ဗြိတိန်ရေပိုင်နက်နားသို့ ချဉ်းကပ်လာသည့် ရုရှားရေတပ်သင်္ဘောကို ဗြိတိန်ရေတပ်သင်္ဘောအုပ်စု စောင့်ကြည့်ခြံရံခဲ့ရ
0
159
လန်ဒန် ဒီဇင်ဘာ ၂၆
ဗြိတိန်အမျိုးသားအကျိုးစီးပွားရှိသည့် နေရာသို့ဝင်ရောက်ခဲ့သည့် ရုရှားသင်္ဘော အက်ဒ်မိုင်ရယ်ဂေါ်ရှ်ကော့ဗ်၏အပြုအမူများကို ဗြိတိန်ရေတပ်မှ အိပ်ခ်ျအမ်အက်စ် စိန့်အယ်လ်ဘန်စ်က စောင့်ကြည့် ခဲ့ရကြောင်း တော်ဝင်ရေတပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
အင်တာနက်ကေဘယ်လိုင်းများ ထိခိုက်ပျက်စီးပါက စီးပွားရေး အကြီးအကျယ်ထိခိုက်နိုင်သောကြောင့် ဗြိတိန်နှင့် နေတိုးအဖွဲ့တို့သည် ယင်းတို့ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ရေတပ်စစ်ဦးစီးချုပ် ဆာ စတူးဝပ်ပိခ်ျကပြောဆိုခဲ့သည်။
Source:BBC
ရိုးမြေ
လန်ဒန် ဒီဇင်ဘာ ၂၆
ဗြိတိန်ရေပိုင်နက်နား မြောက်ပင်လယ်တွင်း ဝင်ရောက်ခဲ့သည့် ရုရှားရေတပ်သင်္ဘောကို ဗြိတိန်ရေတပ်သင်္ဘောအုပ်စုက စောင့်ကြည့်ခြံရံခဲ့ရကြောင်း တော်ဝင်ရေတပ်က ထုတ်ပြန်ခဲ့သည်။
ဗြိတိန်အမျိုးသားအကျိုးစီးပွားရှိသည့် နေရာသို့ဝင်ရောက်ခဲ့သည့် ရုရှားသင်္ဘော အက်ဒ်မိုင်ရယ်ဂေါ်ရှ်ကော့ဗ်၏အပြုအမူများကို ဗြိတိန်ရေတပ်မှ အိပ်ချ်အမ်အက်စ် စိန့်အယ်လ်ဘန်စ်က စောင့်ကြည့် ခဲ့ရကြောင်း တော်ဝင်ရေတပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ဗြိတိန်ရေပိုင်နက်တွင်း ဝင်ရောက်သည့် ရုရှားစစ်သင်္ဘောစင်းရေ များပြားလာခဲ့ကြောင်း တော်ဝင်ရေတပ်ကပြောဆိုခဲ့သည်။ ရုရှားကြောင့် ပင်လယ်ပြင်ရှိ အင်တာနက်ကေဘယ်လိုင်းများ ထိခိုက်သွားနိုင်ကြောင်း ဗြိတိန်က မကြာသေးမီတွင် သတိပေးခဲ့သည်။
အင်တာနက်ကေဘယ်လိုင်းများ ထိခို်က်ပျက်စီးပါက စီးပွားရေး အကြီးအကျယ်ထိခိုက်နိုင်သောကြောင့် ဗြိတိန်နှင့် နေတိုးအဖွဲ့တို့သည် ယင်းတို့ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ရေတပ်စစ်ဦးစီးချုပ် ဆာ စတူးဝပ်ပိချ်ကပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ရုရှားရေတပ်စစ်သင်္ဘော အက်ဒ်မိုင်ရယ်ဂေါ်ရှ်ကောဗ် ဗြိတိန်ရေပိုင်နက်နားမှ ဖြတ်သွားသောကြောင် ယင်းကို စောင့်ကြည့်ရန် အိပ််ချ်အမ်အက်စ် စိန့်အော်လ်ဘန်စ်ကို တာဝန်ပေးခဲ့ရသည်။ ဗြိတိန်ရေတပ်သင်္ဘောအုပ်စုသည် ခရစ္စမတ်နေ့တွင် ရေပြင်၌ ရှိခဲ့ပြီး ရုရှားရေတပ်သင်္ဘောကို စောင့်ကြည့်ခဲ့ရသည်။
ရေပိုင်နက်ကို ကာကွယ်မည်ဖြစ်ပြီး ရန်လိုကျူးကျော်မှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆင် ကပြောဆိုခဲ့သည်။ ထို့ပြင် အိပ်ချ်အမ်အက်စ်တိုင်းသည်လည်း ခရစ္စမတ်နေ့တွင် ရုရှားထောက်လှမ်းရေးသင်္ဘောတစ်စင်းကို မြောက်ပင်လယ်နှင့် အင်္ဂလိပ်ရေလက်ကြားတို့တွင် စောင့်ကြည့် ခြံရံခဲ့ရကြောင်း တော်ဝင်ရေတပ်ကထုတ်ပြန်ခဲ့သည်။
Source:BBC
ရိုးမြေ
Leave a Reply