မဟာမုနိဘုရားကြီးရှိ ပျံကျဈေးသည်များကို ဘုရားဘဏ္ဍာငွေဖြင့် ဆိုင်ခန်းများ ဆောက်လုပ်ပေး ဈေးသည်များ အဆင်မပြေ
0
137
မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးရှိ ပျံကျဈေးသည်များကို ဘုရားဘဏ္ဍာငွေဖြင့် ဘုရားဂေါပကအဖွဲ့က ဆိုင်ခန်းများ ဆောက်လုပ်ပေးထားခဲ့သော်လည်း ဈေးသည်များ အဆင်ပြေမှု မရှိကြောင်း သိရသည်။
ဈေးဆိုင်ခန်းများကို ချထားပေးရာတွင် အများသုံးသန့်စင်ခန်းအနီး၌ ချထားပေးခြင်း ၊ လူသွားလူလာနည်းသောနေရာတွင် ချထားပေးခြင်း စသည်တို့ကြောင့် ဈေးသည်များအနေဖြင့် အရောင်းအဝယ်ပါးနေကြောင်း သိရသည်။
မအေးသန်း က ပြောသည်။
ပျံကျဈေးသည်များအနေဖြင့် လိပ်ကန်အနီးတွင်လည်းကောင်း ၊ ဆောင်းတန်းများအနီးတွင်လည်းကောင်း ရောင်းချနေသည့်အတွက် ယင်များအုံခြင်း ၊ သန့်ရှင်းမှုမရှိခြင်း စသည်တို့မဖြစ်ပေါ်စေရန်အတွက် ဈေးဆိုင်ခန်းများဖြင့် စနစ်တကျလုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့က သိရသည်။
နိုင်လင်းဦး
မန္တလေး၊ဒီဇင်ဘာ ၂၆၊၂၀၁၇
မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးရှိ ပျံကျစျေးသည်များကို ဘုရားဘဏ္ဍာငွေဖြင့် ဘုရားဂေါပကအဖွဲ့က ဆိုင်ခန်းများ ဆောက်လုပ်ပေးထားခဲ့သော်လည်း စျေးသည်များ အဆင်ပြေမှု မရှိကြောင်း သိရသည်။
စျေးဆိုင်ခန်းများကို ချထားပေးရာတွင် အများသုံးသန့်စင်ခန်းအနီး၌ ချထားပေးခြင်း ၊ လူသွားလူလာနည်းသောနေရာတွင် ချထားပေးခြင်း စသည်တို့ကြောင့် စျေးသည်များအနေဖြင့် အရောင်းအဝယ်ပါးနေကြောင်း သိရသည်။
“ကျွန်မတို့ မရောင်းရဘူး ။ သုံးရက်ရှိပြီ ။ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ။ တချို့ဆို မထွက်တော့ဘူး ။ မရောင်းရဘူး ။ အရင်တုန်းက တစ်ရက်ကို ခုနှစ်သောင်းကျော်လောက်ရောင်းရတာ။ ခု တခါတလေဆို စျေးဦးတောင်မပေါက်ဘူး ။” ဟု အအေးမျိုးစုံရောင်းသူ 
မအေးသန်း က ပြောသည်။
ပျံကျစျေးသည်များအနေဖြင့် လိပ်ကန်အနီးတွင်လည်းကောင်း ၊ ဆောင်းတန်းများအနီးတွင်လည်းကောင်း ရောင်းချနေသည့်အတွက် ယင်များအုံခြင်း ၊ သန့်ရှင်းမှုမရှိခြင်း စသည်တို့မဖြစ်ပေါ်စေရန်အတွက် စျေးဆိုင်ခန်းများဖြင့် စနစ်တကျလုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့က သိရသည်။
“အစမလို့အဆင်မပြေတာပါ ။ ဟိုဘက်မှာလည်း ယာဉ်ရပ်နားစခန်း ဆောက်နေတာ ပြီးသွားရင် အစဉ်ပြေသွားမှာပါ ။ ဒါကတော့ ဘယ်စီမံကိန်းပဲလုပ်လုပ်ဖြစ်တက်ပါတယ်။ သူတို့လိပ်ကန်နား ရောင်းရင်တောင် ညှီစော်နံတယ် ။” ဟု မဟာမုနိဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
ဆောက်လုပ်ပေးထားသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော်ရှိပြီး ဆိုင်ခန်းများကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မဲနှိုက်၍ရွေးချယ်ချထားပေးခဲ့ကာ ထပ်မံ၍လည်း ဆောက်လုပ်သွားရန် နေရာလွတ်ရှာဖွေနေကြောင်း မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့က သိရသည်။
နိုင်လင်းဦး
Leave a Reply