တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕မ်ားထံသို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ႏွစ္သစ္ကူးသ၀ဏ္လႊာေပးပို႔

0
126

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၆ ၊၂၀၁၇

တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး NCAစာခ်ဳပ္ တြင္ လက္မွတ္ေရးထိုးထားသည့္အဖဲြ႕၈ဖြဲ႕အပါအ၀င္ လက္မွတ္ေရးထိုးရျခင္း မရွိေသးသည့္တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕မ်ားအားလံုးထံသို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ႏွစ္သစ္ကူးသ၀ဏ္လႊာေပးပို႔ခဲ့ေၾကာင္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး ဦးစီးဌာန ညႊန္ၾကားေရးမွဴးဦးေဇာ္ေဌးကေျပာသည္။

“တိုင္းရင္းသားအဖဲြ႕အစည္းေတြအကုန္လံုးကိုေပးပို႔ပါတယ္။ လက္မွတ္ေရးထိုးထားတဲ့ EAO အဖဲြ႕ေတြ UNFCနဲ႔ ေျမာက္ ပိုင္းအဖဲြ႕ေတြအကုန္လံုးကို ႏွစ္သစ္ဆုေတာင္းစကားေပးပို႔ ခဲ့ပါတယ္”ဟုဦးေဇာ္ေဌးကေျပာသည္။

အတိုင္ပင္ခံပုဂၢိဳလ္၏ႏွစ္သစ္ကူးသ၀ဏ္လႊာကို ဒီဇင္ဘာ ၂၂ရက္ေန႔ ရက္စဲြျဖင့္ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
သ၀ဏ္လႊာတြင္ “အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ၊ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေပးပို႔သည့္ ႏွစ္သစ္ကူး သ၀ဏ္လႊာ အား ခ်စ္ၾကည္ရင္းႏွီးစြာ ေပးပို႔အပ္ပါသည္။ ႏွစ္သစ္တြင္ေပ်ာ္ရႊင္ ခ်မ္းေျမ႕ပါေစ ေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ ပါသည္။”ဟုေဖာ္ျပ ပါရွိသည္။

အဆိုပါသ၀ဏ္လႊာႏွင့္ပတ္သတ္၍ကခ်င္ျပည္နယ္လြတ္ေျမာက္ေရးေကာင္စီ (KIC)ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္က သူ၏Facebook စာမ်က္ႏွာတြင္ “ႏွစ္သစ္မွ-တဲ့ ခရစၥမတ္ခ်ိန္ မပါဘူးထင္”ဟု မွတ္ခ်က္ျပဳေရးသားခဲ့သည္။

ကိုဥာဏ္

ဓာတ္ပံု – Myanmar State Counsellor Office

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ၊၂၀၁၇

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCAစာချုပ် တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့၈ဖွဲ့အပါအဝင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးထံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဌေးကပြောသည်။

“တိုင်းရင်းသားအဖွဲ့အစည်းတွေအကုန်လုံးကိုပေးပို့ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့တွေ UNFCနဲ့ မြောက် ပိုင်းအဖွဲ့တွေအကုန်လုံးကို နှစ်သစ်ဆုတောင်းစကားပေးပို့ ခဲ့ပါတယ်”ဟုဦးဇော်ဌေးကပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏နှစ်သစ်ကူးသဝဏ်လွှာကို ဒီဇင်ဘာ ၂၂ရက်နေ့ ရက်စွဲဖြင့်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သဝဏ်လွှာတွင် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သည့် နှစ်သစ်ကူး သဝဏ်လွှာ အား ချစ်ကြည်ရင်းနှီးစွာ ပေးပို့အပ်ပါသည်။ နှစ်သစ်တွင်ပျော်ရွှင် ချမ်းမြေ့ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ် ပါသည်။”ဟုဖော်ပြ ပါရှိသည်။

အဆိုပါသဝဏ်လွှာနှင့်ပတ်သတ်၍ကချင်ပြည်နယ်လွတ်မြောက်ရေးကောင်စီ (KIC)ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က သူ၏Facebook စာမျက်နှာတွင် “နှစ်သစ်မှ-တဲ့ ခရစ္စမတ်ချိန် မပါဘူးထင်”ဟု မှတ်ချက်ပြုရေးသားခဲ့သည်။

ကိုဉာဏ်

ဓာတ်ပုံ – Myanmar State Counsellor Office

Leave a Reply