန္ ဆာေဂဆိုျဗင္နင္ကေျပာဆုိခဲ့သည္။

ေသဆံုးသူမ်ားမွာ ဘတ္စ္ကားေပၚတြင္ လိုက္ပါခဲဲ့သူမ်ားဟုတ္မဟုတ္ကို မသိႏုိင္ေသးေခ်။ ဘတ္စ္ကားသည္ လူအေတာ္မ်ားမ်ားကို ဝင္တိုက္ ၿပီးေနာက္ ဘူတာ႐ုံအဝင္ေပါက္ ေလွကားထစ္မ်ားသို႔ က်ဆင္း ခဲ့ျခင္းျဖစ္ေၾကာင္း လံုၿခံဳေရးကင္မရာမွတ္တမ္းမ်ားအရ သိရသည္။

ယာဥ္ေမာင္းသည္ အရက္ေသစာေသာက္စားျခင္းမရွိေၾကာင္း ရဲတပ္ဖဲြ႕ကေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပုံစာ။ လမ်းချော်ပြီး ဘူတာရုံအဝင်ပေါက်သို့ကျဆင်းခဲ့သည့် ဘတ်စ်ကား
မော်စကို ဓီဇင်ဘာ ၂၆

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၂၅ ရက်တွင် ဘတ်စ်ကားတစ်စီး လမ်းမပေါ်မှသွားလာနေရာမှ လမ်းချော်ပြီး မြေအောက်ရထား ဘူတာအဝင်ပေါက်သို့ ကျဆင်းခဲ့မှုကြောင့် လူလေးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအစိုးရအရာရှိများကပြောဆိုခဲ့သည်။

ဘတ်စ်ကားသည် မြေအောက်ရထားဘူတာအဝင်ပေါက် လှေကားထစ်များမှတစ်ဆင့် အောက်သို့ကျဆင်းခဲ့ပြီး ဘူတာရုံလိုဏ်ခေါင်းအမိုးနဲ့ထိပြီး ရပ်သွားခဲ့ခြင်းဖြစ်သည်။ ဆလာဗီယန်စကီးရထားဘူတာရုံနားတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားသည် ရုတ်တရက်ဆောင့်ထွက်ခဲ့ခြင်းဖြစ်ပြီး ဘရိတ်အုပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း ယာဉ်မောင်းကပြောဆို ခဲ့သည်။ လမ်းမပေါ်၌ နှင်းများနှင့် ချောနေသည့် အချိန်တွင် အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားသည် ရုတ်တရက်ဆောင့်ထွက်ပြီးနောက် ပလက်ဖောင်းပေါ်သို့ရောက်ရှိသွားကာ နောက်ပိုင်းတွင် မြေအောက်ရထားဘူတာအဝင်ပေါက်သို့ လျှောဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများကပြောဆိုခဲ့သည်။ သေဆုံးသူများတွင် အသက် သုံးဆယ်နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဆယ်ကျော်သက်တစ်ဦးတို့ ပါဝင်သည်။ ဒဏ်ရာရရှိသူနှစ်ဦး အခြေအနေစိုးရိမ်ရကြောင်း ကျန်းမာရေးအရာရှိများကပြောဆိုခဲ့သည်။

ဘတ်စ်ကားသည် ထုတ်လုပ်မှုသက်တမ်းတစ်နှစ်ပင်မပြည့်သေးကြောင်း အင်တာဖက်စ်သတင်းဌာနကဖော်ပြခဲ့သည်။ မော်စကိုရှိ ဘတ်စ်ကားအားလုံးကို စစ်ဆေးရန် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေဆိုဗြင်နင်ကပြောဆိုခဲ့သည်။

သေဆုံးသူများမှာ ဘတ်စ်ကားပေါ်တွင် လိုက်ပါခဲဲ့သူများဟုတ်မဟုတ်ကို မသိနိုင်သေးချေ။ ဘတ်စ်ကားသည် လူအတော်များများကို ဝင်တိုက် ပြီးနောက် ဘူတာရုံအဝင်ပေါက် လှေကားထစ်များသို့ ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးကင်မရာမှတ်တမ်းများအရ သိရသည်။

ယာဉ်မောင်းသည် အရက်သေစာသောက်စားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

 

Leave a Reply