ခ်င္းျပည္နယ္ထြက္ ဝဥ(ေခၚ)ဖ်ံဥမ်ားကို ယခုႏွစ္မွစ၍ ဂ်ပန္ႏိုင္ငံသို႔​ တင္​ပို႔​ေရာင္​းခ်သြားမည္

0
242

ရန္ကုန္၊ဒီဇင္ဘာ ၂၆၊၂၀၁၇

ခ်င္းျပည္နယ္႐ွိသဘာဝသီးႏွံ ပင္​အမ်ိဳးအစားျဖစ္ေသာ ဝဥ(ေခၚ) ဖ်ံဥကို
စနစ္​တက်တိုးခ်ဲ႕ စိုက္ပ်ဳိးလ်က္ဂ်ပန္​ႏိုင္​ငံသို႔ တင္​ပို႔​ေရာင္​းခ်သြားမည္​ ဟု
ခ်င္​းျပည္​နယ္​၊စည္​ပင္​သာယာ​ေရး လ်ပ္​စစ္​ /စက္​မူႏွင္​့လမ္​းပန္​းဆက္​သြယ္​​ေရးဝန္​ႀကီးဦးဆလိုင္​းအိုက္​ဇက္​ခင္​က​ေျပာၾကားသည္​။

“အရင္​က တ႐ုတ္ကဝယ္​တယ္​။ ႏွိမ္​ၿပီးဝယ္​တာ​ေပါ့။အခုဂ်ပန္​က ​ေစ်း​ေကာင္​း​ေပးဝယ္​တယ္​​။ျမန္​မာႏိုင္​ငံသစ္​သီးဝလံ စိုက္​ပ်ိဳးထုတ္​လုပ္​​
ေရာင္​းခ်သူမ်ားအသင္​းက​​ဂ်ပန္​ႏိုင္​ငံကုမၸဏီမ်ားနဲ႔ ခ်ိတ္​ဆက္​​ေဆာင္​ရြက္​တာ။ ျပည္​နယ္​အစိုးရက​ေတာ့SMEဇံု​ေလးဇံုသတ္​မွတ္​​ေပးၿပီး အားျဖည္​့​ေဆာင္​ရြက္​​ေပးပါတယ္​”ဟုဦးဆလိုင္​းအိုက္​ဇက္​ခင္​က
ပဥၥမလိႈင္​းမီဒီယာ၏​ ဆက္​သြယ္​ေမးျမန္​းမႈကို ျပန္​လည္​​ေျဖၾကားသည္​။

ခ်င္​းျပည္နယ္အတြင္း အဓိကစိုက္​ပ်ိဳးသီးႏွံမွာ စပါး၊ လက္ဖက္၊ ေကာ္ဖီႏွင့္ ဝဥတို႔ျဖစ္​ၿပီး ယခုအခါျပည္​ပပို႔ကုန္​အျဖစ္​ စိုက္​ပ်ိဳးသည္​့ ဝဥ မွာစိုက္​ပ်ိဳး ကာလ သံုးႏွစ္​ဝန္​းက်င္​ထား႐ွိရျပီးသတ္မွတ္ဥအရြယ္အစားေရာက္မွသာ တူးေဖာ္ၾကေၾကာင္း ၊​ေနရာအႏွံအျပားစိုက္​ပ်ိဳးၾက​ေသာ္​လည္​းမင္​းတပ္​၊ ကန္​ပက္​လက္​၊ မတူပီတို႔တြင္​ အထူးစိုက္​ပ်ိဳး​​ေဆာင္​ရြက္​လ်က္​႐ွိ​ေၾကာင္​း သိရသည္။

ခ်င္​းျပည္​နယ္​တြင္​ သဘာဝအတိုင္းေပါက္ေရာက္သည့္ ရာသီသီးႏွံပင္ အမ်ဳိးအစားျဖစ္သည့္ ဝဥမ်ားသည္​ယခုအခါျပည္​တြင္​းျပည္ပ ဝယ္လက္မ်ား ေရာက္လာသကဲ့သို႔ ျပည္တြင္း႐ွိစိုက္ပ်ဳိးေရးကုမၸဏီမ်ား အ​ေနျဖင္​့စနစ္တက် စိုက္​ပ်ိဳးႏိုင္​ရန္​ရက္တိုသင္တန္းမ်ား ပို႔ခ်လ်က္ စားသုံးကုန္ပစၥည္း ထုတ္လုပ္ေရး လုပ္ငန္းအတြက္သာမက ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္း၊ အလွကုန္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္း၊ စကၠဴလုပ္ငန္း၊ ေကာ္အမ်ဳိးမ်ဳိး ထုတ္လုပ္ေရးလုပ္ငန္း၊ခ်ည္ထည္လုပ္ငန္း၊ ေဆးဆိုးပန္း႐ိုက္ လုပ္ငန္းမ်ား အတြက္​ စက္မႈကုန္ၾကမ္းပစၥည္းအျဖစ္ အထူးလိုအပ္လ်က္​႐ွိသည္​့ အတြက္​၊ယခုဘဏၭာႏွစ္​မွစ၍ ျပည္​ပ​ေရာင္​းကုန္​အ​ေနျဖင္​့စနစ္​တက်
တိုးခဲ့်စိုက္​ပ်ိဳး​ကာ၊ဂ်ပန္ႏိုင္ငံသို႔ တင္​ပို႔​ေရာင္​းခ်မည္​ျဖစ္​​ေၾကာင္​း
သိရသည္​။

