သုံးခွတွင် သောင်တင်နေသည့် သင်္ဘောကြီးမှာ စွန့်ပြစ်ခဲ့ခြင်းမဟုတ် ဟုဆို

0
162

စက်တင်​ဘာ ၃
သော်လင်းထက်

မြန်​မာ့ပင်​လယ်​​ရေပြင်​တွင်​​တွေ့ရှိခဲ့သည့်​ ကုန်​တင်​သ​ဘောင်္နှင့်​ပတ်​သက်​၍ သတင်းစာရှင်းလင်​ပွဲတစ်​ရပ်​ကို ယ​နေ့ည၇နာရီအချိန်​ကရန်​ကုန်​မြို့ ဆူး​လေရှန်​ဂရီလာ​ဟိုတယ်​တွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်​ သြဂုတ်​၂၉ရက်​က ရန်​ကုန်​တိုင်း​ဒေသကြီး၊သုံးခွမြို့နယ်​တွင်​​ ​သောင်​တင်​​နေသည့်​ SAM RATULANGIအမည်​ရှိ ကုန်​တင်​သ​ဘောင်္သည်​မုန်​တိုင်းဒဏ်​​ကြောင့်​ ​မျောပါလာခြင်းဖြစ်​သည်​​ဟု​ပြောကြားခဲ့သည်​။

“အင်​ဒိုနီးရှား မှတ်​ပုံတင်​ထားတဲ့ သ​​ဘောင်္ကြီးကို ဘင်္ဂ​လား​ဒေရှ်​နိုင်​ငံ တန်​ဂျီယာပူရစ်​ဆိပ်​ကမ်းမှာ ဖျက်​ဆီးဖို့ဖျက်​မှာပါ အဲ့အချိ​န်​ဘဲ သြဂုတ်​လ၂၅ရက်​မှာဖြစ်​တဲ့ မုတ္တမပင်​လယ်​​ကွေ့မှာဖြစ်​​ပေါ်ခဲ့တဲ့ ပြင်းထန်​တဲ့မုန်​တိုင်း​ကြောင့်​ ဒီသ​ဘောင်္ကိုဆွဲတဲ့ Independenceလို့​ခေါ်တဲ့တက်​​ဘုတ်​နဲ့ချိတ်​ထားတဲ့ကြိုးကပျက်​သွားပြီး​တော့မြန်​မာ့​ရေပိုင်​နက်​ထဲကို​မျောပါသွားတာဖြစ်​ပါတယ်​။မြန်​မာ့​ရေပိုင်​နက်​မှာလာ​ရောက်​စွန့်​ပစ်​တာမဟုတ်​ပါဘူး။ကုမဏီနာမည်​လည်းပါပါတယ်​”ဟုOcean Soluction Marine ကုမဏီမှတာဝန်​ရှိသူ ​ဒေါ်​မေသန့်​စင်​မှ​ပြောကြားခဲ့သည်​။

ထိုသို့​မြောပါသွားသည့်​ SAM RATULANGIအမည်​ရှိသ​ဘောင်္သည်​ ​ရန်​ကုန်​တိုင်း​ဒေသကြီး၊သုံးခွမြို့နယ်​၊သမ္မစိတ္တ​ကျေးရွာအပြင်​ဘက်​ ​ရေမိုင်​၇မိုင်​ခန့့်​အကွာ စစ်​​တောင်းမြစ်​အနီးမြန်​မာ့ပင်​လယ်​​ရေပြင်​၌သောင်​တင်​ခဲ့ခြင်းဖြစ်​သည်​။

အဆိုပါ​​သောင်​တင်​ခဲ့သည့်​ သ​ဘောင်္အားပြန်​လည်​ဆယ်​ယူရန်​ကြိုးပမ်း​နေသည့်​ Independenceအမည်ရှိဆွဲ​သ​ဘောင်္တွင်​လိုက်​ပါလာသည့်​ ဝန်​ထမ်း ၁၃ဦးကို တပ်​မ​တော်​​ရေမှ ၃၁ရက်​​နေ့တွင်​ထိန်းသိမ်းထားခဲ့ခြင်းဖြစ်​သည်​။

ထို့ပြင်​ကုမ္ပဏီတာဝန်​ရှိသူများမှ​သ​ဘောင်္​သောင်​တင်​ခဲ့သည့်​ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ တာဝန်​ယူ​ဆောင်​ရွက်​​ပေးသွားမည်​ဖြစ်​​ကြောင်း၎င်းကဆက်​လက်​​ပြောကြားခဲ့သည်​။

Leave a Reply