ဆိုင်ကယ်ခိုးယူသူကို စစ်ဆေးရာမှ ဆိုင်ကယ် (၂၄) စီးခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်

0
154

မန္တလေး၊ဒီဇင်ဘာ ၂၆၊၂၀၁၇

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈) မြို့မရဲစခန်းတွင် ဖမ်းစီးရမိထားသည့် ဆိုင်ကယ်ခိုးယူသူကို စစ်ဆေးရာမှ ယခင်က ဆိုင်ကယ် (၂၄) စီးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးအတွင်း သူရိန်လင်း(ခ)သူရိန်(ခ)သူရဝင်း (၁၉) နှစ် အား မသင်္ကာသည့်အတွက် စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်သော့ဖျက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ အပြင် ဆေးရုံ ဆိုင်ကယ်အပ်နှံဌာနတွင် အပ်နှံထားသည့် ခိုးရာပါ ကလစ်ဆိုင်ကယ်နှင့်အတူ တွေ့ရှိပြီး ခိုးမှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်သည် ။

“စခန်းမှာ စစ်ဆေးကြည့်တော့ အမှုနောက်ဆက်တွဲတွေပေါ်လာတယ် ။ စစ်ဆေးတာက နေ့စဉ်စစ်နေတယ် ။ ဆိုင်ကကယ်တစ်စီးချင်းအတွက် ခိုးမှုတွေနဲ့ထပ်ဖွင့်သွားမယ် ။ တခြားမြို့နယ်တွေမှာ ဖွင့်ထားတာတွေလည်း ရှိတယ် ။” ဟု အမှတ်(၈) မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဆိုင်ကယ်ခိုးသူအနေဖြင့် YAMAHA ၊ KTM ၊ Click နှင့် Schoopy စသည့် တန်ဖိုးမြင့် ဆိုင်ကယ်များကိုသာခိုးယူခြင်းဖြစ်ပြီး ဆိုင်ကယ်ပျောက်ဆုံး သူများအနေဖြင့် ရဲစခန်းတွင် လာရောက်စုံစမ်းနိုင်ကြောင်း အမှတ်(၈) မြို့မရဲစခန်း က သိရသည်။

နိုင်လင်းဦး

Leave a Reply