ျမတ္​ဟိန္​း​ေက်ာ္​

ရန်ကုန်၊ဒီဇင်ဘာ ၂၆၊၂၀၁၇

ချင်းပြည်နယ်ရှိသဘာဝသီးနှံ ပင်​အမျိုးအစားဖြစ်သော ဝဥ(ခေါ်) ဖျံဥကို
စနစ်​တကျတိုးချဲ့ စိုက်ပျိုးလျက်ဂျပန်​နိုင်​ငံသို့ တင်​ပို့​ရောင်​းချသွားမည်​ ဟု
ချင်​းပြည်​နယ်​၊စည်​ပင်​သာယာ​ရေး လျပ်​စစ်​ /စက်​မူနှင်​့လမ်​းပန်​းဆက်​သွယ်​​ရေးဝန်​ကြီးဦးဆလိုင်​းအိုက်​ဇက်​ခင်​က​ပြောကြားသည်​။

“အရင်​က တရုတ်ကဝယ်​တယ်​။ နှိမ်​ပြီးဝယ်​တာ​ပေါ့။အခုဂျပန်​က ​စျေး​ကောင်​း​ပေးဝယ်​တယ်​​။မြန်​မာနိုင်​ငံသစ်​သီးဝလံ စိုက်​ပျိုးထုတ်​လုပ်​​
ရောင်​းချသူများအသင်​းက​​ဂျပန်​နိုင်​ငံကုမ္ပဏီများနဲ့ ချိတ်​ဆက်​​ဆောင်​ရွက်​တာ။ ပြည်​နယ်​အစိုးရက​တော့SMEဇုံ​လေးဇုံသတ်​မှတ်​​ပေးပြီး အားဖြည်​့​ဆောင်​ရွက်​​ပေးပါတယ်​”ဟုဦးဆလိုင်​းအိုက်​ဇက်​ခင်​က
ပဥ္စမလှိုင်​းမီဒီယာ၏​ ဆက်​သွယ်​မေးမြန်​းမှုကို ပြန်​လည်​​ဖြေကြားသည်​။

ချင်​းပြည်နယ်အတွင်း အဓိကစိုက်​ပျိုးသီးနှံမှာ စပါး၊ လက်ဖက်၊ ကော်ဖီနှင့် ဝဥတို့ဖြစ်​ပြီး ယခုအခါပြည်​ပပို့ကုန်​အဖြစ်​ စိုက်​ပျိုးသည်​့ ဝဥ မှာစိုက်​ပျိုး ကာလ သုံးနှစ်​ဝန်​းကျင်​ထားရှိရပြီးသတ်မှတ်ဥအရွယ်အစားရောက်မှသာ တူးဖော်ကြကြောင်း ၊​နေရာအနှံအပြားစိုက်​ပျိုးကြ​သော်​လည်​းမင်​းတပ်​၊ ကန်​ပက်​လက်​၊ မတူပီတို့တွင်​ အထူးစိုက်​ပျိုး​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်​း သိရသည်။

ချင်​းပြည်​နယ်​တွင်​ သဘာဝအတိုင်းပေါက်ရောက်သည့် ရာသီသီးနှံပင် အမျိုးအစားဖြစ်သည့် ဝဥများသည်​ယခုအခါပြည်​တွင်​းပြည်ပ ဝယ်လက်များ ရောက်လာသကဲ့သို့ ပြည်တွင်းရှိစိုက်ပျိုးရေးကုမ္ပဏီများ အ​နေဖြင်​့စနစ်တကျ စိုက်​ပျိုးနိုင်​ရန်​ရက်တိုသင်တန်းများ ပို့ချလျက် စားသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအတွက်သာမက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ကော်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းများ အတွက်​ စက်မှုကုန်ကြမ်းပစ္စည်းအဖြစ် အထူးလိုအပ်လျက်​ရှိသည်​့ အတွက်​၊ယခုဘဏ္ဌာနှစ်​မှစ၍ ပြည်​ပ​ရောင်​းကုန်​အ​နေဖြင်​့စနစ်​တကျ
တိုးချဲ့စိုက်​ပျိုး​ကာ၊ဂျပန်နိုင်ငံသို့ တင်​ပို့​ရောင်​းချမည်​ဖြစ်​​ကြောင်​း
သိရသည်​။

မြတ်​ဟိန်​း​ကျော်​

Leave a Reply