အစိုးရဌာနများတွင် ပိုလျှံနေသည့်ရာထူးများ ဖျက်သိမ်းပေးရန်လို ဟု လွှတ်တော်ကိုယ်စားလှယ် ပြော

0
185

စက်တင်ဘာ ၎
ယဉ်ကေနွယ်

နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရဌာနများတွင် ပိုလျှံနေသည့် ရာထူးများအား ဖျက်သိမ်းပေးရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေ သကြီးမဲဆန္ဒနယ်အမှတ် ၅ မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်မှ ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်၂၀၁၈-၂၀၁၉ခုနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့၏မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ဆွေးနွေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အစိုးရဌာနတွေမှာ ပိုလျှံနေတဲ့ ရာထူးတွေဖောင်းပွနေတဲ့ ရာထူးတွေကိုလည်း ဖျက်သိမ်းပစ်ဖို့လိုပါတယ်။ ညွှန်ချုပ်တွေ၊ ဒုညွှန်ချုပ်တွေရှိနေပါလျှက်နဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ဒုတိယအမြဲတမ်းအတွင်းဝန်တွေအများကြီးခန့်ထားတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်”ဟု ဦးရဲထွဋ်ကပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံတော်၏ဘတ်ဂျက်လိုငွေ အားလျော့ချနိုင်ရန်အတွက် အလုပ်ဖြစ်သည်ဟု ၄င်း ကဆိုသည်။

အစိုးရသစ် တက်စတွင် ခြိုးခြံချွေတာသည့် အတိုင်း ၀န်ကြီးဌာန ၁၈ ခုသာထားရှိ၍ ဒုတိယ၀န်ကြီးများအားလည်း ခန့်အပ်မှုမရှိခြင်း၊ ၀န်ကြီးတစ်ဦးတွင်လည်း ကားလေးစီးမယူပဲ တစ်စီးသာယူမည်ဟု ပြောကြားသည့်အတွက် ပြည်သူများအနေဖြင့် အားရကျေ နပ်မှုရှိခဲ့ကြောင်း ဦးရဲထွဋ်ကထောက်ပြ ပြောဆိုသည်။

ထို့အတူ ဒီမိုကရေစီနိုင်ငံများတွင် အစိုးရပိုင်သတင်းစာများ မီဒီယာများမရှိသည့် အတွက် အစိုးရပိုင် မီဒီယာများအား ပုဂ္ဂလိကပိုင်အဖြစ်ပေးသင့်ကြောင်း၊ အစိုးရဌာနများ၏ဘတ်ဂျက် လိုငွေများအား လိုအပ်သလောက်သာ တောင်းခံကြရန်လိုအပ်ကြောင်း လည်း ဦးရဲထွဋ်ကပြောသည်။

၂၀၁၈-၂၀၁၉ တွင် ဘတ်ဂျက်လိုငွေသည် ကျပ်ဘီလီယံပေါင်း ၄၉၀၀ သန်းရှိရာ အစိုးရ အဆက်ဆက်ဝန်ကြီးဌာနများ၏ချေးယူထားသည့် ပြည်ပကြွေးမြီများသည် ဒေါ်လာ ၁၈ ဒသမ ၁၂၃ ဘီလီယံရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေအား နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှ အချိန်မရွေးပြိုကျပျက်စးနိုင်သည့် နိုင်ငံများ၏စာရင်းတွင် အဆင့် ၂၆ မှ ၂၂ သို့ မြှင့်တင်ပေးထားကြောင်းသိရသည်။

“ကျွန်တော်တို့ နိုင်ငံကို ၂၀၃၀ ပြည့်နှစ်မှာ ထိပ်တန်းစက် မှုနိုင်ငံကြီးဖြစ်အောင် ဆောက်မယ်လို့ ကြွေးကြော်နေမယ့်အစား လောလောဆယ်ပြည်တွေရဲ့ စားဝတ်နေရေးပြေလည်အောင် လုပ်ပေးဖို့လိုပါတယ်။အဲ့ဒီလိုလုပ်ပေးဖို့ အတွက် လောလောဆယ်မှာ အလုပ်မဖြစ်တဲ့မဟာစီမံကိန်းကြီးတွေ၊မြေအောက်လမ်းတွေ၊မြို့ထဲမိုးပျံလမ်းတွေ၊မြို့သစ်စီမံကိန်းကြီးတွေကို လုံးဝရပ်ဆိုင်းသင့်ရင်ရပ်ဆိုင်း(သို့) ယာယီရပ်ဆိုင်းပစ်တာမျိုးမဟုတ်ရင်လည်း ဖျက်သိမ်းဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။

ယခင်အစိုးရလက်ထက်က ကျန်ရှိနေသည့် သိန်းတစ်ထောင်တန် ကားများအား ခွဲဝေမယူကြပဲ လေလံတင်ရောင်းချပါက ဘတ်ဂျက် လိုငွေပြမှုအား တစ်စိတ်တစ်ပိုင်းအထောက် အကူဖြစ်စေ နိုင်မည်ဖြစ်ကြောင်း ဦးရဲထွဋ် က ထောက်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Leave a Reply