ဆွဲကြိုးခိုးသည်​ဟုစွပ်​စွဲကာ အိမ်​အကူအမျိုးသမီးအား​သေဆုံး​အောင်​ရိုက်​နက်​ခဲ့သည့်​ ဥပ​ဒေဝန်​ထမ်းအမျိုးသမီးအမှု၉ကြိမ်​​မြောက်​ ရုံးထုတ်​စစ်​​ဆေး

0
190

စက်​တင်​ဘာ ၆
သော်လင်းထက်

ဆွဲကြိုးခိုးသည်​ဟုစွပ်​စွဲကာ အိမ်​အကူအမျိုးသမီးအား​သေဆုံး​အောင်​ရိုက်​နက်​ခဲ့သည့်​ ဥပ​ဒေဝန်​ထမ်းအမျိုးသမီးအမှုကို ယ​နေ့နံနက်​ပိုင်းက ဂန်​ကုန်​​တောင်​ပိုင်းခရိုင်​တရားရုံးတွင်​ ၉ကြိမ်​​မြောက်​ရုံးထုတ်​​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ လိုပြသက်​​သေအမှတ်​စဉ်​ ၁၃ဖြစ်​သည့်​ ရာအိမ်​မှူး ဦးလှထွန်းကိုစစ်​​ဆေးခဲ့ပြီး လာမည့်​ စတင်​ဘာ၂၀ရက်​ကိုပြန်​လည်​ချိန်းဆိုခဲ့သည်​။

“ဒီ​နေ့က​တော့ရာအိမ်​မှူး ဦးလှထွန်းကိုစစ်​​တယ်​။သူကအစအဆုံးကိုမသိဘူး ​​ကရင်​မပိုလာပို့တာရယ်​ ကားအပြာ​လေးရယ်​ဘဲသိတယ်​။သူကိုလာ​ခေါ်တဲ့အချိန်​မျာ ကွင်းထဲကိုအ​ရေးကြီးသွားစရာရှိတယ်​ဆိုပြီးသွားလိုက်​တဲ့အတွက်​မသိလိုက်​ဖူး​ပေါ့”ဟုတရားလွှတ်​​တော်​​ရှေ့​နေ ​ဒေါ်စန်းစန်းမြင့်​က​ပြောသည်​။

ပဲခူးခရိုင်​ဥပ​ဒေရုံး၊အင်းတိုင်​သံချပ်​ကာတပ်​ရင်း၊အရာရှိရိပ်​သာ​နေအိမ်​တွင်​ အိမ်​​ဖော်​အဖြစ်​ လုပ်​​ကိုင်​​သော အသက်​ (၄၀)နှစ်​အရွယ်​ရှိ ​ဒေါ်ကရင်​မ(ခ)​ဒေါ်ခင်​စန္ဒာဦးအား အိမ်​ရှင်​ဖြစ်​သူ ပဲခူးခရိုင်​ဥပ​ဒေရုံးမှ ဒုဦးစီးမှူးအဆင့်​ရှိသူ ​ဒေါ်သိင်္ဂီစုမှ ​မေ ၁၉ရက်​က ​နေမ​ကောင်းဖြစ်​​မေသည်​ဟုဆိုကာ ၄င်း​နေထိုင်​ရာ တွံ​တေးမြို့နယ်​၊ခတိ​ကျေးရွာအုပ်​စု အုပ်​ဖို​ကျေးရွာသို့ ရပ်​မိရပ်​ဖများ​ခေါ်ပြီးငွေ၁၈၀၀၀၀​ပေးကာပို့​ဆောင်​​၍ပြန်​သွားခဲ့သည်​။

ယင်း​​နောက်​ ​ဒေါ်ကရင်​မမှ ​ဆေးရုံးပို့​ပေးရန်​​ပြောသဖြင့်​ မေးမြန်းရာ ၄င်းအားအိမ်ရှင်​အမျိုးသမီးမှ စွဲကြိုးခိုးသည်​ဟုစွပ်​စွဲကာ ​ခြေ​ထောင်​ဖြင့်​ကန်​ခြင်း၊​ကျောက်​ပြင်​နှင့်​ထုခြင်းများပြုလုပ်​ခဲ့​ကြောင်း​ပြောသဖြင့်​ကြည့်​ရှုရာ ဒဏ်​ရာများအား​တွေ့ရှိရသော​ကြောင့်​ ​ကျေးရွာရာအိမ်​မှူးမှ အုပ်​ချုပ်​​ရေးမှူးအားသွာ​ရောက်​အ​ကြောင်းကြားပြီးပြန်​လာစဉ်​တွင်​ ​ဒေါ်ကရင်​မ​သေဆုံးခဲ့သဖြင့်​ ​အုပ်​ဖို​ကျေးရွာရာအိမ်​မှူး ဦး​အေး​သောင်းမှ ခ​လောက်​​ချိုက်​နယ်​​မြေရဲစခန်းသို့်တိုင်​ကြားခဲ့ခြင်းဖြစ်​သည်​။

အဆိုပါအမှုနှင့်​ပတ်​သက်​၍ ပဲခူးခရိုင်​ဥပ​ဒေရုံးဒုဦးစီးမှူးအဆင့်​ရှိသူ ​ဒေါ်သိင်္ဂီစုအား တွံ​တေးမြို့နယ်​၊ခ​လောက်​ချိုက်​နယ်​​မြေရဲစခန်းမှ(ပ)၆၁/၂၀၁၈ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ဖြင့်​အမှုဖွင့်​​အ​ရေးယူထားသည်​။

အဆိုပါရုံးချိန်းသည်​ ​ယင်းအမှု၏ ၉ကြိမ်​​မြောက်​ရုံးချိန်းဖြစ်​ပြီး လာမည့်​စတင်​ဘာ ၂၀ရက်​​နေ့တွင်​ လိုပြစက်​​သေနှစ်​ဦးဆက်​လက်​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။

Leave a Reply