လႊတ္ေတာ္အနီး ဒရုန္းလႊတ္တင္ရုိက္ကူးခဲ႔သည့္ တရားခံႏုိင္ငံျခား သတင္းေထာက္ ၂ ဦးပါဝင္ခဲ႔သည့္ အမႈမ်ားအား ရုပ္သိမ္းခြင့္ ေလွ်ာက္ထား

0
174

ေနျပည္ေတာ္၊ဒီဇင္ဘာ ၂၆၊၂၀၁၇

လႊတ္ေတာ္အနီး ဒရုန္းလႊတ္တင္ရုိက္ကူးခဲ႔သည့္ ႏုိင္ငံျခားသတင္းေထာက္ ၂ ဦးအပါအ၀င္ ယာဥ္ေမာင္း တစ္ဦး ႏွင္႔ စကားျပန္ တစ္ဦးတုိ႔၏ အမႈမ်ားအား ရုပ္သိမ္းခြင္႔ျပဳရန္ တရားရုံးသုိ႔ တရားလုိမ်ားဘက္မွ ေလွ်ာက္ထားခဲ႔ေၾကာင္း သိရွိရသည္။

“တရားခံ ၄ ဦး၏ ျပဳလုပ္မႈသည္ ႏုိင္ငံေတာ္၏ လုံၿခဳံေရးကုိ ထိခုိက္ေစမည္ ရည္ရြယ္ခ်က္မေတြ႔ရွိရ၍ လည္းေကာင္း၊ မေလးရွားႏုိင္ငံသူ မ MOK CHOY LIN ႏွင္႔ စကာၤပူႏုိင္ငံသား LAUHON MENG ပတ္သက္၍ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးကုိ ေရွးရႈ၍ လည္းေကာင္း အမႈအား ရုပ္သိမ္းခြင့္ေလွ်ာက္ထား ရန္ ဖုန္းျဖင္႔ ညႊန္ၾကားလာသျဖင္႔ ရည္ညႊန္းခ်က္ပါ တရားခံ ၄ ဦးအမႈအား ရုပ္သိမ္းခြင္႔ျပဳပါရန္ ေလွ်ာက္ထားအပ္ပါသည္”ဟု အမႈအား လုိက္ပါ ေဆာင္ရြက္ေနသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ယေန႔ ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ တရားခံမ်ားအား ရုံးထုတ္စစ္ေဆးခဲ႔ၿပီး အၿပီးတြင္ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က သတင္းေထာက္ မ်ား ေမးျမန္းမႈကုိ ရွင္းျပခဲ႔သည္။

အဆိုပါ အမႈႏွင္႔ ပတ္သက္၍ အမိန္႔ခ်မွတ္ျခင္းကုိ လာမည္႔ ဒီဇင္ဘာလ ၂၉ ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ႏုိင္ငံျခားသားသတင္းေထာက္ ၂ ဦးအား စြဲဆုိထားသည္႔ လ၀က အမႈလည္း ပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ဦးခင္ေမာင္ေဇာ္မွ ရွင္းျပခဲ႔သည္။

“၂၉ ရက္ေန႔က်ရင္ေတာ႔ ဥပေဒအရာရွိက ရုပ္သိမ္းေပးရင္ အဲဒီေန႔မွာပဲ အမႈကုိ ပိတ္သိမ္းေၾကာင္း အမိန္႔ေၾကာင္း အမိန္႔ခ်ပါလိမ္႔မယ္။ ဒုတိယအမႈျဖစ္တဲ႔ လ၀က အက္ဥပေဒ ပုဒ္မ ၁၃ (၁)အရ အမႈကလည္း ရုပ္သိမ္းမွာပါတဲ႔ ဦးထြန္းထြန္း၀င္းကလည္း ေျပာပါတယ္။ အဲဒီအမႈကလည္း ၿမဳိ႕နယ္ လ၀က မွဴးက စြဲထားတာျဖစ္တဲ႔အတြက္ သူကလာမတင္ေသးဘူး။ အခုလဲ ေခၚထားပါတယ္။ လာတင္ေနၿပီလုိ႔ သိရပါတယ္။”ဟု ဦးခင္ေမာင္ေဇာ္က ေျပာသည္။

တရားခံ ၄ ဦးသည္ ေလေၾကာင္းအက္ဥပေဒ ပုဒ္မ ၁၀ ျဖင္႔ ေထာင္ဒဏ္ ၂ လခ်စီခ်မွတ္ခဲ႔ထားရၿပီး လာမည္႔ ဇန္န၀ါရီလ ၉ ရက္ေန႔၌ ျပစ္ဒဏ္လႊတ္မည္ျဖစ္သည္။

ျပစ္ဒဏ္က်ခံေနစဥ္အခ်ိန္အတြင္း ဖမ္းဆီးထိန္းသိမ္းခဲ႔စဥ္က တရားစြဲဆုိခံထားရသည္႔ သြင္းကုန္ပုိ႔ကုန္ ဥပေဒ ပုဒ္မ ၈/၁၀ အမႈအား တရားရင္ဆုိင္ေနၾကရၿပီး ႏုိင္ငံျခားသားသတင္းေထာက္ ၂ ဦးမွာ ၎အမႈအျပင္ လ၀က အက္ဥပေဒ ပုဒ္မ ၁၃ (၁)ကုိ ရင္ဆုိင္ေနခဲ႔ရျခင္းျဖစ္သည္။

