ဖိလစ္ပိုင္၌ လူ ၂၄၀ ခန္႔ေသဆံုးေစခဲ့သည့္ မုန္တုိင္းတမ္ဘင္ ဗီယက္နမ္သို႔ ဦးတည္ခဲ့ေသာ္လည္း အင္အားေလ်ာ့နည္းလာၿပီျဖစ္

0
118

ဗီယက္နမ္၌ မုန္တုိင္းမတိုက္ခတ္မီတြင္အေရးေပၚေနရာေရႊ႕ေျပာင္းမႈျပဳလုပ္ခဲ့စဥ္

ဟႏြိဳင္း ဒီဇင္ဘာ ၂၆

ဖိလစ္ပိုင္ႏုိင္ငံ ေတာင္ပိုင္းသို႔ ဝင္ေရာက္တိုက္ခတ္ခဲ့သည့္ အပူပုိင္းမုန္တုိင္း တမ္ဘင္သည္ ဗီယက္နမ္ေတာင္ပိုင္းသို႔ ဦးတည္သြားခဲ့ေသာ္လည္း တျဖည္းျဖည္းအင္အားနည္းလာၿပီး ၄၈ နာရီအတြင္း ေပ်ာက္ကြယ္ သြားႏုိင္ေၾကာင္း ခန္႔မွန္းမႈမ်ားရွိေနသည္။

တစ္နာရီ ၅၈ ကီလိုမီတာ ( ၉၃ မုိ္င္) ႏႈန္းျမင့္ တုိက္ခတ္ေနသည့္ မုန္တုိင္း တမ္ဘင္သည္ ဟိုခ်ီမင္းစီးတီးအေနာက္ေတာင္ဘက္ မုိင္ ၁၇၀ အကြာတြင္ရွိေနၿပီး အေနာက္ဘက္သို႔ ေရြ႕လ်ားေနေၾကာင္း ဗီယက္နမ္မိုးေလဝသဌာနကခန္႔မွန္းထားသည္။

ေနရာေရႊ႕ေျပာင္းမႈမ်ားျပဳလုပ္ရန္ လူတစ္သန္းကို သတိေပးထားၿပီး လူ ၇၀၀၀၀ ခန္႔ကို ေနရာေရႊ႕ေျပာင္းေပးခဲ့ရၿပီးျဖစ္သည္။ ဖိလစ္ပိုင္သို႔ မုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့မႈေၾကာင့္ လူ ၂၄၀ ဦးခန္႔ေသဆံုးခဲ့သည္။

ဖိလစ္ပိုင္၌ မုန္တုိင္းတိုက္ခတ္ၿပီးေနာက္ လူ ၁၀၀ ေက်ာ္ေပ်ာက္ဆံုး နဆဲျဖစ္သည္။ ဖိလစ္ပိုင္ႏုိင္ငံေတာင္ပိုင္း မင္ဒါေနာင္ကၽြန္း၌ ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ တံတားမ်ားႏွင့္ လမ္းမ်ားပ်က္စီး ခဲ့သည္။ ေနအိမ္အလံုး ၁၀၀၀ ေက်ာ္ပ်က္စီးခဲ့ၿပီး စပါးခင္းမ်ား ေရျမဳပ္ခဲ့သည္။

ဗီယက္နမ္တြင္ ေရနံတူးစင္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ၿပီး ငါးဖမ္းသေဘၤာ ၆၂၀၀၀ ခန္႔ ပင္လယ္ျပင္သို႔ မထြက္ရန္ အစိုးရက ညႊန္ၾကားထားသည္။ ႏုိင္ငံေတာင္ပိုင္း ဘက္လ်ဴခ႐ိုင္၌ ငါးဖမ္းသူမ်ားျပားေသာ ေက်းရြာတြင္ ေနထိုင္သူမ်ားအား အေရးေပၚခိုလႈံေရးစခန္းမ်ားသုိ႔ ေရႊ႕ေျပာင္းေပးခဲ့ရသည္။

Source:BBC

႐ိုးေျမ

ဗီယက်နမ်၌ မုန်တိုင်းမတိုက်ခတ်မီတွင်အရေးပေါ်နေရာရွှေ့ပြောင်းမှုပြုလုပ်ခဲ့စဉ်

ဟနွိုင်း ဒီဇင်ဘာ ၂၆

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း တမ်ဘင်သည် ဗီယက်နမ်တောင်ပိုင်းသို့ ဦးတည်သွားခဲ့သော်လည်း တဖြည်းဖြည်းအင်အားနည်းလာပြီး ၄၈ နာရီအတွင်း ပျောက်ကွယ် သွားနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။

တစ်နာရီ ၅၈ ကီလိုမီတာ ( ၉၃ မို်င်) နှုန်းမြင့် တိုက်ခတ်နေသည့် မုန်တိုင်း တမ်ဘင်သည် ဟိုချီမင်းစီးတီးအနောက်တောင်ဘက် မိုင် ၁၇၀ အကွာတွင်ရှိနေပြီး အနောက်ဘက်သို့ ရွေ့လျားနေကြောင်း ဗီယက်နမ်မိုးလေဝသဌာနကခန့်မှန်းထားသည်။

နေရာရွှေ့ပြောင်းမှုများပြုလုပ်ရန် လူတစ်သန်းကို သတိပေးထားပြီး လူ ရ၀၀၀၀ ခန့်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီးဖြစ်သည်။ ဖိလစ်ပိုင်သို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၂၄၀ ဦးခန့်သေဆုံးခဲ့သည်။

ဖိလစ်ပိုင်၌ မုန်တိုင်းတိုက်ခတ်ပြီးနောက် လူ ၁၀၀ ကျော်ပျောက်ဆုံး နဆဲဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနောင်ကျွန်း၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် တံတားများနှင့် လမ်းများပျက်စီး ခဲ့သည်။ နေအိမ်အလုံး ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး စပါးခင်းများ ရေမြုပ်ခဲ့သည်။

ဗီယက်နမ်တွင် ရေနံတူးစင်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး ငါးဖမ်းသင်္ဘော ၆၂၀၀၀ ခန့် ပင်လယ်ပြင်သို့ မထွက်ရန် အစိုးရက ညွှန်ကြားထားသည်။ နိုင်ငံတောင်ပိုင်း ဘက်လျူခရိုင်၌ ငါးဖမ်းသူများပြားသော ကျေးရွာတွင် နေထိုင်သူများအား အရေးပေါ်ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

Source:BBC

ရိုးမြေ

 

Leave a Reply