အဆုိပါ တရားခံမ်ားသည္ ေအာက္တုိဘာလ ၂၇ ရက္ေန႔ က ဇဗၺဴသီရိၿမဳိ႕နယ္ရွိ လွ်ပ္စစ္ႏွင္႔ စြမ္းအင္၀န္ႀကီးဌာန ရုံးအမွတ္ (၂၇) အနီး ဒရုန္းလႊတ္တင္ၿပီး လႊတ္ေတာ္အေဆာက္အဦးအား ရုိက္ကူးရန္ ျပဳလုပ္ခဲ႔ျခင္းေၾကာင္း ဖမ္းဆီးထိန္းသိမ္းခံခဲရၿပီး တရားစြဲမႈမ်ား ခံခဲ႔ရျခင္းျဖစ္သည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ဒီဇင်ဘာ ၂၆၊၂၀၁၇

လွှတ်တော်အနီး ဒရုန်းလွှတ်တင်ရိုက်ကူးခဲ့သည့် နိုင်ငံခြားသတင်းထောက် ၂ ဦးအပါအဝင် ယာဉ်မောင်း တစ်ဦး နှင့် စကားပြန် တစ်ဦးတို့၏ အမှုများအား ရုပ်သိမ်းခွင့်ပြုရန် တရားရုံးသို့ တရားလိုများဘက်မှ လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

“တရားခံ ၄ ဦး၏ ပြုလုပ်မှုသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေမည် ရည်ရွယ်ချက်မတွေ့ရှိရ၍ လည်းကောင်း၊ မလေးရှားနိုင်ငံသူ မ MOK CHOY LIN နှင့် စကာင်္ပူနိုင်ငံသား LAUHON MENG ပတ်သက်၍ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍ လည်းကောင်း အမှုအား ရုပ်သိမ်းခွင့်လျှောက်ထား ရန် ဖုန်းဖြင့် ညွှန်ကြားလာသဖြင့် ရည်ညွှန်းချက်ပါ တရားခံ ၄ ဦးအမှုအား ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်”ဟု အမှုအား လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တရားခံများအား ရုံးထုတ်စစ်ဆေးခဲ့ပြီး အပြီးတွင် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက် များ မေးမြန်းမှုကို ရှင်းပြခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်ခြင်းကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံခြားသားသတင်းထောက် ၂ ဦးအား စွဲဆိုထားသည့် လဝက အမှုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်မှ ရှင်းပြခဲ့သည်။

“၂၉ ရက်နေ့ကျရင်တော့ ဥပဒေအရာရှိက ရုပ်သိမ်းပေးရင် အဲဒီနေ့မှာပဲ အမှုကို ပိတ်သိမ်းကြောင်း အမိန့်ကြောင်း အမိန့်ချပါလိမ့်မယ်။ ဒုတိယအမှုဖြစ်တဲ့ လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁)အရ အမှုကလည်း ရုပ်သိမ်းမှာပါတဲ့ ဦးထွန်းထွန်းဝင်းကလည်း ပြောပါတယ်။ အဲဒီအမှုကလည်း မြို့နယ် လဝက မှူးက စွဲထားတာဖြစ်တဲ့အတွက် သူကလာမတင်သေးဘူး။ အခုလဲ ခေါ်ထားပါတယ်။ လာတင်နေပြီလို့ သိရပါတယ်။”ဟု ဦးခင်မောင်ဇော်က ပြောသည်။

တရားခံ ၄ ဦးသည် လေကြောင်းအက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် ၂ လချစီချမှတ်ခဲ့ထားရပြီး လာမည့် ဇန်နဝါရီလ ၉ ရက်နေ့၌ ပြစ်ဒဏ်လွှတ်မည်ဖြစ်သည်။

ပြစ်ဒဏ်ကျခံနေစဉ်အချိန်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်က တရားစွဲဆိုခံထားရသည့် သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈/၁၀ အမှုအား တရားရင်ဆိုင်နေကြရပြီး နိုင်ငံခြားသားသတင်းထောက် ၂ ဦးမှာ ၎င်းအမှုအပြင် လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁)ကို ရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တရားခံများသည် အောက်တိုဘာလ ၂၇ ရက်နေ့ က ဇဗ္ဗူသီရိမြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အနီး ဒရုန်းလွှတ်တင်ပြီး လွှတ်တော်အဆောက်အဦးအား ရိုက်ကူးရန် ပြုလုပ်ခဲ့ခြင်းကြောင်း ဖမ်းဆီးထိန်းသိမ်းခံခဲရပြီး တရားစွဲမှုများ ခံခဲ့ရခြင်းဖြစ်သည်။

ယဉ်ကေနွယ်

Leave a Reply